ဒေလီ

March 24, 2020

ဒေလီနှင့် ကက်ရှ်မီးယား အသွားအလာ မလုပ်ရန် ပိတ်ချ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး အိန္ဒိယနိုင်ငံ မြို့တော် ဒေလီနဲ့ ကက်ရှ်မီးယား ဒေသတွေမှာ လူတွေ အသွားအလာမလုပ်ဖို့ lockdown ပိတ်ချလိုက်အပြီး ရုံးတွေကိုပါ ပိတ်ခဲ့တာကြောင့် လမ်းတွေပေါ်မှာ ခြောက်သွေ့နေပါတယ်။ ဝန်ကြီးချုပ် နရင်ဒရာမိုဒီကလည်း ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ အိမ်ထဲမှာနေကြဖို့ တိုက်တွန်းထားပါတယ်။  မတ်လ၂၄ ရက်မွန်းလွဲ ၁ နာရီထိ ရထားတဲ့ အတည်ပြုချက်အရ အိန္ဒိယနိုင်ငံထဲမှာ ကူးစက်ခံ ၅၁၁ ယောက်ရှိပြီး ၁၀ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတွင်း ကျန်းမာရေး ရန်ပုံငွေ မလုံလောက်ဘဲ ပြည်သူ့ကျန်းမာရေး အခြေခံ အဆောက်အဦတွေ ပျက်စီးနေလို့ ကူးစက်ခံအရေအတွက် ပိုမိုမြင့်မားလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ် ဘာရာမူလာခရိုင်က လုံခြုံရေးအရာရှိတွေက လမ်းတွေ ဆိုင်တွေ ဘတ်စ်ကားနဲ့ တက္ကစီမှတ်တိုင်တွေ ဆေးရုံတွေ ဘဏ်တွေနဲ့ စာတိုက်တွေ အပါအဝင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကို ပိုးသတ်နေပါတယ်။ “ပြည်သူအများအပြားဟာ အသွားအလာ မလုပ်ရေး lockdown ကို အလေးအနက် မထားကြဘူး၊ ကိုယ့်ကိုယ်ကိုယ် ကိုယ့်မိသားစုကို ကယ်တင်ပါ၊ ညွှန်ကြားချက်ကို အတိအကျ လိုက်နာပါ” လို့ မိုဒီက တွစ်တာ လူမှုကွန်ရက်ကနေ ပြည်သူတွေကို ပန်ကြားပါတယ်။  လူ ၁၈ သန်း နေထိုင်ရာ နယူးဒေလီမြို့တော်ကို မတ်လ ၁ လလုံး ပိတ်ချထားမှာပါ။. ကူးစက်ခံအများဆုံး တွေ့ရှိရာ မဟာရတ်ရှ်ထျာ ပြည်နယ်အပါအဝင် ပြည်နယ်အများစုမှာ လူငါးယောက်ထက် ပိုမစုဖို့ တားမြစ်ပိတ်ပင်ထားပြီး ချိုးဖောက်သူတွေကို တရားစီရင်မယ်လို့ သတိပေးထားပါတယ်။ အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းက တရက်ကို လူ ၈ သန်း စီးနင်းသုံးစွဲနေတဲ့ ရထားလိုင်းကိုလည်း ဒီလကုန်ထိ ရပ်နားထားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စလို မဖြစ်မနေ အခြေအနေအတွက် ဘတ်စ်ကား ဝန်ဆောင်မှုကို ကန့်သတ်ထားပါတယ်။
1 year Ago
Up