ဒေါ်လာ သန်း ၁၀၀

A d v e r t i s e m e n t With Us

June 11, 2020

ဒစ္စနေးရုပ်ရှင် ၃ ကားတွင် ပါဝင်ရန် ဘီယွန်းစေးကို ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ညှိနှိုင်း 

နောင်လာမယ့် ဒစ္စနေးရုပ်ရှင်ကား ၃ ကားမှာ ပါဝင်ဖို့အတွက် နာမည်ကြီးအဆိုတော် ဘီယွန်းစေးကို အမေရိကန်‌ဒါ်လာသန်း ၁၀၀(ပေါင်သန်း ၈၀ ကျော်)နဲ့ ညှိနှိုင်းသ ဘောတူညီမှုရဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အသက် ၃၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘီယွန်းစေးဟာ ဒစ္စနေးရုပ်ရှင်ကား တကား ဖြစ်တဲ့ ၂၀၁၉ ခုနှစ်ထွက် The Lion King ရုပ်ရှင်ကားမှာလည်း အတူလက်တွဲ လုပ်ဆောင်ခဲ့ပြီး အဓိကဇာတ်ကောင် Nala ဆိုတဲ့ ခြင်္သေ့မလေး နေရာမှာ အသံနဲ့ ပါဝင် သရုပ်ဆောင်ထားတာပါ။ အဲဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီးတွေ အများကြီး က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြပြီး တောဘုရင်အရိုက်အရာ ဆက်ခံမယ့် ခြင်္သေ့ မင်းသားလေး Simba နေရာမှာ သရုပ်ဆောင်မင်းသား Donald Glover က ခေါင်း ဆောင်ပါဝင်ထားပြီး Simba ရဲ့ဖခင် တောဘုရင်ကြီး Mufasa နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား James Earl Jones က ပါဝင်ထားပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ နဲ့ ၂၆၀ ကြား အကုန်အကျခံ ရိုက်ကူး ထားတဲ့ အဲဒီရုပ်ရှင်ဟာ Box Office မှာတော့ ရုံတင်ဝင်ငွေ ၁ ဒဿမ ၆ ဘီလျံကျော် ရရှိခဲ့ ပြီး အောင်မြင်တဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။ ဗြိတိန်အခြေစိုက် သည်ဆန်းသတင်းတပုဒ်မှာတော့ ဘီယွန်းစေးဟာ နောက်ထွက် မယ့် ဒစ္စနေးရုပ်ရှင် Black Panther 2 ရဲ့ ဇာတ်ဝင်သီချင်းသီဆိုမှုအပါအဝင် နောက်ထပ် ရုပ်ရှင်ကား ၂ ကားမှာပါ တွဲဖက်လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဖော်ပြထားတာပါ။ ခိုင်လုံတဲ့ ရင်းမြစ်တခုကတော့ ဘီယွန်းစေးဟာ ဒစ္စနေးနဲ့ လက်တွဲလုပ်ဆောင်မယ့် အဓိက အနုပညာရှင်တယောက်ဖြစ်လာခဲ့ပြီး သူတို့အတွက် အကောင်းဆုံးနဲ့ အသင့်တော် ဆုံး တွဲဖက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေဆဲဖြစ်ပြီး အသေးစိတ်အ ချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
9 months Ago
Up