ဒေါက်တာသက်ဌေး

August 13, 2021

ရိုက်နှက်ဖမ်းဆီးခံရသည့် ဒေါက်တာကျော်ကျော်သက်နှင့်ဒေါက်တာသက်ဌေးတို့ကို တစ်ပတ်ကြာ အထိ မိသားစု တွေ့ခွင့်မရ

စစ်ကောင်စီတပ်တွေ မတရားရိုက်နှက်ဖမ်းဆီးခံရတဲ့ ဒေါက်တာကျော်ကျော်သက် နဲ့ ဒေါက်တာသက်ဌေးတို့ကို တစ်ပတ်ပြည့်တဲ့အထိ မိသားစုဝင်တွေ အဆက်အသွယ်မရသေးဘူးလို့ ကျန်းမာရေး မိသားစု - မန္တလေး ကနေ သိရပါတယ်။

ဒေါက်တာ ကျော်ကျော်သက်ဟာ ဇူလိုင် ၁၃ ရက် ညအချိန်မတော်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ မတရားရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာနဲ့ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးပါဘူး။

ဒေါက်တာသက်ဌေးကတော့ ဆေးရုံတစ်ခုက လူနာတစ်ဦးကို သွားရောက်ကြည့်ရှုကုသမှုပေးပြီး အိမ်အပြန်လမ်းမှာ အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၁၆ ရက်နေ့မှာ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။

နှစ်ဦးလုံ‌ေ ဖမ်းဆီးခံရချိန်မှာ ရိုက်နှက်ဖမ်းဆီးခံရတာဖြစ်တဲအတွက် ကျန်းမာရေးအခြေအနေအတွက် စိုးရိမ်စရာ ကောင်းတဲ့ အနေအထားဖြစ်တဲ့အပြင် တရားဥပဒေအရ ရှေ့နေရှေ့ရပ်ငှားရမ်းခွင့်တွေလည်း ဒီနေ့အချိန်ထိ မရရှိသေးလို့ ကျန်းမာရေး မိသားစု - မန္တလေးက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာကျော်ကျော်သက်ဟာ ဆေးတက္ကသိုလ် (မန္တလေး) ရဲ့ ထူးချွန်ကျောင်းသား တစ်ဦးဖြစ်ခဲ့ပြီး ပရဟိတ လုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေနဲ့ ပညာဒါန လုပ်ငန်းတွေမှာ အားတက်သရောပါဝင်ခဲ့သူဖြစ်တယ်လို့ ဆရာဝန်အသိုင်းအဝိုင်းက ပြောတယ်။

ဒါ့အပြင် ဒေါက်တာ ကျော်ကျော်သက်ဟာ ကိုဗစ်-၁၉ လူနာတွေက် Online ကနေ ကုသပေးနေပြီး ကျောင်းသား/ကျောင်းသူတွေနဲ့တွဲကာ မြေပြင်မှာပါ အတတ်နိုင်ဆုံး ကုသပေးဖို့ ပြင်ဆင်နေတဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာသက်ဌေးဟာ ဆိုရင်လည်း လူနာများကို ပြုစုကုသမှုအတွက် ကြိုးစားခဲ့ရုံမက အရေးတော်ပုံကာလအတွင်း ဆေးနဲ့ နှီးနွှယ် ကျောင်းသား ကျောင်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက်လည်း တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ပြီး အချိန်ရရင် ရသလို အနီးအနားက တပည့်များကို စာသင်ပေးသလို online ကနေ lecture များ စဉ်ဆက်မပြတ် ပို့ချပေးသူဖြစ်ပါတယ်။

4 months Ago
Up