ဒူးနှစ်ဖက်ကြား ဓားထည့်ပြီး လိုင်နာဆွဲပြသည့် အိန္ဒိယဆယ်ကျော်သက်(ရုပ်သံ)

March 12, 2017

ဒူးနှစ်ဖက်ကြား ဓားထည့်ပြီး လိုင်နာဆွဲပြသည့် အိန္ဒိယဆယ်ကျော်သက်(ရုပ်သံ)

အလွန်ကျွမ်းကျင်မှုရှိတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဟာ ဓားတွေသုံးပြီး မျက်လုံးကို လိုင်နာ ဆွဲတာအပါအဝင် အလွန်အန္တရာယ်များတဲ့ ပုံမှန်မိတ်ကပ်လိမ်းချယ်မှု လုပ်ဆောင်တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ် အက်ဂ်ျမာမြို့မှာနေတဲ့ အသက် ၁၄ နှစ်အရွယ် အနာမီကာ ကောသရီဟာ သူမရဲ့ ဒူးခေါင်းနှစ်ဖက်မှာ ဓားသုံးပြီး ဒါးတွေကို ကိုင်ဆောင်ကာ အနက်ရောက်ကာချယ်တွေ သုတ်လိမ်းပြီး သူမရဲ့ မျက်လုံးကို လိမ်းချယ်ပြခဲ့တာကို ရုပ်သံထဲမှာ မြင်ရမှာပါ။ “ကျမက ပုံမှန်ဆို ရှက်တတ်ပြီး ရှေးရိုးနည်းနည်းဆန်ပါတယ်။ ကျမ ဘယ်တုန်းကမှလည်း ကျော်ကြားချင်စိတ်မရှိပါဘူး။ ဒါပေမယ့် ကျမ ဒီလို သရုပ်ပြရတာကို နှစ်သက်တယ်၊ ဒီသရုပ်ပြမှုကို လုပ်ဆောင်ရတာက တကယ့်ကို လှုပ်ရှားစေတယ်၊ ကျမက ကိုယ့်ကိုယ်ကို တွန်းအားပေးချင်တယ်၊ စိန်ခေါ်မှုတွေရှိတဲ့/အန္တရာယ်များတဲ့ ရောဂကျင့်စင် ပုံစံအမျိုးမျိုးကိုလည်း သရုပ်ပြချင်တယ်” လို့ အနာမီကာက ပြောပါတယ်။ အနာမီက ရောဂကျင့်စဉ်ကို သင်ခဲ့တာက လွန်ခဲ့တဲ့ ၂ နှစ်က သင်ခဲ့တာပါ။ သူမရဲ့ ဖခင်နဲ့ သင်တန်းဆရာလည်းဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် နာရန်ဒရာကူးမာကော့သရီဟာ သူ ကျောင်းထုတ်ခံလိုက်ရကတည်းက သူရဲ့ကလေးတွေ ဘဝမှာ ကျွမ်းကျင်မှု တစ်ခုခုရအောင် လုပ်ဆောင်ပေးမယ်လို့ ဆုံးဖြတ်ထားတာပါ။ “ကျနော့်ကို ပညာသင်ကြားပေးဖို့ ဒါမှမဟုတ် ကျနော့်ရဲ့အရည်အသွေးကို ပြုစုပြိုးထောင်ပေးဖို့ ကျနော့်ရဲ့မိဘတွေက လုံလောက်တဲ့ ငွေကြေးမရှိခဲ့ကြဘူး။ ဒါပေမဲ့ ကျနော့်ကလေးတွေမှာတော့ ဒါမျိုး မဖြစ်စေရဘူး၊ ကျနော့်ကလေးတွေ လုပ်သမျှအရာတိုင်းမှာ အောင်မြင်ရမယ်လို့ ကျနော် ဆုံးဖြတ်ထားတယ်” လို့ အနာမီရဲ့ ဖခင်က ဆိုပါတယ်။ သက်စွန့်ဆံဖျားလုပ်ဆောင်ရတာတွေ အမျိုးမျိုးကို စမ်းသက်လုပ်ဆောင်ပြီးနောက် နောက်ထပ် ပိုကောင်းမွန်ပြီး ထူးထူးခြားခြား ဖြစ်သွားစေမယ့် သရုပ်ပြမှုကို ကြိုးစားလုပ်ဆောင်မယ်လို့ အနာမီကာက ဆုံးဖြတ်ခဲ့တာပါ။ “ဒီလိုအလားတူတာမျိုး ကျမ အွန်လိုင်းမှာ တွေ့တယ်၊ ဒါကြောင့် ဒါကို ကျမ နည်းနည်းညှိပြီး ခုလိုလုပ်ရတဲ့ စတန့်ကို ကျမ စိတ်ကူးပေါ်လာတာပါ။ အစပိုင်းကတော့ ဒါက တော်တော် အန္တရာယ်များတယ်၊ ကျမ ဖြည်းဖြည်းပဲ လုပ်တယ်၊ အခုတော့ ဒါက ပျော်စရာဖြစ်သွားပြီ” လို့ သူမက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က သူမ သရုပ်ပြခဲ့တဲ့ အမြင့်မားဆုံး စတန့်စွမ်းရည်က India Got Talent ဆုရခဲ့ပြီး “ကျမ ရုပ်သံထဲမှာ ပါလာတော့ ကျမသူငယ်ချင်းတွေ မနာလိုဖြစ်ကြတယ်”လို့ သူမက ပြောပါတယ်။ “ကျောင်းမှာဆို သူငယ်ချင်းတွေက ကျမကို ရှောင်ကြတယ်။ ဒါပေမယ့် ကျမရဲ့ စွမ်းရည်တွေကို သိဖို့ လူတွေ အများကြီး လာတဲ့အခါ ကျမ ပိုမို ထင်ပေါ်လာပြီး ကျမသူငယ်ချင်းတွေလည်း ကျမဆီ အမြန်ဆုံးပဲ ပြန်ရောက်လာကြတယ်။ ဒါက ကျမအတွက် အဆင်ပြေပါတယ်။ ဘဝဆိုတာ ဒါပါပဲ”လို့ သူမက ဆိုပါတယ်။ အနာမီကာက သူမရဲ့ ရောဂ သရုပ်ပြမှုပုံစံတွေ တိုးတက်အောင် တစ်နေ့ကို အနည်းဆုံး ၂ နာရီ အချိန်ပေးလေ့ကျင်တယ်လို့ သိရပါတယ်။
5 years Ago
Up