ဒေါက်တာစိန်ဝင်း

August 20, 2019

“ ပြည်သူလူထုက ဆုံးဖြတ်ချက် မှန်တယ်” NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းချက်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲမှာ ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့သလို ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ) အသံလွှင့်သတင်းဌာနကြီးကို ဦးဆောင်ဦးရွက်ပြု စတင်တည်ထောင်ခဲ့သူ ဒေါက်တာစိန်ဝင်းကို လက်ရှိ ဒီဗွီဘီရဲ့ ဒါရိုက်တာ တဦးအဖြစ်တာဝန် ထမ်းဆောင်နေတဲ့   ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ ဒေါက်တာစိန်ဝင်းဟာ ၁၉၉၀ ခုနှစ်မှာလည်း ရွေးကောက်ခံ လွှတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ နိုင်ငံခြားကို ဘာကြောင့် ထွက်သွားတာလဲ ဆိုတာကို အရင်ပြောပြပေးပါလား။ ဖြေ။ ။ “ဟုတ်ကဲ့။ ကျနော်တို့ ၉၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီမှာ ကျနော်တို့အားလုံး သိတဲ့အတိုင်းပဲ အာဏာပိုင်တွေကနေပြီးတော့ အတိအကျ ပြောခဲ့တယ်။ ဗိုလ်ချုပ်ကြီးစောမောင်က ၉၀ ခုနှစ် ရွေးကောက်ပွဲပြီးခဲ့လို့ရှိရင် ကျနော်တို့ စစ်တန်းလျားကို ပြန်မယ်တဲ့။ အခြေခံဥပဒေ ဆွဲတာကလည်း ကျနော်တို့ အလုပ်မဟုတ်ဘူးတဲ့။ နိုင်တဲ့ပါတီက ဆွဲပါတဲ့။ ဒါမှမဟုတ်ရင်လည်းစု ပေါင်းဆွဲကြပေါ့ဗျာ။ သူတို့အလုပ် မဟုတ်ဘူးတဲ့။ အဲလို အတိအကျ ပြောခဲ့တာ။ အဲဒီအတိုင်းဆိုရင် ဗမာပြည်ရဲ့အနာဂတ်လို့ပဲပြောပြော ပြီးခဲ့တဲ့အချိန်ပဲပြောပြော အင်မတန်ကောင်းပါတယ်။ ဒါ ကျနော်တို့ရဲ့ ယုံကြည်ချက်၊ အဲဒီလို မဟုတ်ဘူးဗျာ။ သိတဲ့အတိုင်းပဲ နောက်ပိုင်းမှာ အမျိုးမျိုး အပြောင်းအလဲတွေ လုပ်တယ်။ လုပ်ရုံတင်မကဘူး။ ဖိနှိပ်မှုတွေ လာတယ်။ အဲဒီအချိန်အခါမှာ ကျနော်တို့ ဝိုင်းပြီးစဉ်းစားပြီးတော့ နိုင်ငံခြားကိုတောင် မဟုတ်ဘူး။ သူတို့စစ်တပ်ရဲ့ လက်လှမ်းမမီနိုင်တဲ့ နေရာတွေကနေ ခပ်ဝေးဝေးသွားပြီးတော့  ကျနော်တို့ စင်ပြိုင်အစိုးရ ထောင်မယ်လို့ စဉ်းစားကြတာပေါ့ဗျာ။ အဲဒီကနေ စတာပဲ။” မေး။ ။ ဟုတ်ကဲ့။ အဲ့ဒီမှာ စင်ပြိုင်အစိုးရအနေနဲ့ ရပ်တည်မယ်ဆိုပြီးတော့ ဗမာပြည်နဲ့ နည်းနည်းဝေးတဲ့နေရာကို ရောက်သွားတာပေါ့နော်။ နောက်ဆုံး ရောက်ရင်းရောက်ရင်းနဲ့ အဝေးဆုံး အမေရိကန်ကို ရောက်သွားတာပေါ့နော်။ အဲဒီမှာ ဆရာတို့ ရုန်းကန်ခဲ့ရတဲ့ အနေအထားလေးကို မှတ်မိသလောက်ပြောပြပါလား။  ဖြေ။ ။ “ဟုတ်ကဲ့ပါ။ ပထမဆုံးကတော့ ကျနော်တို့က ဒီလိုပဲ ဒါလုပ်မယ်ဆိုတဲ့ဟာ ရှိတယ်။ ရွေးကောက်ပွဲကြီးကို နိုင်ပြီးတော့ ဒီတိုင်းပစ်ထားလို့ မဖြစ်ဘူး၊ ဒါတွေ လုပ်မယ်။ အားလုံး သိတဲ့အတိုင်းပဲ၊ စင်ပြိုင်အစိုးရလုပ်ဖို့ ဆိုတာက ကျနော်တို့ ဘယ်လိုလုပ် အတွေ့အကြုံရှိမလဲ။ အတွေ့အကြုံလည်း မရှိ။ ဒါပေမဲ့ ကျနော်တို့ လုပ်မယ်ဆိုပြီး ထွက်လာတယ်။ ထွက်လာတော့ တဆင့်တဆင့်နဲ့ မာနယ်ပလော ရောက်တယ်။ မာနယ်ပလော၊ ကရင်ပြည်နယ် အဲဒီမှာ ရောက်တယ်။ အဲဒီက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကျနော်တို့ တွေ့တယ်။ စကားပြောကြတယ်။ အဲဒီအချိန်အခါမှာ သူတို့ကလည်းပဲ သဘောတူတယ်။  တူပြီးတော့ နောက်ဆုံးပိတ် သူတို့ရဲ့ အစီအစဉ်တောင် ဖျက်ပြီးတော့ လုပ်ပါဆိုပြီးတော့ ကျနော်တို့ အဲဒီမှာ စပြီးတော့ ထောင်တယ်။ အခက်အခဲကတော့ အကြီးအကျယ်တော့ မရှိသေးပါဘူး။ ဒါပေမဲ့လို့ စင်ပြိုင်အစိုးရ ထောင်မယ်ဆိုတဲ့အခါမှာ ခင်ဗျားတို့ ဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းရှိတယ်။ ဘယ်သူတွေကို အခြေခံပြီး လုပ်မှာလဲဆိုတဲ့ဟာ ရှိတယ်။ နောက်ပြီးရင်လည်းပဲ ကျန်တဲ့မေးခွန်းတွေ ရှိတယ်။ ပထမမေးခွန်းက ဘာလုပ်မှာလဲ၊  ဘယ်သူတွေကို အခြေခံမှာလဲဆိုတာ ကျနော်တို့ ၁၉၉၀ ရွေးကောက်ပွဲအမတ်တွေ ထွက်လာတဲ့အမတ်တွေ စုပြီးတော့ အဲဒါကို အခြေခံမယ်လို့ ကျနော် အတိအကျ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရထောင်တယ် ဆိုတာ အဖွဲ့အစည်း ထောင်တာ မဟုတ်ဘူး။ အခုထောင် အခုဖျက်လို့လည်း မဖြစ်ဘူး။ နောက်ပြီး သူ့မှာ အခြေခံရှိရမယ်။ လူတိုင်း ဝင်ပြီး လုပ်လို့ မလွယ်ဘူးဗျာ။ ရွေးကောက်ပွဲ ရှိရင်တော့ လုပ်တာပေါ့။ ရွေးကောက်ပွဲဝင်ပြီး ရွေးကောက်ပွဲနိုင်တဲ့လူတွေနဲ့ ဖွဲ့တာ။ အခုက ရွေးကောက်ပွဲက ဒီလို ဖြစ်သွားတဲ့အခါကျတော့ အခြေခံရှိမှရမယ်။ ကျန်တဲ့ အကူအညီတွေကတော့ အားလုံးဆီက လိုအပ်တာပေါ့။ အဲဒါက အင်မတန် အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ ဒီဟာတွေက ပြသနာတွေ ပေါ်နိုင်တယ်။ ကျနော်တို့ လုပ်ရည်ကိုင်ရည် ရှိတယ်။ ဝန်ကြီး တနေရာ လိုတယ်။ ၂ နေရာ လိုတယ်၊ အဲဒီအချိန်ကျရင် စဉ်းစားဖို့က နောက်ကျသွားပြီ။ ကျနော်တို့ အစကတည်းက စဉ်းစားရမယ်။  ကဲ… ဘာလုပ်မလဲဆိုရင် ကျနော်တို့က တကယ်တမ်း နိုင်တာက အန်အယ်လ်ဒီပါတီ၊ အဲဒါကနေပြီးတော့ အစိုးရမဖွဲ့နိုင်လို့ ကျနော်တို့က ဒီဘက်မှာ ထွက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ပြီးတော့ သယ်သွားမယ် ဆိုတဲ့အတွက် အန်အယ်လ်ဒီနဲ့ မပြတ်ဘူးဗျာ။ တချို့တွေက ဒါ ပြတ်စေချင်တယ်။ ဘယ်သူတွေလဲဆိုတာ မပြောဘူးပေါ့။ တချို့တွေက ပြတ်စေချင်တယ်။ အန်အယ်လ်ဒီ ပြီးသွားပြီ၊ မဟုတ်ဘူး။ ကျနော်တို့ ဒါတွေဟာ ကြည့်ရမယ်။ နောက်တခုကတော့ ကျနော်တို့ လက်နက်မကိုင်ဘူး။ အကြမ်းဖက်မှုတွေကို မလုပ်ဘူး။ Non-Violent အနေနဲ့ပဲ သွားမယ်ဆိုပြီး ကျနော်တို့ ဆုံးဖြတ်လိုက်ရတယ်။ နောက် တတိယ ဆုံးဖြတ်ချက်ကို ကျနော်တို့ အချင်းချင်းပဲ ဆုံးဖြတ်တယ်။ ဘာကြောင့်လဲဆိုရင် အစိုးရ ထောင်ရင် လာမယ့်မေးခွန်းတွေ ဘာတွေနဲ့ပဲ၊ ပထမဦးဆုံးအချက်က ခင်ဗျားတို့ကို ဘယ်အစိုးရ၊ ကျန်တဲ့ အစိုးရတွေပေါ့နော် ထောက်ခံသလဲ။ ဘယ်နိုင်ငံက အစိုးရတွေ အသိအမှတ်ပြုသလဲ။ အဲဒီမေးခွန်း လာမယ်၊ အဲဒါက ခက်တယ်၊ အင်မတန်မှ ခက်တယ်။  ဒါပေမဲ့လို့ ကျနော်တို့က ပြောတာက အဲဒီမေးခွန်းကို ရှောင်တာတော့ မဟုတ်ဘူး။ ကျုပ်တို့ အလုပ်ဖြစ်တဲ့နည်းနဲ့ အလုပ် လုပ်မယ်။ ဘယ်နိုင်ငံကနေပြီးတော့ အသိအမှတ်ပြု၊ မပြုကို ကျနော်တို့ မကြိုးစားဘူး။ အဲဒီအချိန်မှာ နိုင်ငံအကုန်လုံးတောင် သိတဲ့အတိုင်းပဲ ဘယ်သူ့ကို အသိအမှတ်ပြုနေလဲ။ ကျုပ်တို့ ကုလသမဂ္ဂကို သွားပြီးအရေးဆိုမယ် ဆိုတဲ့ဟာ အောက်လိုင်းပေါ့ဗျာ အကြမ်းဖြင့် ဆုံးဖြတ်လိုက်တယ်။” မေး ။ ။ အချက် ၃ ချက်ကို ဆုံးဖြတ်လိုက်တာပေါ့နော်။ အဲ့ဒီလို စင်ပြိုင်အစိုးရအနေနဲ့ ရပ်တည်ဖို့က နှစ် ၂၀ တောင် ကျော်သွားတယ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဘက် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့အခါကျတော့ ဒေါက်တာစိန်ဝင်းကိုယ်တိုင်က ဒါကို ဖျက်သိမ်းလိုက်ပါတယ် ဆိုပြီးတော့ လုပ်ခဲ့တယ်ပေါ့နော်။ အဲဒီကာလကြီးထဲမှာ ဒီစင်ပြိုင်အစိုးရအနေနဲ့ အောင်မြင်မှု ရှိတယ်ဆိုရင် ဘယ်လို အောင်မြင်မှုမျိုးက အရေးပါလဲ။ ဖြေ။ ။ “အရေးပါတာတော့ ရှိတာပေါ့။ ဥပမာ ဒီဗွီဘီ၊ ဒီဗွီဘီမှာ အားလုံး သိပြီးပဲ။ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု ရတယ်၊ ကျနော်တို့ နော်ဝေးကို သွားတယ်။ အဲဒီအခမ်းအနားကို တက်ကြတယ်။ အဲဒီမှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ကျနော်နဲ့ တွေ့တယ်။ တွေ့တဲ့အခါမှာ ကျနော်က အဲဒီတုန်းကတော့ န.ဝ.တ သူတို့တွေကတော့ အသံလွှင့်တဲ့ဟာကို ၂၄ နာရီ လွှင့်နိုင်တယ်၊ ၇ ရက် လွှင့်နိုင်တယ်။ သူတို့ ကြိုက်တဲ့ဟာကို လွှင့်လို့ရတယ်။ လွှင့်ကြတယ်ပေါ့ဗျာ။ ကျနော်တို့မှာ ဒါမျိုးမရှိဘူး။ ကျနော်တို့က ပြည်တွင်းက ပြည်သူလူထု အမှန်တရားကို သိအောင် လွှင့်ချင်တယ်။ ဆိုတော့သူက လွှင့်ဖို့အတွက် ဒီ Technology (နည်းပညာ) ေရာ လွှင့်ခွင့်ရော ပေးပါဆိုပြီးတော့ သူက အိုကေတဲ့။ ဆိုပြီးတော့ ပထမဦးဆုံး Press Confrence (သတင်းစာရှင်းလင်းပွဲ) လုပ်တယ်။ လုပ်တဲ့အခါမှာ မေးခွန်းတွေက မေးတာပေါ့ဗျာ။ ခင်ဗျားတို့ နော်ဝေးက သံရုံးမှာ ဟိုလူတွေ ထိုင်နေတာ။ ဒီလူတွေကို ခင်များတို့ ဒီလို လုပ်ခွင့်ပေးတယ်ဆိုတာ မှန်ပါ့မလား။ ဆိုတော့ သူက သိပ်ဂရုမစိုက်ဘူးပေါ့ဗျာ။ ကျုပ်တို့ လုပ်တာ ဗမာပြည်ရဲ့အရေးမှာ ပုံမှန်မဟုတ်လို့။ အမှန် ပုံစံမကျလို့၊ သူတို့က ရွေးကောက်ပွဲ နိုင်ထားတဲ့လူတွေတဲ့။ အထဲကလူတွေက ရွေးကောက်ပွဲနိုင်ထားတဲ့ လူတွေ မဟုတ်ဘူးတဲ့။ အဲဒါကြောင့်မို့လို့ Normal မဟုတ်လို့ ကျုပ်တို့ လုပ်ရပ်ကလည်း Normal မဟုတ်ဘူးတဲ့။ ဟိုလူတွေကိုတော့ သံရုံးကနေ ဒီတိုင်းပဲထားတယ်။ ဒီလူတွေကိုတွေကိုတော့ မင်းတို့ အသံလွှင့်ဖို့ ခွင့်ပေးမယ်တဲ့။” မေး။ ။ ဒါကတော့ အကြီးမားဆုံး အောင်မြင်မှုလို့ ပြောရမှာပေါ့နော်။ ဒီနေ့အထိလည်း ဒီဗွီဘီက ကျနော်တို့ ပြည်တွင်းမှာ ဆက်ပြီးတော့.. ဖြေ။  ။ “အကြီးမားဆုံး အောင်မြင်မှု၊ ဒါပေမဲ့ ကျနော်တို့ သဘောတူညီချက် ရှိထားတယ်။ အဲဒါ လူတွေ သိချင်ရင်သိမယ် မသိချင်ရင်မသိဘူး။ သဘောတူညီချက် ၁ က ကျနော်တို့က  အကြမ်းဖက်မှုကို အားမပေးရဘူးတဲ့။ ဒို့အရေးတောင်မှ အော်ချင်မှ အော်ရမှာ အကြမ်းဖက်မှုကို အားမပေးရဘူး။ ၂ အချက်ကတော့ တိုင်းရင်းသားဘာသာတွေလည်း ပါရမယ်တဲ့။ လွှင့်တဲ့အထဲမှာ  ဆိုတဲ့ အဲဒီအချက် ၂ ချက်က အဓိက အချက် ၂ ချက်ပဲ။ အဲတော့ ကျနော်က ဟုတ်ပြီ ဒါ လုပ်ပေးမယ်။ ဒီတိုင်း လုပ်မယ် ပေးပါ ဆိုပြီးတော့ ဒီဗွီဘီက ရတာ။ အဲဒါ အကြီးမားဆုံး အောင်မြင်ခြင်းပေါ့။ နိုင်ငံတနိုင်ငံကနေ ပြီးတော့ အသိအမှတ်တော့ မပြုဘူး။ ဒါပေမဲ့ အသိအမှတ်မ ပြုသလောက် ကြီးမားတယ်။” မေး။ ။ စကားပြောခွင့် ပြည်သူတွေနဲ့ ဆက်သွယ်ခွင့် ပြည်သူတွေကို သူ ပြောချင်တဲ့ဟာ ပြောခွင့်ရသွားတာပေါ့နော်။ အဲတော့ ဆရာတို့ အဲဒီကာလတွေကတော့ တကယ့်ကို ဆရာတို့လည်း တကယ့်ကို လျှမ်းလျှမ်းတောက်တဲ့ ကာလပေါ့နော်။ ဆရာတို့ရဲ့ အသံကိုလည်း ဒီဘက်ကလည်း အမြဲတမ်း ခိုးကြောင်ခိုးဝှက်နဲ့ နားထောင်ခဲ့ရတဲ့ ကာလတွေပေါ့နော်။ အဲဒီကနေပြီးတော့  ဒေါ်အောင်ဆန်းစုကြည်ကို ဒီဘက်နေ အနိုင်ရပြီ ဆိုတဲ့အခါကျတော့ ဆရာကတော့ စင်ပြိုင်အစိုးရဆိုတာ ကျနော်တို့ မလိုတော့ဘူး ဖျက်သိမ်းလိုက်ပါပြီ ဆိုပြီးတော့ ဆရာ ဆုံးဖြတ်လိုက်တယ်။ အဲဒီကတည်းကနေပြီးတော့ ဆရာ့မိသားစုနဲ့ မြန်မာပြည်ကို ပြန်လာဖို့ စိတ်ကူးခဲ့တာလား။ ဖြေ။  ။ “စိတ်ကူးပါတယ်။ ဘယ်အချိန် ပြန်မလဲ ဆိုတာတော့ ကျနော်တို့ ကြည့်သေးတယ်။ ပြန်သင့်တဲ့အချိန်မှာ ပြန်ဖို့ စိတ်ကူးတယ်။ အဲဒါတွေမကဘူး။ ကျနော်တို့ ကြိုးစားတယ်။ သိပ်ပြီး မအောင်မြင်ဘူးဗျာ။ အဟန့်အတားတွေ တွေ့နေတယ်။ သို့သော်လည်းပဲ မလျော့ဘဲနဲ့ ဆက်လက်ပြီးတော့ ကြိုးစားတယ်။ အခု ကျနော် ဒီမှာ ရောက်နေတာပေါ့။” မေး။ ။ အခု ဆရာ ရောက်လာတာကျတော့ ခဏအလည်လာတာလား။ ဒါမှမဟုတ်ရင် မြန်မာနိုင်ငံသားအဖြစ်နဲ့ အပြီးအပိုင် ပြန်လာတာလား။ ဖြေ။ ။ “ကျနော်တို့က မြန်မာနိုင်ငံသားကို လျှောက်ထားတယ်။ လျှောက်ထားတာကို ဒီဘက်ကနေပြီးတော့ လာတဲ့သတင်းက ဒါကို သဘောတူပါတယ်တဲ့။ အဲတော့ ဟုတ်ပြီး သဘောတူရင် ကျနော်တို့ လာခဲ့မယ်။ သံရုံးကိုသွား၊ သံရုံးကနေပြီးတော့ လက်မှတ်ယူ၊ One Way Ticket  အဲဒါနဲ့ ဒီကိုရောက်လာတာ။ မေး။   ။ ဒါဆိုရင် ဆရာ့မိသားစု နိုင်ငံသားအဖြစ်နဲ့ မှတ်ပုံတင်ရပြီလား။ ဖြေ။   ။ “အခု လုပ်နေတယ်။ အခု လိုအပ်တာကို လုပ်နေတယ်။ မိသားစုတော့ မဟုတ်ဘူး။ ကျနော်တို့ ၃ ယောက်။ ကျနော့် သမီးကတော့ ကျန်ခဲ့တယ်။ ကျနော့်သားရယ်၊ အမျိုးသမီးရယ် ကျနော်ရယ်။ ” မေး။ ။ အဲတော့ ဆရာ့မိသားစုနဲ့ ပြန်ရောက်လာပြီဆိုတော့ ဆရာ မြန်မာပြည်ကိုတော့ တော်တော်လေး သံယောဇဉ်ရှိပုံရတယ်။ အထူးသဖြင့် ကျနော့်အမြင်ပေါ့လေ ဆရာ နိုင်ငံရေးကိုလည်း သံယောဇဉ်မပြတ်သေးဘူးလို့ ထင်တယ်။ အဲဒီတော့ ဆရာရဲ့ နိုင်ငံရေး အမြင်လေးတွေကို ကျနော် ဆက်မေးချင်ပါတယ်။ ဆရာတို့ ဒီမြန်မာပြည်ကို ပြန်မလာခင်မှာ အန်အယ်လ်ဒီရဲ့ အလံကို ဆက်ကိုင်ပြီးတော့ ဟိုဘက်မှာ အစိုးရ လုပ်ခဲ့တာပေါ့နော်။ ဒီအလံကို ဆက်ကိုင်စရာ မလိုတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်သွားပြီ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒါ လွှဲလိုက်တဲ့သဘောပေါ့။ အဲဒီတော့ ဆရာတို့က အန်အယ်လ်ဒီ အခုလုပ်နေတဲ့ နိုင်ငံရေးနဲ့ သူ ရင်ဆိုင်နေရတဲ့အပေါ်မှာ ဟိုဘက်က မြင်တဲ့အမြင်က ဆရာ ဘယ်လို မြင်သလဲ ဆရာ။ ဖြေ။ ။ “ဘာမြင်မြင်ပေါ့ ကျနော်တို့ လုပ်စရာရှိတာ လုပ်တာကိုး။ အခြေအနေ တကယ် ပြောင်းသွားပြီဆိုရင်  ဟိုဘက် ဒီဘက်တောင် တကယ်မရှိသင့်တော့တဲ့ အခြေအနေတောင် ဖြစ်ရမယ်။ တွဲလုပ်မယ်၊ ဒီဟာ ဒီဟာကိုတော့ သဘောတူတယ်။ ဒီဟာ ဒီဟာကိုတော့ ချက်ချင်း ကျုပ်တို့ သဘောမတူနိုင်ဘူး။ အခြေအနေတွေ ဒီလိုရှိတယ်။ ဒါပေမဲ့ ကျုပ်တို့က ဒီမိုကရေစီကို လက်ခံတယ်။ အဲဒါ ဘယ်သူလဲ မသိဘူး။ တယောက် ပြောတယ်ဗျာ။ အတိအကျ ပြောပြီးပြီ ဆိုလို့ရှိရင် အဖုအထစ်တွေ။ ဘာတွေကို ဖယ်ပစ်ရမယ်။ ဖယ်ပြီးတော့ လွယ်ကူတဲ့လမ်းကို သွားကြရမှာ။ ပြီးရင် ဟိုဘက် ဒီဘက်ဆိုတာ မရှိသင့်တော့ဘူးပေါ့ဗျာ။” မေး။ ။ ဒါသည် အန်အယ်လ်ဒီက ပြောနေတဲ့ အမျိုသားရင်ကြားစေ့ရေးတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ သူ့ဘက် ကိုယ့်ဘက်ဆိုတာ ခွဲစရာ မလိုဘူး။ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်၊ နိုင်ငံကို ပြောင်းလဲမယ်ဆိုရင်တော့ အားလုံးက နည်းနည်း သူ လျှော့၊ ကိုယ် လျှော့ အဲဒါမျိုး သွားရမယ်လို့ ဆရာ မြင်တာပေါ့နော်။ အဲတော့ အန်အယ်လ်ဒီဘက်က ဒီအမျိုးသားရင်ကြားစေ့ရေးကို လုံးဝ ကိုင်ထားတယ်လို့ ကျနော် မြင်တယ်။ စီးပွားရေးကိစ္စကို သူတို့ ပြောတဲ့အခါတောင်မှ  အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့ စီးပွားရေး ပေါ်လစီမျိုးကို သွားမယ် ဆိုတာမျိုးကို ပြောတာပေါ့နော်။ ဒါပေမဲ့လို့ နိုင်ငံရေးတခုကို ပြောင်းလဲတယ် ဆိုတာကလည်း အခက်အခဲတခု ဆရာလည်း တွေ့မှာပေါ့နော်။ ဆရာတို့ ဖြတ်သန်းလာရတဲ့ အမေရိကမှာ နေပေမယ့် ဥရောပဘက်မှာ အပြောင်းအလဲတွေ ဘာတွေ လုပ်တာတွေ ရှိတော့ လက်ရှိ အပြောင်းအလဲမှာ ဆိုရင်လည်း ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက တော်တော်လေး ခက်ထန်နေသေးတယ်။ အထူးသဖြင့် အရင်တုန်းက ဘာသာရေးခေါင်းဆောင်တွေ နိုင်ငံရေးကို ဝင်လုပ်ခဲ့တာ၊ အခု ဘာသာရေး ဆိုတဲ့ ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးပေါ့။ အဲတော့ ဆရာ ဘယ်လို မြင်သလဲ။ ဘာသာရေးနဲ့ နိုင်ငံရေး ရောယှက်မှုအပေါ်မှာ။ ဖြေ။  ။ “အဲဒါက ကျနော် ရှင်းရှင်းပြောရင်တော့  ရောယှက်တာကိုတော့ နားလည်နိုင်တယ်။ အထူးသဖြင့်တော့ အင်္ဂလိပ်လက်ထက်တုန်းက ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရ ဒီလိုပဲ သူတို့တွေက ဘာသာရေးဆိုတော့ ဘုန်းကြီးတယ်ပေါ့ဗျာ။ ဘုန်းကြီးတွေဆိုတာ ဒကာတွေနဲ့ မကင်းဘူးဗျာ။ ဒီပြည်သူလူထု စိတ်မချမ်းသာတဲ့ဟာကို မြင်တယ်။ ကိုယ့်တိုင်းပြည်က ကောင်းစားစေချင်တယ်။ အဲဒီကျတော့ နိုင်ငံရေးကတော့ အနည်းနဲ့အများ ဝင်လာတတ်တယ်။ ဝင်လာတယ်။ သို့သော်လည်းပဲ ဒီဘာသာရေးမှာ ထိပ်တန်းက သွားတဲ့ ဘုန်းတော်ကြီးတွေကတော့ ဘုရား တရားရဲ့ အဆုံးအမနဲ့ သိက္ခာဝိနည်း အဲဒီထက်တောင် မကျော်သင့်ဘူး။” မေး။ ။ အဲဒါ နည်းနည်းရှင်းပြပါဦး ဆရာ။ ‌ဖြေ။ ။ သိက္ခာဝိနည်း ဆိုတာက ဒီသံဃာတော်တွေဟာ ဘာသာရေးပဲ လုပ်သင့်တယ်။ သာသနာတော် သုံးရပ်၊ ဒါကိုပဲ လုပ်သင့်တယ်။ ဒါပေမဲ့လို့ ဆရာတော်ဦးဥတ္တမ ဆိုရင်သွားပြီးတော့ နိုင်ငံရေး ဟောတယ်။ ဘယ်တိုင်းပြည်မှာတော့ ဘယ်လို ကြီးပွားနေတယ်။ ဘယ်လို တိုးတက်နေတယ်။ မင်းတို့သိတဲ့ အင်္ဂလိပ်တွေ မဟုတ်ဘူး။ ဂျပန်မှာလည်း တိုးတက်နေတယ်။ ငါတို့ ဘာလို့ မတိုးတက်ရမှာလဲ။ ဒီသဘောမျိုးပေါ့ဗျာ။ ဒါပေမဲ့ ဟောတာပဲ။ ဦးဝိစာရ ဆိုရင်လည်း ဒကာရေ လိမ်မာကြပါ။ တယောက်နဲ့ တယောက် ရန်မဖြစ်ဖို့ ပြောတာ။ ညီညွတ်ကြပါ။ ပြောတာပဲ။  နောက်ပြီးရင် တိုက်ပွဲဝင်သွားတယ်။ အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဝင်ရင်းနဲ့ပဲ ပျံလွန်တော်မူသွားတယ်။ ဦးဝိစာရ ကျောက်တိုင် ရှိတယ်။ အဲလိုတော့ ဝင်ကြတာရှိတယ်။ ကျန်တာတွေလည်း ရှိတယ်။ အဲဒါတွေကတော့ ကလောင်နဲ့ ရေးတဲ့ဟာတွေ၊ ထီးသုဉ်း နန်းသုဉ်း ကြုံတဲ့အခါမှာ သုည သုံးခုရှိတဲ့ တိုင်းပြည် မနေချင်တော့ဘူး ဆိုပြီးတော့ ဆီးဘန်းနီဆရာတော် ရေးသွားတယ်။ အဲဒါ နိုင်ငံရေးပဲ။ အဲဒီလို လုပ်သွားကြတာတွေ ရှိတယ်။ ဒါပေမဲ့လို့ ဆရာတော်တွေ သံဃာတော်တွေက သူတို့ စောင့်စည်းရတဲ့ သိက္ခတော်တွေက နည်းတာ မဟုတ်ဘူး။ အဲဒီလို မကျော်ဖို့တော့ အရေးကြီးတယ်။ ဆိုလိုတာကတော့ အကြမ်းဖက်မှုပေါ့ဗျာ၊ အကြမ်းဖက်မှုကို မကျော်ဖို့တော့ အရေးကြီးတယ်။” မေး။ ။ ဆိုလိုတာကတော့ နိုင်ငံရေး လုပ်ပေမယ့်လို့ ဗုဒ္ဓဘာသရဲ့ ဘောင်ထဲကပဲ လုပ်။ အကြမ်းဖက်တာကို လှုံ့ဆော်တ‌ာမျိုးတွေ၊ အားပေးတာမျိုးတွေ၊ မလုပ်သင့်ဘူးပေါ့နော်။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကတော့ နိုင်ငံရေးအပြောင်းအလဲဆိုတော့ အဲဒါမျိုးတွေမှာလည်း နည်းနည်းတော့ အပြောင်းအလဲတွေတော့ ရှိတာပေါ့နော်။ ဆရာ အခု ပြောသွားတာကတော့ တော်တော်လေး တန်ဖိုးရှိပါတယ်။ နောက် ကျနော်တို့အတွက် အရေးကြီးဆုံးကတော့ ဒီမိုကရေစီလမ်းကြောင်းကို ဆက်သွားဖို့ ရွေးချယ်ထားတာဆိုတော့ ဆက်ပြီးတော့ သွားရမှာပဲ။ နောက်က ပြန်ဆုတ်လို့မရဘူး။ ရှေ့မှာ နောက်နှစ်ဆိုရင် ရွေးကောက်ပွဲက ရှိတယ်။ အဲတော့ အဲဒီရွေးကောက်ပွဲမှာရော ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေက အနိုင်ရမယ် ထင်လား။ အခု ကျနော်တို့ နည်းနည်း စိုးရိမ်နေတာတော့ ရှိတာပေါ့နော်။ ဖြေ။ ။ “အဲဒါ ပြောရခက်တယ်ဗျာ။ ပြောရခက်တယ်ဆိုတာ ကျနော်ကလည်းပဲ အန်အယ်လ်ဒီက ထွက်လာတာ။ ဆိုတော့ အန်အယ်လ်ဒီကို အားပေးတယ်ဆိုပြီး ဖြစ်ဦးမယ်။ အခု ဝေဖန်နေတဲ့ လူတွေလည်း အများကြီး ရှိတယ်။ အန်အယ်လ်ဒီရဲ့ ဒီကနေ့ လုပ်ပုံကိုင်ပုံတွေဘာတွေ စသည်အားဖြင့်ပေါ့နော်။ အဲဒီတော့ မျက်ခြည်မပြတ်ဖို့ကတော့ အရေးကြီးတယ်။ ဒီဗိုလ်ချုပ်အောင်ဆန်း ပြောသလိုပဲ “We are not out of the wolf.” တဲ့ သူ မကျဆုံးခင်က ပြောသွားတယ်။ ကျနော်တို့ လွတ်လပ်ရေး မရသေးဘူးတဲ့။ ဒီလောက်ဆိုရင်တော့ ကျနော် ပြောတာ သဘောပေါက်ပြီနဲ့ တူတယ်။ ကျနော်တို့ လွတ်လပ်ရေး မရသေးဘူး၊ ခါးတောင်းကျိုက် မဖြုတ်ပါနဲ့။ သူ ပြောသွားတယ်။ အဲဒီတော့ ဘာတွေ လုပ်သင့်တယ်။ ဘာတွေ မလုပ်သင့်ဘူးလဲ။ ဘယ်နေရာမှာ သည်းခံသင့်လဲ၊ ဘယ်နေရာမှာ ပြောသင့်လဲ။ ဒီအန်အယ်လ်ဒီကလည်းပဲ ဘာတွေ ပြင်သင့်လဲ၊ ပြင်ဖို့ လုပ်ရမယ်။ ဒါတွေကတော့ ပြည်သူလူထုနဲ့ အန်အယ်လ်ဒီနဲ့ ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုလိမ့်မယ်။” မေး။ ။  အဲတော့ ကျနော် ဆရာ့ကို နောက်ဆုံး မေးခွန်းလေးတခု မေးကြည့်ချင်တယ်။ ဆရာ မိသားစုနဲ့လည်း ပြန်လာတယ်။ ဆရာ ဒီမှာ ဘာဆက်လုပ်မယ်လို့ ရည်ရွယ်ထားလဲ။ နိုင်ငံရေးပဲ ဆက်လုပ်မလား ဒါမှမဟုတ် တခြား ဆရာရဲ့ပညာရေးလုပ်ငန်းပဲ ဆက်လုပ်မလား။ ဖြေ။ ။ “ ဟိုနည်းနည်း၊ ဒီနည်းနည်းပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ အန်အယ်လ်ဒီနဲ့လည်း မပြတ်ဘူးပေါ့နော်။ ကိုယ့်အသိမိတ်ဆွေတွေ ရှိတယ်၊ ကိုယ့်ရဲဘော်ရဲဘက်တွေလည်း ရှိတယ်၊ အဲဒါတွေနဲ့တော့ ပြန်ဆက်တာပေါ့နော်။ ပြန်ဆက်ပြီးတော့ စကားပြောဆွေးနွေး ဒီတိုင်းပဲ စာသင်တဲ့ နေရာမှာလည်းပဲ ဘယ်လို သင်ရမလဲ၊ ဘယ်နေရာမှာ ဝင်ပြီးတော့ လုပ်ရမလဲဆိုတာလည်း ရှိတာပေါ့နော်။ နောက် မိသားစုအရေးကလည်းပဲ ကျနော့်သားက မပြီးသေးဘူး။ သွားလိုက် လာလိုက် လုပ်ရဦးမယ်။ ဒီအရေးတွေ အကုန်လုံး မျှတအောင်ပေါ့နော်။ ကျနော်ကတော့ လိုချင်သည် ဖြစ်စေ၊ မလိုချင်သည် ဖြစ်စေ ကျနော့်ရဲ့ အကြံဉာဏ်တော့ ပေးမှာပဲ။ ဘယ်သူမဆိုပေါ့နော့်။ မှန်ချင်လည်း မှန်မယ်။ မှားချင်လည်း မှားမယ်။ ဒါပေမဲ့လို့ ကျနော် အကြံဉာဏ်ပေးချင်တယ်။ သူများရဲ့ အကြံဉာဏ် လိုချင်တယ်။ အဲဒီလို လုပ်သွားချင်တယ်။  တနေရာမှာ ဝင်ပြီးတော့ တည်နေတယ်။ အဲဒါမျိုးတော့ ကျနော် သိပ်မလုပ်ချင်တော့ဘူး။ ” မေး။ ။ ဆရာ့ရဲ့နိုင်ငံရေး ဦးဆောင်မှုတွေနဲ့ ဆရာနဲ့ပေါင်းခဲ့တဲ့ နိုင်ငံရေးသမားတွေ၊  ဆရာတို့ကို မဲပေးခဲ့တဲ့ ပြည်သူတွေ ဆရာတို့ဘက်မှာ အားပေးခဲ့တဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ဆရာ ဒီကို ရောက်လာပြီး နောက်ပိုင်းမှာ  အဲဒီလူတွေကို ဆရာ ဘာပြောချင်လဲ။ ဖြေ။ ။ “တစ်အချက်ကတော့ ကျနော်တို့ကို ထောက်ခံတဲ့ နိုင်ငံတကာက လူတွေကိုတော့ ခင်ဗျားတို့ ထောက်ခံတာ အရေးပါတယ်။ ကျုပ်တို့ ဒီနေရာကို ရောက်တာ အားလုံးနဲ့လည်း ဆိုင်ပါတယ်။ ကျုပ်တို့ အောင်မြင်မှု၊ မန်ဒဲလား ပြောသွားတာက ကျုပ်တို့အောင်မြင်မှုဟာ ခင်များတို့ အောင်မြင်မှုနဲ့ အတူတူပါပဲတဲ့။ အဲသလိုပေါ့။ သူတို့က အားပေးတယ်။ အားပေးတဲ့အတွက် ဒီနေရာ ရောက်တယ်။ သူတို့ အောင်မြင်မှုလည်း ပါတယ်။ ကျနော်တို့ အောင်မြင်မှုလည်း ပါတယ်။ ဒီမိုကရေစီ အောင်မြင်မှုပေါ့ဗျာ။ ဒီအခြေအနေ ရောက်အောင်။ ပြည်သူလူထုကတော့ သူတို့လည်း သိပါတယ်။ အခြေခံလူတန်းစားတော့ ပိုသိတယ်။ ကျနော်တို့ကတော့ သတင်းဖတ်မယ် စဉ်းစားမယ်။ သူတို့ကတော့ လက်တွေ့ ဖြတ်သန်းခဲ့ရတဲ့လူတွေ။ ဆိုတော့ သိတဲ့အတိုင်းပဲ။ တတ်နိုင်တဲ့နေရာမှာ သူတို့ လုပ်တယ်ဗျာ။ ကျနော် ပြောပြမယ်။ ၁၉၆၀ လောက်က ရွေးကောက်ပွဲ အဲဒီရွေးကောက်ပွဲမှာ နိုင်လည်း နိုင်ရမယ်၊ ရှုံးလည်း ရှုံးရမယ်ဆိုတဲ့ ပါတီ ဘာဖြစ်သွားလဲ။ ကျနော် သိတယ်။ ပြည်သူလူထုက ဒါမျိုး ဘယ်လက်ခံမလဲ။ နိုင်လည်းနိုင်ရမယ်၊ ရှုံးလည်း နိုင်ရမယ်ဆိုတဲ့ ပါတီမျိုးတွေက မရဘူး။ ပြည်သူလူထုကနေပြီးတော့ ကန်ထုတ်ပစ်လိုက်တယ်။ ၁၉၉၀ မှာ တဖက်က အားလုံးကို ကိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ် အန်အယ်လ်ဒီက သိတဲ့အတိုင်းပဲ လှုပ်တောင်မလှုပ်နိုင်ဘူး။ အဲလိုအခြေအနေမျိုးမှာ ပြည်သူလူထုက ဘယ်ဘက်ကို မဲထည့်လဲ။ အဲဒီလိုပဲ ပြည်သူလူထုက ဆုံးဖြတ်ချက် မှန်တယ်ဗျာ။ ” မေး။ အဲတော့ ကျနော်တို့ ပြည်သူတွေအပေါ်မှာ ဆရာ့ရဲ့ ယုံကြည်မှုကတော့ အရင်အတိုင်းပဲ ထက်သန်နေဆဲပဲ ဖြစ်တယ်ပေါ့နော့်။ ဘာမှ စိတ်မပူဘူးပေါ့နော်။ ဖြေ။  ။ “အရေးကြီးတာက အန်အယ်လ်ဒီပါတီက သိပ်သည်းမှု ရှိရမယ်။ အဲဒါတွေကတော့ အန်အယ်လ်ဒီက လုပ်မှာပါ။ ဘယ်လို ခေါ်မလဲ မှန်မှန်ကန်ကန် ရှိရမှာပေါ့။ သူတို့ လုပ်နိုင်တဲ့ဟာကို လုပ်မှာ မလုပ်နိုင်တဲ့ဟာ ဆိုရင်တော့လည်း ပြောလိုက်။ အန်အယ်လ်ဒီပါတီက ဒီဟာကတော့ ကျုပ်တို့ မလုပ်နိုင်ဘူး။ ကျုပ်တို့ လုပ်တော့ လုပ်ချင်တယ်။ ဒါမလုပ်နိုင်ဘူး။ ဒါ ဘာကြောင့် ဖြစ်နေသလဲ။ ဒါကတော့ ရွေးကောက်ပွဲကြောင့် ဖြစ်တာ။ ဒီရွေးကောက်ပွဲက ဘယ်လို ရွေးကောက်ပွဲလဲ။ ဒါကတော့ အခြေခံဥပဒေကြောင့် ပြင်လို့မရတဲ့ အခြေခံဥပဒေက ဘယ်လို အခြေခံဥပဒေ ဖြစ်မလဲ။ ဒါတွေက ပြင်ရမယ်။ ရေရှည်အတွက် ဒါပေမဲ့လို့ အန်အယ်လ်ဒီကတော့ ရှင်းရှင်းလင်းလင်း ပြောသင့်တယ်။ ဒီကိစ္စဟာ ကျုပ်တို့နဲ့ ဆိုင်တယ်။ ဒီကိစ္စကတော့ ကျုပ်တို့ ဘာမှ မလုပ်နိုင်ဘူး။ ခင်ဗျားတို့လည်း သိတယ်။ ကျုပ်တို့လည်းသိတယ်။ ဘယ်သူနဲ့ ဆိုင်သလဲ ဒါပြောရမယ်။”  (ရုပ်သံကြည့်ရှုရန် )  ဒေါက်တာစိန်ဝင်းနှင့် ဒီဗွီဘီတွေ့ဆုံမေးမြန်းချက်- အပိုင်း (၁) ရုပ်သံ    