ဒေသတွင်းတည်ငြိမ်းရေး

August 26, 2021

ဒေသတွင်းတည်ငြိမ်းရေး မနှောင့်ယှက်ရန် အမေရိကန်ကို တရုတ်သတိပေး

အမေရိကန်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို နှောင့်ယှက်နေတာ ရပ်သင့်ပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်က သြဂုတ် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန်ဒုသမ္မတ ကာမာလာဟာရစ်က တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှ အိမ်နီးချင်းတွေကို အနိုင်ကျင့်နေတယ်လို့ စွပ်စွဲအပြီးမှာ တရုတ်က ခုလို တုန့်ပြန်လိုက်တာပါ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းကလည်း တရုတ်အစိုးရမီဒီယာက ဟာရစ်ဟာ တရုတ်နဲ့ အရှေ့တောင် အာရှနိုင်ငံတွေကြား သပ်လျှိုဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

တရုတ်ဟာ ဥပဒေနဲ့မညီတဲ့ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုရေးရာ အခိုင်အမာ ပြောဆို ချက်တွေကို ကျောထောက်နောက်ခံပေးဖို့ ခြိမ်းခြောက် အကျပ်ကိုင်တဲ့ နည်းလမ်းကို သုံးနေ တယ်လို့ ဟာရစ်က စင်ကာပူနိုင်ငံမှာ ရှိနေချိန်က မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းတွေကို ပိုင်တယ်လို့ တရုတ်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် နဲ့ ထိုင်ဝမ်တို့က အခိုင်အမာ ပြောရင်း ငြင်းခုံနေတာပါ။

တောင်တရုတ်ပင်လယ်မှာ အရေးပါတဲ့ သင်္ဘောလမ်းကြောင်းတွေ ဖြတ်သန်း နေသလို သဘာဝဓာတ်ငွေ့သိုက်တွေနဲ့ ငါးသယံဇာတ ကြွယ်ဝပါတယ်။

3 months Ago
Up