ဒေသခံ ၂၀၀

January 14, 2022

မုံးကိုးမြို့နယ်ခွဲတွင် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ခန့် ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်နယ် မုံးကိုးမြို့နယ်ခွဲ ဝိန်းဆိုင်ကျေးရွာအုပ်စု စမာရွာ၊ ဟူဘန်ရွာ နဲ့ နောင်ဟိန့်ရွာတို့ဘက် စစ်ကောင်စီ နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၂၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေခံတွေ‌ဆီက သိရပါတယ်။

"ဒီနေ့ ထပ်တိုးတာ စမာရွာနဲ့ ဟူဘန်ရွာရွာ ၂ ရွာက။ ရွာခံတွေအကုန်လုံးတော့ မရောက်လာနိုင်သေးဘူး။ ကလေးငယ်ရှိတဲ့သူတွေ အရင်ရှောင်လာကြတာ။ လွယ်ဆာရွာက အိမ်ထောင်စု ၁၅ စု၊ စာရင်းတွေက မချုပ်ရသေးတော့ မသိရသေးဘူး။ လူဦးရေ အားလုံးက ရွာ ၄ ရွာက ၂၀၀ နီးပါး ရှိပြီ" လို့ စာရင်းပြုစုနေသူတဦးက ပြောပါတယ်။

ဟူဘန်ရွာနဲ့ စမာရွာကြားမှာ ဇန်နဝါရီ ၁၃ ရက်နေ့က စစ်ကောင်စီနဲ့ KIA တို့ အကြား မိနစ်အနည်းငယ် တိုက်ဖြစ်ပွားခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။

"ဒီနေ့တော့ ခဏပဲ။ ၁ နာရီ နဲ့ ၂ နာရီ ကြား။ အဲရွာက လူတွေ ဒီနေ့ ညနေပိုင်း ပြန်ရှောင် လာနိုင်ခဲ့တယ်။ တချို့က မရောက်လာနိုင်သေးဘူး။ ရွာမှာ ပြန်နေနေကြတယ်။" 

ထွက်ပြေး တိမ်းရှောင်လာတဲ့ ရွာခံအချို့ နှစ်ဘက်ပစ်ခတ်နေတဲ့ ကြားနေရာ ရောက်နေကြောင်း ထွက်ပြေးလာသူတဦးက ပြောပါတယ်။

"ဆက်တိုက် အသံကြားနေတာ။ စစ်ကောင်စီ ဘက်က အသံသိပ် မကြားရတော့ဘူး။ KIA ဘက်က ပိုကြားနေရတယ်။ အနီးကပ်ကို ဖြစ်သွားတာ။ ကျနော်တို့ နားလေးတင် ဖြစ်လာလို့တောင် ပြေးလာတာ။ ထွက်ပြေးလာတဲ့ သူတွေက ဟူဘန်ရွာက လူတွေ ဖြစ်မယ်။ စမာရွာက ရှောင်တာ များနေတယ်။ အောက်မှာ လာရှောင်နေကြတယ်။"

ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းကစ ည ၈ နာရီခွဲလောက်အထိ လွယ်ဆာရွာဘက်မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာခံအချို့ ဝိန်းဆိုင်ရွာထဲ ထွက်းပြေး လာနိုင်ခဲ့ပေမယ့် တချို့က ပိတ်မိခဲ့ပြီး ဒီက‌နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့  နေ့ခင်းပိုင်းမှ ပြန်ထွက်လာ နိုင်ခဲ့တယ်လို့ ရှောင်တိမ်းလာသူတဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၃ နာရီလောက်ကနေ ညပိုင်းအထိ နောင်ဟိန့် ရွာဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် အဲဒီရွာက ပြည်သူတွေလည်း ရွာလုံးကျွတ် ဝိန်းဆိာင်ရွာကို ထွက်ပြေးလာခဲ့ကြတာပါ။

