ဒေသခံ PDF

September 25, 2021

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF များ တိုက်ပွဲထပ်ဖြစ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက် ဒီနေ့ မနက် ၉ နာရီက စစ်ကောင်စီတပ်တွေနဲ့ ဒီးမော့ဆို PDF၊ KNDF၊ K.A တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်အင်အား ၂၀၀ လောက်နဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာကို စစ်ကြောင်းထိုးရာကနေ စတင်တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး  ကုန်းသာကျေးရွာနဲ့ သေးဆူလဲကျေးရွာမှာလည်း  ဒီမနက် ၉ နာရီကနေ မွန်းလွဲပိုင်းအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်တပ်က တာဝေးပစ်ကျည် အသုံးပြုတိုက်ခိုက်ခဲ့တဲ့အပြင်  ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးပြီး နေရာယူထားတယ်လို့လည်း ဒေသခံ ကာကွယ်ရေးတပ်သားတွေက ပြောပါတယ်။   

ဒီနေ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။  

ဒီးမော့ဆိုမြို့နယ်မှာ ဒေါပိုးစီကျေးရွာအနီးမှာ  စက်တင်ဘာ ၂၁ ရက်ကလည်း  စစ်ကောင်စီတပ်တွေနဲ့  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်  KNDF တပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမီးပွိုင့်အနီး စက်တင်ဘာ ၁၇ ရက်က ‌မိုင်းလက်ကျန် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်က ကျေးရွာအတော်များများ တကျော့ပြန် တောတောင်တွေထဲ ထွက်ပြေးတိမ်း ရှောင်နေကြရသလို လက်ရှိ ကယားပြည်နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် စစ်ရှောင်ဒေသခံ တသိန်းကျော် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရပါတယ်။

Photo - ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်

1 month Ago

September 21, 2021

ပုလဲမြို့နယ်တွင် စစ်​ကောင်စီတပ်ကို ​ဒေသခံ PDF က ဝင်​ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နွယ်အင်း​ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်ကို ​ဒေသခံ PDF အဖွဲ့က စက်တင်ဘာ ၂၁ ရက် မနက်ပိုင်း ဝင်​ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တာဘာ ၂၀ ရက်​နေ့က နွယ်အင်း​ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်ဖွဲ့ အင်အား ၄၀ လောက်ကို စက်တင်ဘာ ၂၁ ရက်မနက် ၈ နာရီဝန်းကျင်​လောက်မှာ  ဒေသခံ PDF အဖွဲ့က စတင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဟာ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်​နေချိန်အတွင်း မိုးရွာသွန်းမှု ရှိခဲ့တာ​ကြောင့် ​ဒေသခံ PDF အဖွဲ့က ​နောက်ပြန်ဆုတ်ခွာသွားတယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ 

ပစ်ခတ်မှုအပြီး နွယ်အင်း​ကျေးရွာနဲ့ ချင်ပြစ်ကျင်း​ကျေးရွာကြားမှာရှိတဲ့ ​တော​နေအိမ် ၁ လုံးကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသလို တိုက်ပွဲအတွင်းမှာ ​ဒေသခံ PDF အဖွဲ့ဘက်က ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး စစ်​ကောင်စီဘက်က ကျဆုံးမှုအ​ခြေအ​နေကို​တော့ မသိ​ရ​သေးဘူးလို့ ​ပြောပါတယ်။

1 month Ago
Up