ဒူးဒဏ်ရာကြောင့်

October 29, 2019

လီဗာပူး နောက်ခံလူ မာတစ် ဒူးဒဏ်ရာကြောင့် ၆ ပတ်ခန့် အနားယူရမည်

လီဗာပူး နောက်ခံလူ မာတစ်ဟာ ဒူးဒဏ်ရာကြောင့် ၆ ပတ်ခန့် အနားယူရတော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၈ ရက်က ကစားခဲ့တဲ့ ရှက်ဖီးနဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာရခဲ့တဲ့ နောက်ခံလူ မာတစ်ဟာ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာ ဒဏ်ရာထပ်ရခဲ့တာ ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူ မာတစ်ဟာ ဒူးဒဏ်ရာကြောင့် ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ စပါးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ ဒဏ်ရာအခြေအနေ မသက်သာတာကြောင့် ၆ ပတ်ခန့် အနားယူရဖို့ရှိနေပြီး အသင်းရဲ့ နောက်ထပ်ပွဲစဉ် ၄ ပွဲခန့်ကို လွဲချော်မှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိ ကင်မရွန်းနောက်ခံလူ မာတစ်ဟာ အသင်းရဲ့ဗဟိုခံစစ်မှာ ဗန်ဒိုက်နဲ့ အတူတွဲဖက်ကာ ခြေစွမ်းပြနေသူဖြစ်ပြီး သူ ဒဏ်ရာရနေတာက လီဗာပူးခံစစ်အတွက် ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။
2 years Ago
Up