ဒေသခံ

December 5, 2020

ရွှေကူမြို့နယ် ဒေသခံ ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ၊ ထိစပ်သူ ၂၀၀ ခန့်ရှိနိုင်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ ဒေသခံတဦးမှာ ပထမဆုံး ကိုဗစ် ၁၉ ပိုးတွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။   ပထမအကြိမ် Test Kit နဲ့စစ်ဆေးရာမှာ ပိုးမတွေ့ရှိရဘဲ ဓာတ်ခွဲနမူနာ မန္တလေးဆေးရုံကြီးကို ပို့ဆောင်စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လူနာအမျိုးသမီးဟာ နေအိမ်ကွာရန်တင်း ဝင်နေရာကနေ ရွှေကူမြို့နယ် ပန်းတင်ကျေးရွာက မင်္ဂလာဆောင်တစ်ခုကို သွားရောက်ခဲ့ပြီး ထိတွေ့ခဲ့သူအများအပြားရှိခဲ့တာကြောင့် ကွာရန်တင်းဝင်ရသူ အနည်းဆုံး ၂၀၀ နီးပါးရှိနိုင်တယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်ေ။ ရွှေကူပူးပေါင်းစစ်ဆေးရေးဂိတ်က စစ်ဆေးတွေ့ရှိတဲ့ ပိုးတွေ့လူနာ ၂၆ ဦးအထိ ရှိခဲ့ပြီး ပိုးတွေ့လူနာအားလုံးနီးပါးက အခြားဒေသကလာတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေဖြစ်ကာ အခုပိုးတွေ့လူနာအမျိုးသမီးဟာ ရွှေကူမြို့ခံထဲက ပထမဆုံး ပိုးတွေ့လူနာဖြစ်တယ်လို့ သိရပါတယ်။ ကျော်ဇေယျ(ရွှေကူ)
5 months Ago

June 28, 2020

တရုတ်တွင် ရေကြီးမြေပြို၍ ဒေသခံများကို ကယ်ဆယ်

တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးကြီးနေလို့ နေရာတော်တော်များများမှာ ရေကြီး၊ မြေပြိုနေလို့ ဒေသခံတွေကို ကယ်ဆယ်နေရပါတယ်။  စီချွမ်ပြည်နယ်ထဲက ဝမ်ချွမ်ခရိုင်မှာလည်း ရက်ပေါင်းများစွာ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့်  မြေပြိုခဲ့ပြီး ဒေသခံ ၆၉ ဦးကို နေရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဇွန်လ ၂၈ ရက် ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။  ဇွန်လ ၂၅ ရက် ညပိုင်းကလည်း ခရိုင်တွင်းက တောင်တွေကြားထဲ မိုးကြီးပြီး လမ်းတွေ ပျက်စီးနေလို့  ပိတ်မိနေတဲ့ ကမ္ဘာလှည့်ခရီးသည်တဦးကို ၆ နာရီကြာအောင် ကယ်ဆယ်ရေး အဖွဲ့ တဖွဲ့က ရှာဖွေကယ်တင်ခဲ့ရပါတယ်။  မီရန်နင်းခရိုင်မှာလည်း တောင်ကျရေတွေ စီးဆင်းမှုကြောင့် လူပေါင်း ၆၀၀၀ ကျော်ကို ဇွန်လ ၂၇ ရက်က ဘေးကင်းအောင်နေရာ ပြောင်းရွှေ့ ချထားပေးခဲ့ရတယ်လို့ သိရပါတယ်။ တရုတ်အနောက်တောင်ပိုင်းရဲ့ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း မကြာသေးမီ ရက်များအတွင်း  မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် ဇွန်လ ၂၆ ရက်ညနေပိုင်းမှာ အဝေးပြေး လမ်းမကြီးတခု မြေပြိုပိတ်ဆို့ခဲ့ရပါတယ်။    
10 months Ago
More News
Up