ဒေါက်တာဆာဆာ့

March 20, 2021

ပြည်တွင်းစစ်ဖြစ်နိုင်ဟု ဒေါက်တာဆာဆာပြော

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နိုင်တယ်လို့ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက   ဂျပန်အခြေစိုက် NHK နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ဒေသတချို့မှာ စစ်အုပ်ချုပ်ရေးဥပဒေကိုပြဋ္ဌာန်းကာ အာဏာသိမ်းစစ်အုပ်စုက ဆန္ဒပြသူတွေအပေါ် ပိုမိုပြင်းထန်စွာ ပစ်ခတ်နှိမ်နင်းသတ်ဖြတ်လာတဲ့အတွက် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တဲ့ အင်အားစုတွေက ဆန့်ကျင်ကာကွယ်ရင်း ပြည်တွင်းစစ် အကျပ်အတည်း ဖြစ်လာနိုင်တာကြောင့်  ဂျပန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက အာဏာသိမ်းစစ်အုပ်စုကို ပိုမို ဖိအားပေးဖို့ လိုအပ်ကြောင်းလည်း ဒေါက်တာဆာဆာက တိုက်တွန်းပြောဆိုထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ တရားမဝင်အာဏာသိမ်းစစ်အုပ်စုကို ဘုံရန်သူအဖြစ် သတ်မှတ်တဲ့အတွက် အားလုံးတစုတစည်း တည်း ပေါင်းစည်းသွားနိုင်တယ်လို့ အင်တာဗျူးမှာ  ဖြေကြားသွားပါတယ်။

2 years Ago

March 4, 2021

နွေဦးတော်လှန်ရေး GZ မျိုးဆက်သစ်များသို့ ဒေါက်တာဆာဆာ့ထံမှ စာတစ်စောင်

လတ်တလော မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါ ဝင်လှုပ်ရှားနေကြတဲ့ GenerationZ ဂျန်ဇီ-မျိုးဆက်သစ်တွေအတွက် ဒေါက်တာဆာဆာက စာတစောင် ထုတ်ပြန်ထားပါတယ်။

“ချစ်ရတဲ့ မြန်မာ့သူရဲကောင်းတွေနဲ့ ရဲဘော်ရဲဘက်တို့ခင်ဗျား။ ကျနော် ခင်ဗျားတို့ ဆီက စာတွေ၊ အစီရင်ခံစာတွေကို လက်ခံရရှိထားပြီး ဖြစ်ပါတယ်။ ဒါတွေကို ကမ္ဘာအနှံ့ ခေါင်းဆောင်တွေဆီ ပို့ဆောင်ပေးနိုင်ဖို့က ကျနော့်တာဝန်ပါ။ ကျနော်က ခင်ဗျားတို့ရဲ့ အသံပါ၊ ကျနော်က နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ခင်ဗျားတို့ကိုယ်စား ဆောင်ရွက်ပေးသွားမှာပါ၊ အဆုံးထိ ခင်ဗျားတို့နဲ့အတူ ရှိနေမယ်လို့လည်း ကျနော်ကတိပေးပါတယ်”

ကာလရှည်ကြာ ရင်ဆိုင်တိုက်ပွဲဝင်နေကြသူတွေနဲ့အတူ လွတ်မြောက်ရေးအတွက် သူကိုယ်တိုင်လည်း အသက်ပေးပါဝင်မှာဖြစ်ပြီး အကြမ်းဖက်အုပ်စုတွေအတွက် သူတို့ရဲ့ လုပ်ဆောင်ခဲ့မှုတွေအတိုင်း ပြစ်ဒဏ်ကလွတ်စေမှာမဟုတ်ပဲ တရားဥပဒေအတိုင်း ခံစားရ စေမယ်လို့လည်း သူက ပြောထားပါတယ်။

ချင်းတိုင်းရင်းသားတဦးဖြစ်တဲ့ ဒေါက်တာ ဆာဆာကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်က ခန့်အပ်တာဝန်ပေးထားခဲ့တာ ဖြစ်ပါတယ်။

သူဟာ အထူးသံတမန်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ကော်မတီကိုယ်စား ဆောင်ရွက်နေတာဖြစ်ပါ တယ်။

ဒေါက်တာ ဆာဆာဟာ ထင်ရှားတဲ့ ချင်းတိုင်းရင်းသား ပရဟိတ ခေါင်းဆောင် တ ဦးဖြစ်ပြီး ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ချင်း ပြည်နယ်အောင်နိုင်ရေးအဖွဲ့မှာလည်း ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ Health and Hope သင်ကြားရေးစင်တာကိုလည်း တည်ထောင်ထားပြီး ချင်းပြည်နယ်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် အား သွန်ခွန်စိုက်ကြိုးပမ်းနေသူ ချင်းလူမျိုးတဦးအဖြစ်လည်း ထင်ရှားပါတယ်။

2 years Ago
Up