ဒေါ်လာ ၂၁၃ သန်

May 8, 2020

ဗင်နီဇွဲလားသမ္မတကို ဖြုတ်ချရန် အတိုက်အခံအဖွဲ့က ဒေါ်လာ ၂၁၃ သန်း ပေးခဲ့ဟုဆို

ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖြုတ်ချဖို့အတွက် အတိုက်အခံ အဖွဲ့ဝင်တွေဟာ ဖလော်ရီဒါ လုံခြုံရေး ကုမ္ပဏီတခုနဲ့ အမေရိကန်ဒေါ်လာ ၂၁၃ သန်း အပေးအယူ လုပ်ခဲ့တယ်လို့ မေလ ၇ ရက်ထုတ် ဝါရှင်တန်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ မစ်ရှင် ရည်ရွယ်ချက်ဟာ ထောက်လှမ်းရေးအဖွဲ့ Sebin နဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ DGCIM လိုမျိုး ပစ်မှတ်တွေကို ထိန်းချုပ်ပြီး မာဒူရိုကို ဖမ်းဆီးဖို့ ဖြစ်တယ်လို့ မေလ ၇ ရက် နိုင်ငံပိုင် မီဒီယာထုတ်လွှင့်ချက်အတွင်း ဖမ်းဆီးခံ အမေရိကန်နိုင်ငံသား အဲရန်ဘာရီက ပြောဆိုခဲ့ပါတယ်။  မအောင်မြင်တဲ့ အာဏာသိမ်းကြိုးပမ်းချက်နဲ့ ပတ်သက်လို့ ဗင်နီဇွဲလား အာဏာပိုင်တွေက ဒီသတင်းပတ်အတွင်း ဆေးဗားကော့ပ် Silvercorp USA လုံခြုံရေး ကုမ္ပဏီက အမေရိကန် ဝန်ထမ်းတွေ အပါအဝင် လူတစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။  ဒါဟာ ရုန်းကန်နေရတဲ့ မာဒူရို အစိုးရအဖို့ ပြည်သူ့ဆက်ဆံရေး အောင်ပွဲတခုလည်း ဖြစ်ပါတယ်။  ဝါရှင်တန်ပို့စ်က ဖော်ပြလိုက်တဲ့ အထောက်အထားဟာ သမ္မတ မာဒူရိုကို အင်အားသုံး ဖယ်ရှားဖို့  ကြိုးပမ်းမှု မရှိကြောင်း၊  Silvercorp  နဲ့ ပတ်သက်မှု မရှိပါဘူးဆိုပြိး  ငြင်းဆိုထားတဲ့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုအပေါ် ယုံကြည်မှု ထိခိုက်စေပါတယ်။   ဝါရှင်တန်ပို့စ် ဖော်ပြချက်နဲ့ ပတ်သက်လို့ ဂွယ်ဒိုရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က မှတ်ချက်ပြု ပြောတာ မရှိသေးဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။   
11 months Ago
Up