တိုက်က်ပွဲဖြစ်နေတဲ့အချိန် ထွက်ပြေးလာရလို့ ဘာမှမယူခဲ့ရတာကြောင့် ခိုလှုံဖို့နေရာ အဆင်ပြေပေမယ့် စားနပ်ရိက္ခာ၊ ဆပ်ပြာ၊ သွားတိုက်တံတွေလို အသုံးအဆောင်ပစ္စည်းတွေ လိုအပ်လာနေတယ်လို့ တိမ်းရှောင်လာသူတွေက ပြောပါတယ်။

11 months Ago

July 31, 2020

ကန်ကြီးထောင့်မြို့နယ်ရှိ အသောကရာမကျောင်းတိုက်ကို ချိတ်မပိတ်ရေး ဒေသခံ ၂၀၀ ခန့် ဆန္ဒပြ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဆင်ဂေါင်းကျေးရွာရှိ အသောကရာမကျောင်းတိုက်ကို သံဃနာယကအဖွဲ့ အဆင့်ဆင့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ချိတ်မပိတ်စေဖို့ ဒေသခံ ၂၀၀ နီးပါးက ဇူလိုင် ၃၀ ရက်နေ့က ပုသိမ်မြို့မှာ လာရောက် ဆန္ဒပြပါတယ်။ အာသောကရာမကျောင်းတိုက်မှာ ဆင်ဂေါင်းကျေးရွာသားတွေ အစဉ်အဆက် ကိုးကွယ်ခဲ့တဲ့ ဆရာတော် ဥူးစန္ဒိမာခရီးသွားနေခိုက် အမည်မသိတောထွက် ရဟန်းနှစ်ပါးက ဝင်ရောက် သော့များဖျက်ကာ နေထိုင်ခဲ့ကြပြီး ဆရာတော်ပြန်ရောက်လာချိန်မှာ ကျောင်းပေါ်မှ ဖယ်မပေးတဲ့အတွက် နိုင်ငံတော်သံဃနာယကက အဆိုပါသံဃာနှစ်ပါးကို ကျောင်းပေါ်ကနေ ဖယ်ရှားပေးဖို့နဲ့ ဆရာတော်ဥူးစန္ဒိမာ ဆက်လက်ကျောင်းထိုင်ဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းသံဃနာယကအဖွဲ့က ဘုန်းကြီးကျောင်းကိုချိတ်ပိတ်မယ်လို့ ဆိုတဲ့အတွက် ပုသိမ်ကိုလာရောက် ဆန္ဒထုတ်ဖော်တာလို့   ပါဝင်သူ ဆင်ဂေါင်းရွာသားတစ်ဦးက ပြောပါတယ်။ "နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အဲ့လိုဆုံးဖြတ်ခဲ့ပေမဲ့ တိုင်းသံဃနာယကအဖွဲ့က ဒီနေ့ ညနေ ၅ နာရီမှာ ဆရာတော်ဥူးစန္ဒိမာရော တောထွက်သံဃာနှစ်ပါးပါ ကျောင်းပေါ်ကဆင်းပြီး ကျောင်းကိုချိတ်ပိတ်မယ်ဆိုလို့ အခုလိုပုသိမ်လာပြီး ဆန္ဒထုတ်ဖော်တာပါ" ဆန္ဒဖော်ထုတ်သူတွေဟာ  ပုသိမ်မြို့၊မဟာဗန္ဓုလလမ်းအတိုင်း စီတန်းလှည့်လည်ခဲ့ကြပြီး  ဆရာတော် ဥူးစန္ဒိမာ ကျောင်းပေါ်မှ ဆင်းမပေးရေးနဲ့ အသောကာရာမကျောင်း ချိတ်မပိတ်ရေးကို ကြွေးကျော် တောင်းဆိုခဲ့ကြပါတယ်။  ဆန္ဒဖော်ထုတ်သူတွေဟာ ခွင့်ပြုမိန့်မတင်ပဲ ပုသိမ်မြို့ကို လာရောက် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကာလမှာ လူစုလူဝေးမဖြစ်ပွားစေဖို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာလူစုခွဲခဲ့ပြီး ဦးဆောင်သူ ၆ ဦးကို ဧရာဝတီတိုင်းသံဃမဟာနယကရုံးကို ခေါ်ယူပြီးညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းထက်မုန်း 
2 years Ago
Up