ဒေါ့မန်

October 27, 2019

ဘွန်ဒတ်စ်လီဂါတွင် ရှောကဲနှင့် ဒေါ့မန် ဂိုးမရှိ သရေကျ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာပဲ ရှောကဲနဲ့ ဒေါ့မွန်တို့ ဂိုးမရှိ သရေကျသွားပါတယ်။  ဒီပွဲမှာ နှစ်သင်းစလုံး ခြေစွမ်းသိပ်မကွာလို့ အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ ရှောကဲ တိုက်စစ်မှူးတွေရဲ့ ကန်သွင်းချက်တွေ ဂိုးတိုင်ထိနေလို့ ဦးဆောင်ဂိုးတွေနဲ့ လွဲနေရပါတယ်။  ဧည့်သည် ဒေါ့မွန်ကတော့ ဒုတိယပိုင်းမှာ ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ ဒေါ့မွန်ဟာ ဘွန်ဒတ်စ်လီဂါမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရပြီး နောက်ကစားတဲ့ ၅ ပွဲမှာ ၁ပွဲပဲ အနိုင်ရထားပါတယ်။  ဒီပွဲ သရေကျလို့ ဒေါ့မွန်က ၁၆ မှတ်နဲ့ အဆင့် ၃၊ ရှောကဲက ၁၅ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
2 years Ago
Up