ဒေါပုံမြို့နယ်

A d v e r t i s e m e n t With Us

October 27, 2020

ဒေါပုံမြို့နယ်တွင် အန်အယ်လ်ဒီ ဝန်းရံထောက်ခံသူများ လှည့်လည် (ဓာတ်ပုံ)  

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝန်းရံ ထောက်ခံသူတွေက ရပ်ကွက်တွေထဲ လူအင်အား ၃၀၀ ကျော်နဲ့  လှည့်လည် အင်အားပြခဲ့ကြပါတယ်။   
3 months Ago

September 2, 2020

ဒေါပုံမြို့နယ်က ကိုဗစ်လူနာ ၂ ဦးအနက် ၁ ဦးက ဘုန်းကြီးကျောင်းတွင် နေထိုင်သူဖြစ်

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီမနက်ထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ ရန်ကုန်က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၂ ယောက်ထဲမှာ ဒေါပုံမြို့နယ်က နှစ်ယောက်ပါပြီး  ဒီအထဲက တစ်ယောက်ဟာ ဘုန်းကြီးကျောင်းမှာ နေထိုင်သူဖြစ်တယ်လို့ ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ဒီဗွီဘီကို ပြောပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်၊ သဇင်နွယ်လမ်းကဖြစ်ပြီး  တစ်ယောက်က ကန်သာယာကျောင်းတိုက်မှာ နေထိုင်တာဖြစ်ကာ သူနဲ့ ထိတွေ့သူတွေကို ဆက်လက် စစ်ဆေးနေကြောင်း၊ နောက်တစ်ယောက်ကတော့ သဇင်နွယ်လမ်းကပဲဖြစ်ပြီး သူနဲ့ ပတ်သက်ပြီးလည်း ဒီမနက် ၉ နာရီခွဲအထိ စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ ဒေါပုံက ပိုးတွေ့လူနာ နှစ်ယောက်ထဲက တစ်ယောက်က စောင့်ကြည့်လူနာအဖြစ် ဆေးရုံတက်ပြရာက ရောဂါပိုးတွေ့ခဲ့တာဖြစ်ပြီး နောက် တစ်ယောက်က Fever Clinic မှာ ပြသရာက ရောဂါပိုး တွေ့ခဲ့တာဖြစ်ကြောင်းနဲ့ သူတို့ နှစ်ယောက်လုံးက ရောဂါဘယ်က ကူးမှန်းမသိသေးပါဘူး။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းက ၁၂ ယောက်အပါအဝင် ကိုဗစ်-၁၉  အတည်ပြုလူနာသစ် ၁၉  ယောက်ထပ်တွေ့ထားတယ်လို့ သိရပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နဲ့ ဆေးသုတေသနဦးစီးဌာန (DMR)တို့က ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၆၈၈ ခု ကို စစ်ဆေးပြီးစီးချိန် လူနာသစ်တွေထပ်တွေ့ခဲ့တာဖြစ်ပါတယ်။  ရန်ကုန်တိုင်းမှာတော့ တာမွေက ၃ ယောက်၊ ဒေါပုံက ၂ ယောက်၊ ကြည့်မြင်တိုင်၊ မင်္ဂလာတောင်ညွှန့်၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ သန်လျင်၊ မှော်ဘီ၊ အင်းစိန်စတဲ့မြို့နယ်တွေက ၁ ယောက်စီ၊ ကချင်ပြည်နယ် မြစ်ကြီးနားက ၂ ယောက်၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးက ၂ ယောက်၊ မန္တလေးတိုင်း ချမ်းမြသာစည်က ၁ ယောက်၊ တနင်္သာရီတိုင်း ရေဖြူက ၁ ယောက်၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးက ၁ ယောက် စုစုပေါင်း ၁၉  ယောက်တွေ့ရှိခဲ့တာပါ။ ဒီနေ့မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၉၃၈ ယောက်ရှိပြီ ဖြစ်ပါတယ်။
5 months Ago
Up