ဒေါက်တာစိန်ဝင်းနှင့် ဒီဗွီဘီတွေ့ဆုံမေးမြန်းချက်- အပိုင်း (၂) ရုပ်သံ  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version “ ျပည္သူလူထုက ဆုံးျဖတ္ခ်က္ မွန္တယ္” NCGUB ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာစိန္ဝင္းႏွင့္ ေတြ႕ဆုံေမးျမန္းခ်က္ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ အေျပာင္းအလဲမွာ ေခါင္းေဆာင္တဦးအျဖစ္ ပါဝင္ခဲ့သလို ဒီမိုကရက္တစ္ ျမန္မာ့အသံ (ဒီဗြီဘီ) အသံလႊင့္သတင္းဌာနႀကီးကို ဦးေဆာင္ဦး႐ြက္ျပဳ စတင္တည္ေထာင္ခဲ့သူ ေဒါက္တာစိန္ဝင္းကို လက္ရွိ ဒီဗြီဘီရဲ႕ ဒါ႐ိုက္တာ တဦးအျဖစ္တာဝန္ ထမ္းေဆာင္ေနတဲ့   ဦးခင္ေမာင္စိုးက ေတြ႕ဆုံေမးျမန္းထားပါတယ္။ ေမး။ ။ ေဒါက္တာစိန္ဝင္းဟာ ၁၉၉၀ ခုႏွစ္မွာလည္း ေ႐ြးေကာက္ခံ လႊတ္ေတာ္အမတ္ျဖစ္ခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာ ႏိုင္ငံျခားကို ဘာေၾကာင့္ ထြက္သြားတာလဲ ဆိုတာကို အရင္ေျပာျပေပးပါလား။ ေျဖ။ ။ “ဟုတ္ကဲ့။ က်ေနာ္တို႔ ၉၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမတိုင္မီမွာ က်ေနာ္တို႔အားလုံး သိတဲ့အတိုင္းပဲ အာဏာပိုင္ေတြကေနၿပီးေတာ့ အတိအက် ေျပာခဲ့တယ္။ ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္က ၉၀ ခုႏွစ္ ေ႐ြးေကာက္ပြဲၿပီးခဲ့လို႔ရွိရင္ က်ေနာ္တို႔ စစ္တန္းလ်ားကို ျပန္မယ္တဲ့။ အေျခခံဥပေဒ ဆြဲတာကလည္း က်ေနာ္တို႔ အလုပ္မဟုတ္ဘူးတဲ့။ ႏိုင္တဲ့ပါတီက ဆြဲပါတဲ့။ ဒါမွမဟုတ္ရင္လည္းစု ေပါင္းဆြဲၾကေပါ့ဗ်ာ။ သူတို႔အလုပ္ မဟုတ္ဘူးတဲ့။ အဲလို အတိအက် ေျပာခဲ့တာ။ အဲဒီအတိုင္းဆိုရင္ ဗမာျပည္ရဲ႕အနာဂတ္လို႔ပဲေျပာေျပာ ၿပီးခဲ့တဲ့အခ်ိန္ပဲေျပာေျပာ အင္မတန္ေကာင္းပါတယ္။ ဒါ က်ေနာ္တို႔ရဲ႕ ယုံၾကည္ခ်က္၊ အဲဒီလို မဟုတ္ဘူးဗ်ာ။ သိတဲ့အတိုင္းပဲ ေနာက္ပိုင္းမွာ အမ်ိဳးမ်ိဳး အေျပာင္းအလဲေတြ လုပ္တယ္။ လုပ္႐ုံတင္မကဘူး။ ဖိႏွိပ္မႈေတြ လာတယ္။ အဲဒီအခ်ိန္အခါမွာ က်ေနာ္တို႔ ဝိုင္းၿပီးစဥ္းစားၿပီးေတာ့ ႏိုင္ငံျခားကိုေတာင္ မဟုတ္ဘူး။ သူတို႔စစ္တပ္ရဲ႕ လက္လွမ္းမမီႏိုင္တဲ့ ေနရာေတြကေန ခပ္ေဝးေဝးသြားၿပီးေတာ့  က်ေနာ္တို႔ စင္ၿပိဳင္အစိုးရ ေထာင္မယ္လို႔ စဥ္းစားၾကတာေပါ့ဗ်ာ။ အဲဒီကေန စတာပဲ။” ေမး။ ။ ဟုတ္ကဲ့။ အဲ့ဒီမွာ စင္ၿပိဳင္အစိုးရအေနနဲ႔ ရပ္တည္မယ္ဆိုၿပီးေတာ့ ဗမာျပည္နဲ႔ နည္းနည္းေဝးတဲ့ေနရာကို ေရာက္သြားတာေပါ့ေနာ္။ ေနာက္ဆုံး ေရာက္ရင္းေရာက္ရင္းနဲ႔ အေဝးဆုံး အေမရိကန္ကို ေရာက္သြားတာေပါ့ေနာ္။ အဲဒီမွာ ဆရာတို႔ ႐ုန္းကန္ခဲ့ရတဲ့ အေနအထားေလးကို မွတ္မိသေလာက္ေျပာျပပါလား။ ေျဖ။ ။ “ဟုတ္ကဲ့ပါ။ ပထမဆုံးကေတာ့ က်ေနာ္တို႔က ဒီလိုပဲ ဒါလုပ္မယ္ဆိုတဲ့ဟာ ရွိတယ္။ ေ႐ြးေကာက္ပြဲႀကီးကို ႏိုင္ၿပီးေတာ့ ဒီတိုင္းပစ္ထားလို႔ မျဖစ္ဘူး၊ ဒါေတြ လုပ္မယ္။ အားလုံး သိတဲ့အတိုင္းပဲ၊ စင္ၿပိဳင္အစိုးရလုပ္ဖို႔ ဆိုတာက က်ေနာ္တို႔ ဘယ္လိုလုပ္ အေတြ႕အႀကဳံရွိမလဲ။ အေတြ႕အႀကဳံလည္း မရွိ။ ဒါေပမဲ့ က်ေနာ္တို႔ လုပ္မယ္ဆိုၿပီး ထြက္လာတယ္။ ထြက္လာေတာ့ တဆင့္တဆင့္နဲ႔ မာနယ္ပေလာ ေရာက္တယ္။ မာနယ္ပေလာ၊ ကရင္ျပည္နယ္ အဲဒီမွာ ေရာက္တယ္။ အဲဒီက တိုင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ က်ေနာ္တို႔ ေတြ႕တယ္။ စကားေျပာၾကတယ္။ အဲဒီအခ်ိန္အခါမွာ သူတို႔ကလည္းပဲ သေဘာတူတယ္။  တူၿပီးေတာ့ ေနာက္ဆုံးပိတ္ သူတို႔ရဲ႕ အစီအစဥ္ေတာင္ ဖ်က္ၿပီးေတာ့ လုပ္ပါဆိုၿပီးေတာ့ က်ေနာ္တို႔ အဲဒီမွာ စၿပီးေတာ့ ေထာင္တယ္။ အခက္အခဲကေတာ့ အႀကီးအက်ယ္ေတာ့ မရွိေသးပါဘူး။ ဒါေပမဲ့လို႔ စင္ၿပိဳင္အစိုးရ ေထာင္မယ္ဆိုတဲ့အခါမွာ ခင္ဗ်ားတို႔ ဘာလုပ္မွာလဲဆိုတဲ့ ေမးခြန္းရွိတယ္။ ဘယ္သူေတြကို အေျခခံၿပီး လုပ္မွာလဲဆိုတဲ့ဟာ ရွိတယ္။ ေနာက္ၿပီးရင္လည္းပဲ က်န္တဲ့ေမးခြန္းေတြ ရွိတယ္။ ပထမေမးခြန္းက ဘာလုပ္မွာလဲ၊  ဘယ္သူေတြကို အေျခခံမွာလဲဆိုတာ က်ေနာ္တို႔ ၁၉၉၀ ေ႐ြးေကာက္ပြဲအမတ္ေတြ ထြက္လာတဲ့အမတ္ေတြ စုၿပီးေတာ့ အဲဒါကို အေျခခံမယ္လို႔ က်ေနာ္ အတိအက် ေျပာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အစိုးရေထာင္တယ္ ဆိုတာ အဖြဲ႕အစည္း ေထာင္တာ မဟုတ္ဘူး။ အခုေထာင္ အခုဖ်က္လို႔လည္း မျဖစ္ဘူး။ ေနာက္ၿပီး သူ႔မွာ အေျခခံရွိရမယ္။ လူတိုင္း ဝင္ၿပီး လုပ္လို႔ မလြယ္ဘူးဗ်ာ။ ေ႐ြးေကာက္ပြဲ ရွိရင္ေတာ့ လုပ္တာေပါ့။ ေ႐ြးေကာက္ပြဲဝင္ၿပီး ေ႐ြးေကာက္ပြဲႏိုင္တဲ့လူေတြနဲ႔ ဖြဲ႕တာ။ အခုက ေ႐ြးေကာက္ပြဲက ဒီလို ျဖစ္သြားတဲ့အခါက်ေတာ့ အေျခခံရွိမွရမယ္။ က်န္တဲ့ အကူအညီေတြကေတာ့ အားလုံးဆီက လိုအပ္တာေပါ့။ အဲဒါက အင္မတန္ အေရးႀကီးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေနာက္ပိုင္းမွာ ဒီဟာေတြက ျပသနာေတြ ေပၚႏိုင္တယ္။ က်ေနာ္တို႔ လုပ္ရည္ကိုင္ရည္ ရွိတယ္။ ဝန္ႀကီး တေနရာ လိုတယ္။ ၂ ေနရာ လိုတယ္၊ အဲဒီအခ်ိန္က်ရင္ စဥ္းစားဖို႔က ေနာက္က်သြားၿပီ။ က်ေနာ္တို႔ အစကတည္းက စဥ္းစားရမယ္။ ကဲ… ဘာလုပ္မလဲဆိုရင္ က်ေနာ္တို႔က တကယ္တမ္း ႏိုင္တာက အန္အယ္လ္ဒီပါတီ၊ အဲဒါကေနၿပီးေတာ့ အစိုးရမဖြဲ႕ႏိုင္လို႔ က်ေနာ္တို႔က ဒီဘက္မွာ ထြက္ၿပီးေတာ့ ဒီမိုကေရစီတိုက္ပြဲကို ဆက္လက္ၿပီးေတာ့ သယ္သြားမယ္ ဆိုတဲ့အတြက္ အန္အယ္လ္ဒီနဲ႔ မျပတ္ဘူးဗ်ာ။ တခ်ိဳ႕ေတြက ဒါ ျပတ္ေစခ်င္တယ္။ ဘယ္သူေတြလဲဆိုတာ မေျပာဘူးေပါ့။ တခ်ိဳ႕ေတြက ျပတ္ေစခ်င္တယ္။ အန္အယ္လ္ဒီ ၿပီးသြားၿပီ၊ မဟုတ္ဘူး။ က်ေနာ္တို႔ ဒါေတြဟာ ၾကည့္ရမယ္။ ေနာက္တခုကေတာ့ က်ေနာ္တို႔ လက္နက္မကိုင္ဘူး။ အၾကမ္းဖက္မႈေတြကို မလုပ္ဘူး။ Non-Violent အေနနဲ႔ပဲ သြားမယ္ဆိုၿပီး က်ေနာ္တို႔ ဆုံးျဖတ္လိုက္ရတယ္။ ေနာက္ တတိယ ဆုံးျဖတ္ခ်က္ကို က်ေနာ္တို႔ အခ်င္းခ်င္းပဲ ဆုံးျဖတ္တယ္။ ဘာေၾကာင့္လဲဆိုရင္ အစိုးရ ေထာင္ရင္ လာမယ့္ေမးခြန္းေတြ ဘာေတြနဲ႔ပဲ၊ ပထမဦးဆုံးအခ်က္က