ဒူးဒဏ်ရာခွဲစိတ်မှု

January 18, 2020

မြန်မာယူ- ၂၂ ဂိုးသမား ဘုန်းသစ္စာမင်း ဒူးဒဏ်ရာခွဲစိတ်မှု အောင်မြင်

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းနဲ့ ရှမ်းယူနိုက်တက် ဂိုးသမား ဘုန်းသစ္စာမင်းရဲ့ ဒူးဒဏ်ရာကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သွန်ဘူရီဆေးရုံမှာ ဇန်နဝါရီ ၁၇ ရက် မနက် ၉ နာရီက ခွဲစိတ်ကုသ အောင်မြင်ခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ဘုန်းသစ္စာမင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်ခင် အသင်းလေ့ကျင့်ခန်း အစီအစဉ်မှာ ညာဘက်ဒူး ကြက်ခြေခတ်အရွတ် ဒဏ်ရာရရှိခဲ့တာပါ။ ဘုန်းသစ္စာမင်းအနေနဲ့ ခွဲစိတ်ပြီး နှစ်ရက်အကြာမှာ ဆေးရုံကဆင်းပြီး ဘန်ကောက်မှာ နှစ်ပတ်ကြာ နေထိုင်ပြီးမှ မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်ပါတယ်။ ခွဲစိတ်ပြီး နှစ်လလောက်ကြာမှ အပေါ့စား လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်မှာဖြစ်ပြီး ခြောက်လအကြာမှာ ပုံမှန်လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နိုင်မယ်လို့ ခွဲစိတ်ဆရာဝန်ကြီးက ဆိုပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်ခင် ကာတာလေ့ကျင့်ရေး ခရီးစဉ်မှာ ဘယ်ခြေချင်းဝတ် ဒဏ်ရာရခဲ့တဲ့ မြန်မာယူ-၂၂ အသင်း နောက်ခံလူ ကျော်သူထွန်းလည်း သွန်ဘူရီဆေးရုံကို ရောက်ရှိနေပြီး ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှု ခံယူမယ်လို့ သိရပါတယ်။ ဘန်ကောက်ကို သွားရောက် ခွဲစိတ်ကုသမှုခံယူရာမှာ MFF က ဆရာဝန်တဦးဖြစ်သူ ဒေါက်တာဖြိုးမင်းဦးက လိုက်ပါဆောက်ရွက်ပေးနေတယ်လို့ သိရပါတယ်။
1 year Ago
Up