ဒေါ်လာ ၁၀ ဘီလီယံ

February 19, 2020

ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရန် အမေဇုန်စီအီးအို ဂျက်ဖ်ဘက်ဇော့စ်က ဒေါ်လာ ၁၀ ဘီလီယံ ထည့်ဝင်မည်   

ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ရာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ရန်ပုံငွေ ထည့်ဝင်သွားမယ်လို့ ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အမေဇုန် စီအီးအို ဂျက်ဖ်ဘက်ဇော့စ်က ကြေညာလိုက်ပါတယ်။  သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး ရာသီဥတုဆိုင်ရာ သက်ရောက်မှုကို တန်ပြန်ဆောင်ရွက်မယ့် သိပ္ပံပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တခြားအဖွဲ့အစည်းတွေကို အဲဒီရန်ပုံငွေ ထောက်ပံ့သွားမှာပါ။ ကမ္ဘာကြီး ပူနွေးလာမှု တိုက်ဖျက်ရေး ရန်ပုံငွေထည့်ဝင်မယ့် ဘီလီယံနာတွေထဲမှာ ဘက်ဇော့စ်က တဦး အပါအဝင် ဖြစ်ပါတယ်။  “ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ဟာ ကျနော်တို့ ကမ္ဘာကြီးအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။ အဲဒီအတွက် အားလုံး အတူနေထိုင်ရာ ဒီကမ္ဘာကြီးမှာ အဲဒီဖြစ်စဉ်ရဲ့ ဆိုးရွားတဲ့ အကျိုးဆက်ကို တိုက်ဖျက်ဖို့ သိပြီးသား နည်းလမ်းတွေကို တိုးမြှင့်ရှာဖွေသလို  နည်းလမ်းအသစ်တွေကိုလည်း စူးစမ်းရှာဖွေဖို့ တခြားလူတွေနဲ့ ကျနော် လက်တွဲ ဆောင်ရွက်ချင်ပါတယ်” လို့ ဘက်ဇော့စ်က အင်စတာဂရမ်စာမျက်နှာမှာ ရေးပါတယ်။  မကြာသေးခင်နှစ်တွေအတွင်း အမေရိကန် ဘီလီယံနာတွေအကြား ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကို တန်ပြန်ဆောင်ရွက်ရေးဟာ ရေးပန်းစားတဲ့ကိစ္စ ဖြစ်လာပါတယ်။ အဲဒီလို ဆောင်ရွက်သူတွေထဲမှာ မိုက်ခရိုဆော့ဖ် စီအီးအို ဘီလ်ဂိတ်၊ မိုက်ကယ်ဘလွန်းဘာ့ဂ်နဲ့ တွမ်စတိုင်ယာတို့ဟာ ကမ္ဘာ့အချမ်းသာဆုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအလှူရှင်တွေ ဖြစ်ပါတယ်။ 
1 year Ago
Up