ခင္ဗ်ားတို႔ကို ဘယ္အစိုးရ၊ က်န္တဲ့ အစိုးရေတြေပါ့ေနာ္ ေထာက္ခံသလဲ။ ဘယ္ႏိုင္ငံက အစိုးရေတြ အသိအမွတ္ျပဳသလဲ။ အဲဒီေမးခြန္း လာမယ္၊ အဲဒါက ခက္တယ္၊ အင္မတန္မွ ခက္တယ္။ ဒါေပမဲ့လို႔ က်ေနာ္တို႔က ေျပာတာက အဲဒီေမးခြန္းကို ေရွာင္တာေတာ့ မဟုတ္ဘူး။ က်ဳပ္တို႔ အလုပ္ျဖစ္တဲ့နည္းနဲ႔ အလုပ္ လုပ္မယ္။ ဘယ္ႏိုင္ငံကေနၿပီးေတာ့ အသိအမွတ္ျပဳ၊ မျပဳကို က်ေနာ္တို႔ မႀကိဳးစားဘူး။ အဲဒီအခ်ိန္မွာ ႏိုင္ငံအကုန္လုံးေတာင္ သိတဲ့အတိုင္းပဲ ဘယ္သူ႔ကို အသိအမွတ္ျပဳေနလဲ။ က်ဳပ္တို႔ ကုလသမဂၢကို သြားၿပီးအေရးဆိုမယ္ ဆိုတဲ့ဟာ ေအာက္လိုင္းေပါ့ဗ်ာ အၾကမ္းျဖင့္ ဆုံးျဖတ္လိုက္တယ္။” ေမး ။ ။ အခ်က္ ၃ ခ်က္ကို ဆုံးျဖတ္လိုက္တာေပါ့ေနာ္။ အဲ့ဒီလို စင္ၿပိဳင္အစိုးရအေနနဲ႔ ရပ္တည္ဖို႔က ႏွစ္ ၂၀ ေတာင္ ေက်ာ္သြားတယ္ေပါ့ေနာ္။ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဒီဘက္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရလိုက္တဲ့အခါက်ေတာ့ ေဒါက္တာစိန္ဝင္းကိုယ္တိုင္က ဒါကို ဖ်က္သိမ္းလိုက္ပါတယ္ ဆိုၿပီးေတာ့ လုပ္ခဲ့တယ္ေပါ့ေနာ္။ အဲဒီကာလႀကီးထဲမွာ ဒီစင္ၿပိဳင္အစိုးရအေနနဲ႔ ေအာင္ျမင္မႈ ရွိတယ္ဆိုရင္ ဘယ္လို ေအာင္ျမင္မႈမ်ိဳးက အေရးပါလဲ။ ေျဖ။ ။ “အေရးပါတာေတာ့ ရွိတာေပါ့။ ဥပမာ ဒီဗြီဘီ၊ ဒီဗြီဘီမွာ အားလုံး သိၿပီးပဲ။ ေဒၚေအာင္ဆန္းစုၾကည္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆု ရတယ္၊ က်ေနာ္တို႔ ေနာ္ေဝးကို သြားတယ္။ အဲဒီအခမ္းအနားကို တက္ၾကတယ္။ အဲဒီမွာ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ က်ေနာ္နဲ႔ ေတြ႕တယ္။ ေတြ႕တဲ့အခါမွာ က်ေနာ္က အဲဒီတုန္းကေတာ့ န.ဝ.တ သူတို႔ေတြကေတာ့ အသံလႊင့္တဲ့ဟာကို ၂၄ နာရီ လႊင့္ႏိုင္တယ္၊ ၇ ရက္ လႊင့္ႏိုင္တယ္။ သူတို႔ ႀကိဳက္တဲ့ဟာကို လႊင့္လို႔ရတယ္။ လႊင့္ၾကတယ္ေပါ့ဗ်ာ။ က်ေနာ္တို႔မွာ ဒါမ်ိဳးမရွိဘူး။ က်ေနာ္တို႔က ျပည္တြင္းက ျပည္သူလူထု အမွန္တရားကို သိေအာင္ လႊင့္ခ်င္တယ္။ ဆိုေတာ့သူက လႊင့္ဖို႔အတြက္ ဒီ Technology (နည္းပညာ) ေရာ လႊင့္ခြင့္ေရာ ေပးပါဆိုၿပီးေတာ့ သူက အိုေကတဲ့။ ဆိုၿပီးေတာ့ ပထမဦးဆုံး Press Confrence (သတင္းစာရွင္းလင္းပြဲ) လုပ္တယ္။ လုပ္တဲ့အခါမွာ ေမးခြန္းေတြက ေမးတာေပါ့ဗ်ာ။ ခင္ဗ်ားတို႔ ေနာ္ေဝးက သံ႐ုံးမွာ ဟိုလူေတြ ထိုင္ေနတာ။ ဒီလူေတြကို ခင္မ်ားတို႔ ဒီလို လုပ္ခြင့္ေပးတယ္ဆိုတာ မွန္ပါ့မလား။ ဆိုေတာ့ သူက သိပ္ဂ႐ုမစိုက္ဘူးေပါ့ဗ်ာ။ က်ဳပ္တို႔ လုပ္တာ ဗမာျပည္ရဲ႕အေရးမွာ ပုံမွန္မဟုတ္လို႔။ အမွန္ ပုံစံမက်လို႔၊ သူတို႔က ေ႐ြးေကာက္ပြဲ ႏိုင္ထားတဲ့လူေတြတဲ့။ အထဲကလူေတြက ေ႐ြးေကာက္ပြဲႏိုင္ထားတဲ့ လူေတြ မဟုတ္ဘူးတဲ့။ အဲဒါေၾကာင့္မို႔လို႔ Normal မဟုတ္လို႔ က်ဳပ္တို႔ လုပ္ရပ္ကလည္း Normal မဟုတ္ဘူးတဲ့။ ဟိုလူေတြကိုေတာ့ သံ႐ုံးကေန ဒီတိုင္းပဲထားတယ္။ ဒီလူေတြကိုေတြကိုေတာ့ မင္းတို႔ အသံလႊင့္ဖို႔ ခြင့္ေပးမယ္တဲ့။” ေမး။ ။ ဒါကေတာ့ အႀကီးမားဆုံး ေအာင္ျမင္မႈလို႔ ေျပာရမွာေပါ့ေနာ္။ ဒီေန႔အထိလည္း ဒီဗြီဘီက က်ေနာ္တို႔ ျပည္တြင္းမွာ ဆက္ၿပီးေတာ့.. ေျဖ။  ။ “အႀကီးမားဆုံး ေအာင္ျမင္မႈ၊ ဒါေပမဲ့ က်ေနာ္တို႔ သေဘာတူညီခ်က္ ရွိထားတယ္။ အဲဒါ လူေတြ သိခ်င္ရင္သိမယ္ မသိခ်င္ရင္မသိဘူး။ သေဘာတူညီခ်က္ ၁ က က်ေနာ္တို႔က  အၾကမ္းဖက္မႈကို အားမေပးရဘူးတဲ့။ ဒို႔အေရးေတာင္မွ ေအာ္ခ်င္မွ ေအာ္ရမွာ အၾကမ္းဖက္မႈကို အားမေပးရဘူး။ ၂ အခ်က္ကေတာ့ တိုင္းရင္းသားဘာသာေတြလည္း ပါရမယ္တဲ့။ လႊင့္တဲ့အထဲမွာ  ဆိုတဲ့ အဲဒီအခ်က္ ၂ ခ်က္က အဓိက အခ်က္ ၂ ခ်က္ပဲ။ အဲေတာ့ က်ေနာ္က ဟုတ္ၿပီ ဒါ လုပ္ေပးမယ္။ ဒီတိုင္း လုပ္မယ္ ေပးပါ ဆိုၿပီးေတာ့ ဒီဗြီဘီက ရတာ။ အဲဒါ အႀကီးမားဆုံး ေအာင္ျမင္ျခင္းေပါ့။ ႏိုင္ငံတႏိုင္ငံကေန ၿပီးေတာ့ အသိအမွတ္ေတာ့ မျပဳဘူး။ ဒါေပမဲ့ အသိအမွတ္မ ျပဳသေလာက္ ႀကီးမားတယ္။” ေမး။ ။ စကားေျပာခြင့္ ျပည္သူေတြနဲ႔ ဆက္သြယ္ခြင့္ ျပည္သူေတြကို သူ ေျပာခ်င္တဲ့ဟာ ေျပာခြင့္ရသြားတာေပါ့ေနာ္။ အဲေတာ့ ဆရာတို႔ အဲဒီကာလေတြကေတာ့ တကယ့္ကို ဆရာတို႔လည္း တကယ့္ကို လွ်မ္းလွ်မ္းေတာက္တဲ့ ကာလေပါ့ေနာ္။ ဆရာတို႔ရဲ႕ အသံကိုလည္း ဒီဘက္ကလည္း အၿမဲတမ္း ခိုးေၾကာင္ခိုးဝွက္နဲ႔ နားေထာင္ခဲ့ရတဲ့ ကာလေတြေပါ့ေနာ္။ အဲဒီကေနၿပီးေတာ့  ေဒၚေအာင္ဆန္းစုၾကည္ကို ဒီဘက္ေန အႏိုင္ရၿပီ ဆိုတဲ့အခါက်ေတာ့ ဆရာကေတာ့ စင္ၿပိဳင္အစိုးရဆိုတာ က်ေနာ္တို႔ မလိုေတာ့ဘူး ဖ်က္သိမ္းလိုက္ပါၿပီ ဆိုၿပီးေတာ့ ဆရာ ဆုံးျဖတ္လိုက္တယ္။ အဲဒီကတည္းကေနၿပီးေတာ့ ဆရာ့မိသားစုနဲ႔ ျမန္မာျပည္ကို ျပန္လာဖို႔ စိတ္ကူးခဲ့တာလား။ ေျဖ။  ။ “စိတ္ကူးပါတယ္။ ဘယ္အခ်ိန္ ျပန္မလဲ ဆိုတာေတာ့ က်ေနာ္တို႔ ၾကည့္ေသးတယ္။ ျပန္သင့္တဲ့အခ်ိန္မွာ ျပန္ဖို႔ စိတ္ကူးတယ္။ အဲဒါေတြမကဘူး။ က်ေနာ္တို႔ ႀကိဳးစားတယ္။ သိပ္ၿပီး မေအာင္ျမင္ဘူးဗ်ာ။ အဟန႔္အတားေတြ ေတြ႕ေနတယ္။ သို႔ေသာ္လည္းပဲ မေလ်ာ့ဘဲနဲ႔ ဆက္လက္ၿပီးေတာ့ ႀကိဳးစားတယ္။ အခု က်ေနာ္ ဒီမွာ ေရာက္ေနတာေပါ့။” ေမး။ ။ အခု ဆရာ ေရာက္လာတာက်ေတာ့ ခဏအလည္လာတာလား။ ဒါမွမဟုတ္ရင္ ျမန္မာႏိုင္ငံသားအျဖစ္နဲ႔ အၿပီးအပိုင္ ျပန္လာတာလား။ ေျဖ။ ။ “က်ေနာ္တို႔က ျမန္မာႏိုင္ငံသားကို ေလွ်ာက္ထားတယ္။ ေလွ်ာက္ထားတာကို ဒီဘက္ကေနၿပီးေတာ့ လာတဲ့သတင္းက ဒါကို သေဘာတူပါတယ္တဲ့။ အဲေတာ့ ဟုတ္ၿပီး သေဘာတူရင္ က်ေနာ္တို႔ လာခဲ့မယ္။ သံ႐ုံးကိုသြား၊ သံ႐ုံးကေနၿပီးေတာ့ လက္မွတ္ယူ၊ One Way Ticket  အဲဒါနဲ႔ ဒီကိုေရာက္လာတာ။ ေမး။   ။ ဒါဆိုရင္ ဆရာ့မိသားစု ႏိုင္ငံသားအျဖစ္နဲ႔ မွတ္ပုံတင္ရၿပီလား။ ေျဖ။   ။ “အခု လုပ္ေနတယ္။ အခု လိုအပ္တာကို လုပ္ေနတယ္။ မိသားစုေတာ့ မဟုတ္ဘူး။ က်ေနာ္တို႔ ၃ ေယာက္။ က်ေနာ့္ သမီးကေတာ့ က်န္ခဲ့တယ္။ က်ေနာ့္သားရယ္၊ အမ်ိဳးသမီးရယ္ က်ေနာ္ရယ္။ ” ေမး။ ။ အဲေတာ့ ဆရာ့မိသားစုနဲ႔ ျပန္ေရာက္လာၿပီဆိုေတာ့ ဆရာ ျမန္မာျပည္ကိုေတာ့ ေတာ္ေတာ္ေလး သံေယာဇဥ္ရွိပုံရတယ္။ အထူးသျဖင့္ က်ေနာ့္အျမင္ေပါ့ေလ ဆရာ ႏိုင္ငံေရးကိုလည္း သံေယာဇဥ္မျပတ္ေသးဘူးလို႔ ထင္တယ္။ အဲဒီေတာ့ ဆရာရဲ႕ ႏိုင္ငံေရး အျမင္ေလးေတြကို က်ေနာ္ ဆက္ေမးခ်င္ပါတယ္။ ဆရာတို႔ ဒီျမန္မာျပည္ကို ျပန္မလာခင္မွာ အန္အယ္လ္ဒီရဲ႕ အလံကို ဆက္ကိုင္ၿပီးေတာ့ ဟိုဘက္မွာ အစိုးရ လုပ္ခဲ့တာေပါ့ေနာ္။ ဒီအလံကို ဆက္ကိုင္စရာ မလိုေတာ့ဘူး။ ေဒၚေအာင္ဆန္းစုၾကည္တို႔ ျဖစ္သြားၿပီ ဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ဒါ လႊဲလိုက္တဲ့သေဘာေပါ့။ အဲဒီေတာ့ ဆရာတို႔က အန္အယ္လ္ဒီ အခုလုပ္ေနတဲ့ ႏိုင္ငံေရးနဲ႔ သူ ရင္ဆိုင္ေနရတဲ့အေပၚမွာ ဟိုဘက္က ျမင္တဲ့အျမင္က ဆရာ ဘယ္လို ျမင္သလဲ ဆရာ။ ေျဖ။ ။ “ဘာျမင္ျမင္ေပါ့ က်ေနာ္တို႔ လုပ္စရာရွိတာ လုပ္တာကိုး။ အေျခအေန တကယ္ ေျပာင္းသြားၿပီဆိုရင္  ဟိုဘက္ ဒီဘက္ေတာင္ တကယ္မရွိသင့္ေတာ့တဲ့ အေျခအေနေတာင္ ျဖစ္ရမယ္။ တြဲလုပ္မယ္၊ ဒီဟာ ဒီဟာကိုေတာ့ သေဘာတူတယ္။ ဒီဟာ ဒီဟာကိုေတာ့ ခ်က္ခ်င္း က်ဳပ္တို႔ သေဘာမတူႏိုင္ဘူး။ အေျခအေနေတြ ဒီလိုရွိတယ္။ ဒါေပမဲ့ က်ဳပ္တို႔က ဒီမိုကေရစီကို လက္ခံတယ္။ အဲဒါ ဘယ္သူလဲ မသိဘူး။ တေယာက္ ေျပာတယ္ဗ်ာ။ အတိအက် ေျပာၿပီးၿပီ ဆိုလို႔ရွိရင္ အဖုအထစ္ေတြ။ ဘာေတြကို ဖယ္ပစ္ရမယ္။ ဖယ္ၿပီးေတာ့ လြယ္ကူတဲ့လမ္းကို သြားၾကရမွာ။ ၿပီးရင္ ဟိုဘက္ ဒီဘက္ဆိုတာ မရွိသင့္ေတာ့ဘူးေပါ့ဗ်ာ။” ေမး။ ။ ဒါသည္ အန္အယ္လ္ဒီက ေျပာေနတဲ့ အမ်ိဳသားရင္ၾကားေစ့ေရးတို႔၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးတို႔ သူ႔ဘက္ ကိုယ့္ဘက္ဆိုတာ ခြဲစရာ မလိုဘူး။ ဒီမိုကေရစီ လမ္းေၾကာင္းကို သြားမယ္၊ ႏိုင္ငံကို ေျပာင္းလဲမယ္ဆိုရင္ေတာ့ အားလုံးက နည္းနည္း သူ ေလွ်ာ့၊ ကိုယ္ ေလွ်ာ့ အဲဒါမ်ိဳး သြားရမယ္လို႔ ဆရာ ျမင္တာေပါ့ေနာ္။ အဲေတာ့ အန္အယ္လ္ဒီဘက္က ဒီအမ်ိဳးသားရင္ၾကားေစ့ေရးကို လုံးဝ ကိုင္ထားတယ္လို႔ က်ေနာ္ ျမင္တယ္။ စီးပြားေရးကိစၥကို သူတို႔ ေျပာတဲ့အခါေတာင္မွ  အမ်ိဳးသားရင္ၾကားေစ့ေရးကို ဦးတည္တဲ့ စီးပြားေရး ေပၚလစီမ်ိဳးကို သြားမယ္ ဆိုတာမ်ိဳးကို ေျပာတာေပါ့ေနာ္။ ဒါေပမဲ့လို႔ ႏိုင္ငံေရးတခုကို ေျပာင္းလဲတယ္ ဆိုတာကလည္း အခက္အခဲတခု ဆရာလည္း ေတြ႕မွာေပါ့ေနာ္။ ဆရာတို႔ ျဖတ္သန္းလာရတဲ့ အေမရိကမွာ ေနေပမယ့္ ဥေရာပဘက္မွာ အေျပာင္းအလဲေတြ ဘာေတြ လုပ္တာေတြ ရွိေတာ့ လက္ရွိ အေျပာင္းအလဲမွာ ဆိုရင္လည္း က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးက ေတာ္ေတာ္ေလး ခက္ထန္ေနေသးတယ္။ အထူးသျဖင့္ အရင္တုန္းက ဘာသာေရးေခါင္းေဆာင္ေတြ ႏိုင္ငံေရးကို ဝင္လုပ္ခဲ့တာ၊ အခု ဘာသာေရး ဆိုတဲ့ ေခါင္းေဆာင္ေတြရဲ႕ ႏိုင္ငံေရးေပါ့။ အဲေတာ့ ဆရာ ဘယ္လို ျမင္သလဲ။ ဘာသာေရးနဲ႔ ႏိုင္ငံေရး ေရာယွက္မႈအေပၚမွာ။ ေျဖ။  ။ “အဲဒါက က်ေနာ္ ရွင္းရွင္းေျပာရင္ေတာ့  ေရာယွက္တာကိုေတာ့ နားလည္ႏိုင္တယ္။ အထူးသျဖင့္ေတာ့ အဂၤလိပ္လက္ထက္တုန္းက ဆရာေတာ္ဦးဥတၱမ၊ ဆရာေတာ္ဦးဝိစာရ ဒီလိုပဲ သူတို႔ေတြက ဘာသာေရးဆိုေတာ့ ဘုန္းႀကီးတယ္ေပါ့ဗ်ာ။ ဘုန္းႀကီးေတြဆိုတာ ဒကာေတြနဲ႔ မကင္းဘူးဗ်ာ။ ဒီျပည္သူလူထု စိတ္မခ်မ္းသာတဲ့ဟာကို ျမင္တယ္။ ကိုယ့္တိုင္းျပည္က ေကာင္းစားေစခ်င္တယ္။ အဲဒီက်ေတာ့ ႏိုင္ငံေရးကေတာ့ အနည္းနဲ႔အမ်ား ဝင္လာတတ္တယ္။ ဝင္လာတယ္။ သို႔ေသာ္လည္းပဲ ဒီဘာသာေရးမွာ ထိပ္တန္းက သြားတဲ့ ဘုန္းေတာ္ႀကီးေတြကေတာ့ ဘုရား တရားရဲ႕ အဆုံးအမနဲ႔ သိကၡာဝိနည္း အဲဒီထက္ေတာင္ မေက်ာ္သင့္ဘူး။” ေမး။ ။ အဲဒါ နည္းနည္းရွင္းျပပါဦး ဆရာ။ ‌ေျဖ။ ။ သိကၡာဝိနည္း ဆိုတာက ဒီသံဃာေတာ္ေတြဟာ ဘာသာေရးပဲ လုပ္သင့္တယ္။ သာသနာေတာ္ သုံးရပ္၊ ဒါကိုပဲ လုပ္သင့္တယ္။ ဒါေပမဲ့လို႔ ဆရာေတာ္ဦးဥတၱမ ဆိုရင္သြားၿပီးေတာ့ ႏိုင္ငံေရး ေဟာတယ္။ ဘယ္တိုင္းျပည္မွာေတာ့ ဘယ္လို ႀကီးပြားေနတယ္။ ဘယ္လို တိုးတက္ေနတယ္။ မင္းတို႔သိတဲ့ အဂၤလိပ္ေတြ မဟုတ္ဘူး။ ဂ်ပန္မွာလည္း တိုးတက္ေနတယ္။ ငါတို႔ ဘာလို႔ မတိုးတက္ရမွာလဲ။ ဒီသေဘာမ်ိဳးေပါ့ဗ်ာ။ ဒါေပမဲ့ ေဟာတာပဲ။ ဦးဝိစာရ ဆိုရင္လည္း ဒကာေရ လိမ္မာၾကပါ။ တေယာက္နဲ႔ တေယာက္ ရန္မျဖစ္ဖို႔ ေျပာတာ။ ညီၫြတ္ၾကပါ။ ေျပာတာပဲ။  ေနာက္ၿပီးရင္ တိုက္ပြဲဝင္သြားတယ္။ အစာငတ္ခံ ဆႏၵျပ တိုက္ပြဲဝင္ရင္းနဲ႔ပဲ ပ်ံလြန္ေတာ္မူသြားတယ္။ ဦးဝိစာရ ေက်ာက္တိုင္ ရွိတယ္။ အဲလိုေတာ့ ဝင္ၾကတာရွိတယ္။ က်န္တာေတြလည္း ရွိတယ္။ အဲဒါေတြကေတာ့ ကေလာင္နဲ႔ ေရးတဲ့ဟာေတြ၊ ထီးသုဥ္း နန္းသုဥ္း ႀကဳံတဲ့အခါမွာ သုည သုံးခုရွိတဲ့ တိုင္းျပည္ မေနခ်င္ေတာ့ဘူး ဆိုၿပီးေတာ့ ဆီးဘန္းနီဆရာေတာ္ ေရးသြားတယ္။ အဲဒါ ႏိုင္ငံေရးပဲ။ အဲဒီလို လုပ္သြားၾကတာေတြ ရွိတယ္။ ဒါေပမဲ့လို႔ ဆရာေတာ္ေတြ သံဃာေတာ္ေတြက သူတို႔ ေစာင့္စည္းရတဲ့ သိကၡေတာ္ေတြက နည္းတာ မဟုတ္ဘူး။ အဲဒီလို မေက်ာ္ဖို႔ေတာ့ အေရးႀကီးတယ္။ ဆိုလိုတာကေတာ့ အၾကမ္းဖက္မႈေပါ့ဗ်ာ၊ အၾကမ္းဖက္မႈကို မေက်ာ္ဖို႔ေတာ့ အေရးႀကီးတယ္။” ေမး။ ။ ဆိုလိုတာကေတာ့ ႏိုင္ငံေရး လုပ္ေပမယ့္လို႔ ဗုဒၶဘာသရဲ႕ ေဘာင္ထဲကပဲ လုပ္။ အၾကမ္းဖက္တာကို လႈံ႕ေဆာ္တ‌ာမ်ိဳးေတြ၊ အားေပးတာမ်ိဳးေတြ၊ မလုပ္သင့္ဘူးေပါ့ေနာ္။ အဲဒီေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေနအထားကေတာ့ ႏိုင္ငံေရးအေျပာင္းအလဲဆိုေတာ့ အဲဒါမ်ိဳးေတြမွာလည္း နည္းနည္းေတာ့ အေျပာင္းအလဲေတြေတာ့ ရွိတာေပါ့ေနာ္။ ဆရာ အခု ေျပာသြားတာကေတာ့ ေတာ္ေတာ္ေလး တန္ဖိုးရွိပါတယ္။ ေနာက္ က်ေနာ္တို႔အတြက္ အေရးႀကီးဆုံးကေတာ့ ဒီမိုကေရစီလမ္းေၾကာင္းကို ဆက္သြားဖို႔ ေ႐ြးခ်ယ္ထားတာဆိုေတာ့ ဆက္ၿပီးေတာ့ သြားရမွာပဲ။ ေနာက္က ျပန္ဆုတ္လို႔မရဘူး။ ေရွ႕မွာ ေနာက္ႏွစ္ဆိုရင္ ေ႐ြးေကာက္ပြဲက ရွိတယ္။ အဲေတာ့ အဲဒီေ႐ြးေကာက္ပြဲမွာေရာ က်ေနာ္တို႔ ဒီမိုကေရစီ အင္အားစုေတြက အႏိုင္ရမယ္ ထင္လား။ အခု က်ေနာ္တို႔ နည္းနည္း စိုးရိမ္ေနတာေတာ့ ရွိတာေပါ့ေနာ္။ ေျဖ။ ။ “အဲဒါ ေျပာရခက္တယ္ဗ်ာ။ ေျပာရခက္တယ္ဆိုတာ က်ေနာ္ကလည္းပဲ အန္အယ္လ္ဒီက ထြက္လာတာ။ ဆိုေတာ့ အန္အယ္လ္ဒီကို အားေပးတယ္ဆိုၿပီး ျဖစ္ဦးမယ္။ အခု ေဝဖန္ေနတဲ့ လူေတြလည္း အမ်ားႀကီး ရွိတယ္။ အန္အယ္လ္ဒီရဲ႕ ဒီကေန႔ လုပ္ပုံကိုင္ပုံေတြဘာေတြ စသည္အားျဖင့္ေပါ့ေနာ္။ အဲဒီေတာ့ မ်က္ျခည္မျပတ္ဖို႔ကေတာ့ အေရးႀကီးတယ္။ ဒီဗိုလ္ခ်ဳပ္ေအာင္ဆန္း ေျပာသလိုပဲ “We are not out of the wolf.” တဲ့ သူ မက်ဆုံးခင္က ေျပာသြားတယ္။ က်ေနာ္တို႔ လြတ္လပ္ေရး မရေသးဘူးတဲ့။ ဒီေလာက္ဆိုရင္ေတာ့ က်ေနာ္ ေျပာတာ သေဘာေပါက္ၿပီနဲ႔ တူတယ္။ က်ေနာ္တို႔ လြတ္လပ္ေရး မရေသးဘူး၊ ခါးေတာင္းက်ိဳက္ မျဖဳတ္ပါနဲ႔။ သူ ေျပာသြားတယ္။ အဲဒီေတာ့ ဘာေတြ လုပ္သင့္တယ္။ ဘာေတြ မလုပ္သင့္ဘူးလဲ။ ဘယ္ေနရာမွာ သည္းခံသင့္လဲ၊ ဘယ္ေနရာမွာ ေျပာသင့္လဲ။ ဒီအန္အယ္လ္ဒီကလည္းပဲ ဘာေတြ ျပင္သင့္လဲ၊ ျပင္ဖို႔ လုပ္ရမယ္။ ဒါေတြကေတာ့ ျပည္သူလူထုနဲ႔ အန္အယ္လ္ဒီနဲ႔ ရွင္းရွင္းလင္းလင္း နားလည္ဖို႔ လိုလိမ့္မယ္။” ေမး။ ။  အဲေတာ့ က်ေနာ္ ဆရာ့ကို ေနာက္ဆုံး ေမးခြန္းေလးတခု ေမးၾကည့္ခ်င္တယ္။ ဆရာ မိသားစုနဲ႔လည္း ျပန္လာတယ္။ ဆရာ ဒီမွာ ဘာဆက္လုပ္မယ္လို႔ ရည္႐ြယ္ထားလဲ။ ႏိုင္ငံေရးပဲ ဆက္လုပ္မလား ဒါမွမဟုတ္ တျခား ဆရာရဲ႕ပညာေရးလုပ္ငန္းပဲ ဆက္လုပ္မလား။ ေျဖ။ ။ “ ဟိုနည္းနည္း၊ ဒီနည္းနည္းေပါ့ဗ်ာ။ ဘာေၾကာင့္လဲဆိုေတာ့ အန္အယ္လ္ဒီနဲ႔လည္း မျပတ္ဘူးေပါ့ေနာ္။ ကိုယ့္အသိမိတ္ေဆြေတြ ရွိတယ္၊ ကိုယ့္ရဲေဘာ္ရဲဘက္ေတြလည္း ရွိတယ္၊ အဲဒါေတြနဲ႔ေတာ့ ျပန္ဆက္တာေပါ့ေနာ္။ ျပန္ဆက္ၿပီးေတာ့ စကားေျပာေဆြးေႏြး ဒီတိုင္းပဲ စာသင္တဲ့ ေနရာမွာလည္းပဲ ဘယ္လို သင္ရမလဲ၊ ဘယ္ေနရာမွာ ဝင္ၿပီးေတာ့ လုပ္ရမလဲဆိုတာလည္း ရွိတာေပါ့ေနာ္။ ေနာက္ မိသားစုအေရးကလည္းပဲ က်ေနာ့္သားက မၿပီးေသးဘူး။ သြားလိုက္ လာလိုက္ လုပ္ရဦးမယ္။ ဒီအေရးေတြ အကုန္လုံး မွ်တေအာင္ေပါ့ေနာ္။ က်ေနာ္ကေတာ့ လိုခ်င္သည္ ျဖစ္ေစ၊ မလိုခ်င္သည္ ျဖစ္ေစ က်ေနာ့္ရဲ႕ အႀကံဉာဏ္ေတာ့ ေပးမွာပဲ။ ဘယ္သူမဆိုေပါ့ေနာ့္။ မွန္ခ်င္လည္း မွန္မယ္။ မွားခ်င္လည္း မွားမယ္။ ဒါေပမဲ့လို႔ က်ေနာ္ အႀကံဉာဏ္ေပးခ်င္တယ္။ သူမ်ားရဲ႕ အႀကံဉာဏ္ လိုခ်င္တယ္။ အဲဒီလို လုပ္သြားခ်င္တယ္။  တေနရာမွာ ဝင္ၿပီးေတာ့ တည္ေနတယ္။ အဲဒါမ်ိဳးေတာ့ က်ေနာ္ သိပ္မလုပ္ခ်င္ေတာ့ဘူး။ ” ေမး။ ။ ဆရာ့ရဲ႕ႏိုင္ငံေရး ဦးေဆာင္မႈေတြနဲ႔ ဆရာနဲ႔ေပါင္းခဲ့တဲ့ ႏိုင္ငံေရးသမားေတြ၊  ဆရာတို႔ကို မဲေပးခဲ့တဲ့ ျပည္သူေတြ ဆရာတို႔ဘက္မွာ အားေပးခဲ့တဲ့ ႏိုင္ငံတကာက အဖြဲ႕အစည္းေတြ၊ ဆရာ ဒီကို ေရာက္လာၿပီး ေနာက္ပိုင္းမွာ  အဲဒီလူေတြကို ဆရာ ဘာေျပာခ်င္လဲ။ ေျဖ။ ။ “တစ္အခ်က္ကေတာ့ က်ေနာ္တို႔ကို ေထာက္ခံတဲ့ ႏိုင္ငံတကာက လူေတြကိုေတာ့ ခင္ဗ်ားတို႔ ေထာက္ခံတာ အေရးပါတယ္။ က်ဳပ္တို႔ ဒီေနရာကို ေရာက္တာ အားလုံးနဲ႔လည္း ဆိုင္ပါတယ္။ က်ဳပ္တို႔ ေအာင္ျမင္မႈ၊ မန္ဒဲလား ေျပာသြားတာက က်ဳပ္တို႔ေအာင္ျမင္မႈဟာ ခင္မ်ားတို႔ ေအာင္ျမင္မႈနဲ႔ အတူတူပါပဲတဲ့။ အဲသလိုေပါ့။ သူတို႔က အားေပးတယ္။ အားေပးတဲ့အတြက္ ဒီေနရာ ေရာက္တယ္။ သူတို႔ ေအာင္ျမင္မႈလည္း ပါတယ္။ က်ေနာ္တို႔ ေအာင္ျမင္မႈလည္း ပါတယ္။ ဒီမိုကေရစီ ေအာင္ျမင္မႈေပါ့ဗ်ာ။ ဒီအေျခအေန ေရာက္ေအာင္။ ျပည္သူလူထုကေတာ့ သူတို႔လည္း သိပါတယ္။ အေျခခံလူတန္းစားေတာ့ ပိုသိတယ္။ က်ေနာ္တို႔ကေတာ့ သတင္းဖတ္မယ္ စဥ္းစားမယ္။ သူတို႔ကေတာ့ လက္ေတြ႕ ျဖတ္သန္းခဲ့ရတဲ့လူေတြ။ ဆိုေတာ့ သိတဲ့အတိုင္းပဲ။ တတ္ႏိုင္တဲ့ေနရာမွာ သူတို႔ လုပ္တယ္ဗ်ာ။ က်ေနာ္ ေျပာျပမယ္။ ၁၉၆၀ ေလာက္က ေ႐ြးေကာက္ပြဲ အဲဒီေ႐ြးေကာက္ပြဲမွာ ႏိုင္လည္း ႏိုင္ရမယ္၊ ရႈံးလည္း ရႈံးရမယ္ဆိုတဲ့ ပါတီ ဘာျဖစ္သြားလဲ။ က်ေနာ္ သိတယ္။ ျပည္သူလူထုက ဒါမ်ိဳး ဘယ္လက္ခံမလဲ။ ႏိုင္လည္းႏိုင္ရမယ္၊ ရႈံးလည္း ႏိုင္ရမယ္ဆိုတဲ့ ပါတီမ်ိဳးေတြက မရဘူး။ ျပည္သူလူထုကေနၿပီးေတာ့ ကန္ထုတ္ပစ္လိုက္တယ္။ ၁၉၉၀ မွာ တဖက္က အားလုံးကို ကိုင္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္လည္း အက်ယ္ခ်ဳပ္ အန္အယ္လ္ဒီက သိတဲ့အတိုင္းပဲ လႈပ္ေတာင္မလႈပ္ႏိုင္ဘူး။ အဲလိုအေျခအေနမ်ိဳးမွာ ျပည္သူလူထုက ဘယ္ဘက္ကို မဲထည့္လဲ။ အဲဒီလိုပဲ ျပည္သူလူထုက ဆုံးျဖတ္ခ်က္ မွန္တယ္ဗ်ာ။ ” ေမး။ အဲေတာ့ က်ေနာ္တို႔ ျပည္သူေတြအေပၚမွာ ဆရာ့ရဲ႕ ယုံၾကည္မႈကေတာ့ အရင္အတိုင္းပဲ ထက္သန္ေနဆဲပဲ ျဖစ္တယ္ေပါ့ေနာ့္။ ဘာမွ စိတ္မပူဘူးေပါ့ေနာ္။ ေျဖ။  ။ “အေရးႀကီးတာက အန္အယ္လ္ဒီပါတီက သိပ္သည္းမႈ ရွိရမယ္။ အဲဒါေတြကေတာ့ အန္အယ္လ္ဒီက လုပ္မွာပါ။ ဘယ္လို ေခၚမလဲ မွန္မွန္ကန္ကန္ ရွိရမွာေပါ့။ သူတို႔ လုပ္ႏိုင္တဲ့ဟာကို လုပ္မွာ မလုပ္ႏိုင္တဲ့ဟာ ဆိုရင္ေတာ့လည္း ေျပာလိုက္။ အန္အယ္လ္ဒီပါတီက ဒီဟာကေတာ့ က်ဳပ္တို႔ မလုပ္ႏိုင္ဘူး။ က်ဳပ္တို႔ လုပ္ေတာ့ လုပ္ခ်င္တယ္။ ဒါမလုပ္ႏိုင္ဘူး။ ဒါ ဘာေၾကာင့္ ျဖစ္ေနသလဲ။ ဒါကေတာ့ ေ႐ြးေကာက္ပြဲေၾကာင့္ ျဖစ္တာ။ ဒီေ႐ြးေကာက္ပြဲက ဘယ္လို ေ႐ြးေကာက္ပြဲလဲ။ ဒါကေတာ့ အေျခခံဥပေဒေၾကာင့္ ျပင္လို႔မရတဲ့ အေျခခံဥပေဒက ဘယ္လို အေျခခံဥပေဒ ျဖစ္မလဲ။ ဒါေတြက ျပင္ရမယ္။ ေရရွည္အတြက္ ဒါေပမဲ့လို႔ အန္အယ္လ္ဒီကေတာ့ ရွင္းရွင္းလင္းလင္း ေျပာသင့္တယ္။ ဒီကိစၥဟာ က်ဳပ္တို႔နဲ႔ ဆိုင္တယ္။ ဒီကိစၥကေတာ့ က်ဳပ္တို႔ ဘာမွ မလုပ္ႏိုင္ဘူး။ ခင္ဗ်ားတို႔လည္း သိတယ္။ က်ဳပ္တို႔လည္းသိတယ္။ ဘယ္သူနဲ႔ ဆိုင္သလဲ ဒါေျပာရမယ္။” (႐ုပ္သံၾကည့္ရႈရန္ ) ေဒါက္တာစိန္ဝင္းႏွင့္ ဒီဗြီဘီေတြ႕ဆုံေမးျမန္းခ်က္- အပိုင္း (၁) ႐ုပ္သံ   ေဒါက္တာစိန္ဝင္းႏွင့္ ဒီဗြီဘီေတြ႕ဆုံေမးျမန္းခ်က္- အပိုင္း (၂) ႐ုပ္သံ
2 years Ago
Up