ဒေါ်နယ်ထရမ့်

A d v e r t i s e m e n t With Us

January 26, 2021

ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်မှု အမြန်လုပ်ဆောင်မည်

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အထက်လွှတ်တော်မှာ စွပ်စွဲပြစ်တင် စစ်ဆေးတာဟာ မျှတမှာ ဖြစ်ပေမဲ့ အမြန်ဆောင်ရွက်ရမယ်လို့ အထက်လွှတ်တော် ခေါင်းဆောင် ချပ်ခ်ရှူးမားက ပြောလိုက်ပါတယ်။

ဒီမိုကရက်ပါတီဝင်လည်း ဖြစ်တဲ့ ရှူးမားက “ဒီလုပ်ရပ်အတွက် အချိန်အများကြီး မယူသင့်ဘူး။ ကျနော်တို့မှာ တခြားလုပ်စရာတွေ အများကြီး ရှိသေးတယ်”လို့  နယူးယောက်မြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထရမ့်ကို စွပ်စွဲပြစ်တင်တဲ့ တရားစီရင်ရေးကို အချိန် ၂ ပတ်အတွင်း အပြီးလုပ်ဖို့ ရှူးမားက ဇန်နဝါရီ ၂၃ ရက်မှာ သဘောတူထားပါတယ်။

ဒါဟာ ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ တရားရေးလုပ်ငန်းစဉ်တွေကို အာရုံစိုက်ရေး အချိန်ပိုပေးဖို့နဲ့ အစိုးရအဖွဲ့ဝင်အဖြစ် နာမည်စာရင်းသွင်းဖို့ပါ။

ဒီမိုကရက်ပါတီဝင်တွေ အများစုရှိလို့ ထိန်းချုပ်ထားနိုင်တဲ့ အောက်လွှတ်တော်ဟာ ထရမ့်ကို ဒီလ အစောပိုင်းက အောက်လွှတ်တော် အဆောက်အအုံကို စီးနင်းဖို့ သွေးထိုးလှုံ့ဆော်မှုနဲ့ စွပ်စွဲ ပြစ်တင်ခဲ့ပြီးပါပြီ။ 

အထက်လွှတ်တော်က စွပ်စွဲပြစ်တင်မယ့် လုပ်ငန်းစဉ်က ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မယ်လို့ ရှူးမားက ပြောပါတယ်။

1 month Ago

January 19, 2021

အမေရိကန်သမ္မတကတော် မယ်လင်နီယာ နှုတ်ဆက်စကားပြော

အမေရိကန်သမ္မတကတော် မယ်လင်နီယာရဲ့ နှုတ်ဆက်စကားအဖြစ် အမေရိကန် ပြည်သူတွေကို သူ့ရဲ့ ‘Be Best’ လှုပ်ရှားမှုကို လိုက်နာဖို့ တိုက်တွန်းလိုက်ပြီး ‘အကြမ်းဖက်မှုဟာ အဖြေမဟုတ်ဘူး’လို့ ပြောဆိုပါတယ်။ ‘Be Best’ ဟာ လူငယ်တွေရဲ့ ကြီးပွားတိုးတက်မှုကို အလေးထားပြီး ဆိုက်ဘာ အနိုင်ကျင့်မှုနဲ့ မူးယစ်ဆေးသုံးစွဲမှုကို ဆန့်ကျင်တဲ့ သမ္မတကတော် မယ်လင်နီယာရဲ့  အသိပညာပေး လှုပ်ရှားမှု ဖြစ်ပါတယ်။ နောက်ပြီး ‘Be Best’ ဟာ သမ္မတကတော်တစ်ဦးအနေနဲ့ မယ်လင်နီယာရဲ့ ထင်ရှားတဲ့ ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။  သမ္မတကတော် မယ်လင်နီယာဟာ သမ္မတကတော်လောင်း ဂျေဘိုင်ဒင်ကို အစဉ်အလာ ဖြစ်တဲ့ အိမ်ဖြူတော်ကို ဖိတ်ခေါ်ပြီး လိုက်လံပြသတာမျိုး မလုပ်ဘူးလို့လည်း သိရပါတယ်။  ဇန်နဝါရီ ၂၀ ရက်မှာ ပြုလုပ်မယ့် ဂျိုးဘိုင်ဒင်ရဲ့ ရာထူးလက်ခံပွဲကို သမ္မတကတော် မယ်လင်နီယာရော သမ္မတထရမ့်ပါ တက်ရောက်မှာ မဟုတ်ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 months Ago
More News
Up