ဒေါက်တာမြင့်နိုင်

February 8, 2021

စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြန်လည်ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို ဖေဖော်ဝါရီ ၈ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က ပြန်လည်ဖမ်းဆီးသွားပါတယ်။

၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ဒီနေ့မနက်က လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြည်သူကို မိန့်ခွန်းပြောခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့  သိရပါတယ်။ 

လတ်တလောမှာ ဝန်ကြီးချုပ်ရဲ့ ဇနီးနဲ့ ယာဉ်မောင်းတို့ကိုတော့ နေအိမ်အကျယ်ချုပ် ထားကာ ဆက်သွယ်ရေးပစ္စည်းအားလုံးကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ပါတီအတွင်းရေးမှူးတို့လည်း ဖမ်းဆီးခံထားရပါတယ်။

အောင်ကိုလတ်

10 months Ago

February 2, 2021

ပြန်လွတ်လာသည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် DVB မေးမြန်းချက် (ရုပ်သံ)

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ တစ်ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင်တွေ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။

အလားတူ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တချို့၊ နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်း၊ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ ပါတီအတွင်းရေးမှူး ဦးမြင့်ကြည်တို့လည်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

လတ်တလောမှာတော့ အစိုးရဝင်းအတွင်းရှိ နေအိမ်တွေမှာပဲ နေထိုင်နေရဆဲဖြစ်ပြီး တခြားဝန်ကြီးတွေနဲ့  တွေ့ခွင့်မရသေးဘူးလို့ဆိုပါတယ်။ ၃ ရက်အတွင်း ထွက်ခွာပေးရမှာဖြစ်လို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။

ဖမ်းဆီးခံရစဉ် အခြေအနေတွေ၊ နောက်ဆက်တွဲလုပ်ကိုင်ဆောင်ရွက်မယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

10 months Ago
More News
Up