ဒေါက်တာတင်တင်ထွေး

March 3, 2021

NMDC ကျောင်းအုပ်ကြီးကို ကျောင်းသားသမဂ္ဂက ပြင်းထန်စွာရှုတ်ချ

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) ကျောင်းအုပ်ကြီး ဒေါက်တာတင်‌တင်ထွေးရဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ အမိန့်အရ လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း NMDC ကျောင်းသားသမဂ္ဂက မတ် ၂ ရက်မှာ ကြေညာပါတယ်။

မတ်လ ၁ ရက်က ရန်ကုန်တိုင်း၊ စီမံအုပ်ချုပ်ရေးကောင်စီကခေါ်ယူတဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကို ကျောင်းအုပ်ကြီး ဒေါက်တာတင်တင်ထွေးက တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် CDM လုပ်နေတဲ့ ဆရာ/မတွေရဲ့ အချက်အလက်တွေကိုလည်း ကောက်ယူနေတဲ့အတွက် စစ်တပ်အားပေးလုပ်ဆောင်ချက်တွေအပေါ်  ပြင်းထန်စွာရှုတ်ချလိုက်တာပါ။

သမဂ္ဂရဲ့တာဝန်ရှိသူအပြင် ကျောင်းသားတစ်ယောက်အနေနဲ့ အာဏာသိမ်း အကြမ်းဖက်အုပ်စုရဲ့ အမိန့်တွေမနာခံဘဲ ကျောင်းသားတွေနဲ့ ဆရာ/မတွေ CDM လုပ်နေချိန်မှာ အခုလိုဆောင်ရွက်နေတာတွေက အာဏာရှင်ကို လက်ခံကြောင်း ပြသလိုဖြစ်နေတယ်လို့ ကျောင်းသားသမဂ္ဂရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကျောင်းနဲ့အတူ မရပ်တည်နိုင်တဲ့ ကျောင်းအုပ်ကြီးနဲ့ CDM မပါဝင်တဲ့ ကျောင်းသား/သူတွေ၊ ဆရာ/မတွေကို Social Punishment  လုပ်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်က ကျောင်းသား/သူ အားလုံးနီးပါးဟာ စစ်အာဏာရှင်လက်အောက်မှာ ပညာသင်ယူမှာမဟုတ်ကြောင်း သပိတ်မှောက်ထားပြီး CDM လှုပ်ရှားမှုမှာ ဆရာ ဆရာမ ၈၀ ရာခိုင်နှုန်းလောက်ပါဝင်ပါတယ်။

9 months Ago
Up