ဒေါ်နယ်ထရမ့်ထောက်ခံပွဲ

September 18, 2021

ဒေါ်နယ်ထရမ့်ထောက်ခံပွဲ အကြမ်းဖက်မှုမဖြစ်စေရေး လုံခြုံရေးအင်အား ၁၀၀ စီစဉ်ထား

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ အမေရိကန်လွှတ်တော်အဆောက်အအုံရှေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စနေနေ့လူထုစုဝေးပွဲမှာ အကြမ်းဖက်ခြိမ်းခြောက်မှုဖြစ်နေခြေကို ရဲတပ်ဖွဲ့က သတိပေးထားပြီး အမျိုးသားအစောင့်တပ်ဖွဲ့ကလည်း အကူအညီပေးနိုင်ဖို့ အင်အား ၁၀၀ ကို အသင့်စီစဉ်ထားပါတယ်။

ဇန်နဝါရီ ၆ ရက် အဓိကရုဏ်းအတွင်း လွှတ်တော်အဆောက်အအုံ ကျိုးပေါက်သွားခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ရွေးကောက်ပွဲအောင်နိုင်မှု တရားဝင်အသိအမှတ်ပြုပွဲကို ထရမ့်ကို ထောက်ခံသူတွေက တားဆီးဖို့ ကြိုးစားပြီးနောက်မှာ လွှတ်တော်ကို ၀င်ရောက်စီးနင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ အယောက် ၆၀၀ လောက်ကို အားပေးထောက်ခံတဲ့အနေနဲ့ ရာနဲ့ချီတဲ့ လက်ယာစွန်းဆန္ဒပြသူတွေဟာ ဝါရှင်တန်မှာ “Justice For J6” လူထုစုဝေးပွဲလုပ်ဖို့ စီစဉ်နေကြတာပါ။

စနေနေ့ ဆန္ဒပြပွဲနဲ့ဆက်နွှယ်နေတဲ့ အကြမ်းဖက်မှု ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ အမေရိကန် လွှတ်တော် ရဲချုပ် ဂျေသောမတ်စ်မန်ဂျာက စက်တင်ဘာ ၁၇ ရက်မှာ သတင်းထောက်တွေကို ပြောထားပါတယ်။

ငြိမ်းချမ်းတဲ့အခြေအနေတရပ်ကို ထိန်းသိမ်းဖို့ ရဲဌာနက ခိုင်မာတဲ့အစီအစဉ်တခုလည်း ချထားပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

ထရမ့်ကို ထောက်ခံသူတွေနဲ့ တန်ပြန်ဆန္ဒပြသူတွေကြားက ထိပ်တိုက်တွေ့မှုအတွက်လည်း ရဲတွေက ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။  ဒီဆန္ဒပြပွဲကို တန်ပြန်ဆန္ဒပြကြမယ့်သူတွေကြားမှာ အကြမ်းဖက်မှုဖြစ်နိုင်ခြေ အလားအလာ အများဆုံးရှိတာကြောင့် စိတ်ပူမိတယ်လို့လည်း  ရဲချုပ် Manger က ပြောပါတယ်။ 

ဇန်နဝါရီ ၆ ရက်တုန်းက ရဲတွေကို တိုက်ခိုက်ခဲ့တဲ့ ဆန္ဒပြသူတွေဟာ ပြတင်းပေါက်တွေကို ချိုးဖျက်ပြီး လွှတ်တော်အဆောက်အအုံထဲ တွယ်တက် ဝင်ရောက်ခဲ့လို့ လွှတ်တော်အမတ်တွေနဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ကို ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ရပါတယ်။ 

2 years Ago
Up