ဂျူဗင်တပ်စ် တောင်ပံကစားသမား ဒေါက်ဂလပ်ကော်စတာဟာ ဝုဗ်ဗာဟမ်တန်အသင်းကို အမှတ်မထင် ပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ကော်စတာဟာ နည်းပြသစ် ပီယာလိုလက်ထက်မှာ ပွဲထွက်ခွင့်ရဖို့ အခြေအနေ မကောင်းတာကြောင့် အသင်းပြောင်းဖို့ ရှိနေတာပါ။
ကော်စတာရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်စ်ဟာလည်း ကော်စတာအတွက် အသင်းသစ် ရှာဖွေနေပြီး ဝုဗ်ဗာဟမ်တန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
ဝုဗ်အသင်းဟာလည်း တိုက်စစ် ကစားသမား ဒီယေဂိုဂျိုတာကို လီဗာပူးအသင်းဆီ ရောင်းချခဲ့တာကြောင့် တိုက်စစ်ကစားသမားတစ်ဦး ပြန်လည်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
ကော်စတာဟာ ဆမ်ဒိုးရီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ၈ မိနစ်သာ လူစားဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၃၀ ရှိ ဘရာဇီးကစားသမား ဒေါက်ဂလပ်ကော်စတာဟာ ရှက်တာဒိုးနက်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေ ကစားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ဂျုဗင်တပ်စ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
7 months Ago