ဒေါက်တာမြတ်ထွန်းလင်း

May 11, 2020

မောင်တောဆေးရုံတွင် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည့် ဒေါက်တာမြတ်ထွန်းလင်း၏ ဈာပနကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှာ နှလုံးရောဂါကြောင့် ရုတ်တရက် ကွယ်လွန်သွားတဲ့ ဒေါက်တာမြတ်ထွန်းလင်းရဲ့ ဈာပနကို ဒီနေ့ နေ့လယ် မောင်တောသုသာန်မှာ ကျင်းပခဲ့ပါတယ်။ မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက "သူမိသားစုဝင်တွေ ဖြစ်တဲ့ သူအမျိုးသမီး၊ သူ့အဖေနဲ့ ညီတို့ ရန်ကုန်ကလိုက်လာကြပါတယ်။ ဒီနေ့ မောင်သုဿန်မှာ မီးသဂြိုဟ်လိုက်ပါတယ်" လို့ ပြောပါတယ်။ မေ့ဆေးဆရာဝန် ဒေါက်တာမြတ်ထွန်းလင်း (၄၂) နှစ်ဟာ မေ ၉ ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ အချိန်လောက်က နှလုံးရောဂါကြောင့် မောင်တောဆေးရုံမှာ ရုတ်တရက် ကွယ်လွန်သွားတာပါ။ သူဟာ မောင်တောပြည်သူ့ဆေးရုံမှာ ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး လူမျိုး၊ ဘာသာမခွဲခြားဘဲ ဆက်ဆံတတ်တာတာကြောင့် လူတိုင်း ချစ်ခင်လေးစာကြတယ်လို့ မောင်တောမြို့ဒေသခံများက ပြောဆိုကြပါတယ်။ "သူကို ကျနော်တို့ ဆရာဝန်လို့တောင် မထင်ခဲ့ဘူးဗျ။ ဘာဂုဏ်ပကာသဏမှ မရှိဘူး။ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ လူမျိုးဘာသာမခွဲးခြားဘူး။ ဒီလိုဆရာဝန်တစ်ဦး ရုတ်တရက်သေဆုံး သွားတာ မောင်တောမြို့အတွက် အလွန်နှစ်နာဆုံးရှုံးမှု တခုဖြစ်ပါတယ်။" လို့ အသုဘလိုက်ပါ ပို့ဆောင်သူတဦးက ပြောပါတယ်။ ဈာပနခမ်းအနားမှာ ဌာနဆိုင်ရာတွေက လွမ်းသူပန်းခွေအသီးသီးချပေးခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံတွေ လိုက်ခံလံပို့ဆောင်ခဲ့ကြပါတယ်။ မေ့ဆေးဆရာဝန် ဒေါက်တာမြတ်ထွန်းလင်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ကဖြစ်ပါတယ်။ မောင်တောဆေးရုံမှာ ဆရာဝန်လုံလောက်မှုမရှိတာကြောင့် ဆေးရုံမှဆရာဝန်/ ဆရာမတွေဟာ ၂၄ နာရီ အလုပ်လုပ်နေကြရတာကြောင့် အခုလို ကျန်းမာရေးထိခိုက်ကာ သေဆုံးခဲ့တာလို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းလှစိန်က ပြောဆိုထားပါတယ်။ လင်းလက်
11 months Ago
Up