ဒေဝူးလုပ်ငန်းစု တည်ထောင်သူ အသက် ၈၃ နှစ်အရွယ် ကင်မ်ဝူချွန်းဟာ ကာလရှည် နာမကျန်း ဖြစ်ပြီးနောက် ဒီဇင်ဘာလ ၉ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
ကင်မ်ဟာ တခါတုန်းက ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီဆုံးလုပ်ငန်းစုကြီးကို ဦးဆောင်ခဲ့ပြီး ဒါဟာ ကိုရီးယားကျွန်းဆွယ်စစ်ပွဲကြောင့် ပြာပုံဘ၀ ရောက်ခဲ့တဲ့ တောင်ကိုရီးယားကို တရှိန်ထိုး တိုးတက်စေတဲ့ အမှတ်လက္ခဏာပါ။
ကင်မ်ဟာ ရက်ထည် အရောင်းစာရေးလေးဘဝကနေ ၁၉၆၇ ခုနှစ်မှာ ဒေါ်လာ ၅၀၀၀ နဲ့ ဒေဝူး အထည်အလိပ်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ လုပ်ငန်းကို အားသွန်ခွန်စိုက် ကြိုးစားပြီး တောင်ကိုရီးယား ခေါင်းဆောင်ပိုင်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် လုပ်ငန်းအအောင်မြင်ဆုံးအချိန်မှာ ဒေဝူးလုပ်ငန်းစုကြီးအနေနဲ့ နိုင်ငံပေါင်း ၁၁၀ မှာ အလုပ်သမားပေါင်း ၃၀၀,၀၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးခဲ့ပါတယ်။
နောက်ပြီး ဒေဝူးလုပ်ငန်းစုကြီးအနေနဲ့ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းကနေ ဆောက်လုပ်ရေး၊ သင်္ဘောတည်ဆောက်ရေး၊ ကုန်သွယ်ရေးနဲ့ အာမခံလုပ်ငန်းတွေအထိ လုပ်ကိုင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago