ဒေါ်လာ ၁

A d v e r t i s e m e n t With Us

April 24, 2020

အိမ်တွင်းအကြမ်းဖက်မှုနှင့် COVID-19 တိုက်ဖျက်ရန် မင်းသမီး ချာလီဇ်သီယွန် ဒေါ်လာ ၁ သန်းလှူ

ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ ချာလီဇ် သီယွန်ဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ထက်ဝက်စီ အသုံးပြုဖို့ အမေရိကန် ဒေါ်လာတသန်း လှူဒါန်းလိုက်ပါတယ်။ အသက် ၄၄ နှစ်အရွယ် အော်စကာဆုရှင် မင်းသမီးဟာ Together For Her လှုပ် ရှားမှုနဲ့အတူ ကပ်ကာလမှာ ကမ္ဘာအနှံ့ အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက်ပါ ခုလိုလှူဒါန်းလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာတော့ မင်းသမီးက Together For Her ကမ် ပိန်းနဲ့အတူ လှူဒါန်းရခြင်းအကြောင်းကို ခုလိုရေးသားဖော်ပြထားတာပါ။ “မျှော်လင့်မထားတဲ့ ခုလို ကမ္ဘာ့ကပ်ရေးဂါဆိုးကာလကြီးအတွင်းမှာ ကျမတို့ အားလုံးဟာ နေ အိမ်တွေထဲမှာ နေထိုင်နိုင်ဖို့ ကျမတို့အိမ်တွေက ဘေးမကင်းဘူးဆိုရင် နေနိုင်ကြပါ့မလား။ သန်း ပေါင်းများစွာသော အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် အိမ်တွင်းအကြမ်းဖက်မှုတွေ ကျူး လွန်ကြမယ့်သူတွေနဲ့ အတူရှိနေကြရမယ့် အိမ်ဟာ တကယ့်ကို အန္တရာယ်ပါပဲ။ ဒါကြောင့်မို့ ကျမ အနေနဲ့ ဒီကမ်ပိန်းမှာ ပါဝင်ခဲ့ရတာပါပဲ” ချာလီဇ် သီယွန်ဟာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ ကူညီတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ပါဘူး။ တောင်အာဖရိကဖွား အမေရိကန်သရုပ်ဆောင်မင်းသမီးဟာ ငယ်ဘဝမှာ ဖခင်ဖြစ် သူရဲ့ အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရတဲ့ မိခင်ဖြစ်သူအကြောင်းကိုလည်း အမြဲထုတ်ဖော် ပြောတတ်သူပါ။ သူဟာ ၂၀၀၈ ခုနှစ်ကတည်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေးသံတမန်တယောက်အ နေနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေမှာပါ တက်တက်ကြွကြွ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲ မင်းသမီးဟာ ပြီးခဲ့တဲ့နှစ်က ရုံတင်ပြသခဲ့တဲ့ Bombshell ရုပ်ရှင်ကားနဲ့ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆု တွေအပါအဝင် ဆုတွေအတော်များများမှာ ဆန်ကာတင်စာရင်းဝင်ခဲ့တာပါ။ ဒီရုပ်ရှင်ကတော့ နာမည်ကျော် Fox News ရုပ်သံသတင်းဌာနရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည့် အမျိုးသမီးတွေရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာပါ။  Fox News ကို ထူထောင်ခဲ့သူ Roger Ailes က လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ အမျိုးသမီးတွေအကြောင်း အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကား ထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ Charlize Theron ၊ Nicole Kidman ၊ Margot Robbie တို့က ခေါင်းဆောင်ပါဝင်ပြီး ချာလီဇ်သီယွန်ကတော့ ပင်တိုင်သတင်း တင်ဆက်သူ Megyn Kelly အဖြစ် သရုပ် ဆောင်ထားပါတယ်။
10 months Ago
Up