စစ်အာဏာသိမ်းမှုကို လက်မခံကြောင်းပြသတဲ့အနေနဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ ဒေသခံတွေ သိန်းချီပြီး လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်သူတွေဟာ မြစ်ကြီးနားမြို့ပေါ်လမ်းမတွေမှာ လမ်းလျှောက်ပြီး ကြွေးကြော်သံတွေနဲ့ အထက (၁) ကျောင်းအရှေ့မှာ ထိုင်သပိတ်ဆက်လက်ပြုလုပ်နေကြပါတယ်။
မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ဒေသခံပြည်သူတွေနဲ့ ဝန်ထမ်းတွေ စစ်အစိုးရကို ဆန္ဒထုတ်ဖော်နေကြတာ ဒီနေ့နဲ့ဆို ၆ ရက်ရှိပြီဖြစ်ပါတယ်။
ဆန္ဒထုတ်ဖော်တဲ့ဒေသခံပြည်သူတွေနဲ့အတူ ယက္ကန်းအဖွဲ့တွေ ၊ရှေ့နေတွေ၊ သစ်တောဝန်ထမ်း၊ မီးရထားဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ နည်းပညာတက္ကသိုလ်ဆရာ ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ၊ အင်ဂျင်နီယာတွေ ၊ LGBTတွေ ၊မြစ်ကြီးနားဘောလုံးအဖွဲ့ နဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေနဲ့ လူငယ်တွေစသူတွေ ပါဝင်ပါတယ်။
သတင်း- မီးမီး