ဒူးဒဏ်ရာ

October 12, 2022

ဒူးဒဏ်ရာကြောင့် လီဗာပူးတိုက်စစ်မှူး ဒီရက်စ် ၈ ပတ်ခန့်နားရမည်

လီဗာပူးတိုက်စစ်မှူး လူးဝစ် ဒီရက်စ်ဟာ ဒူးဒဏ်ရာကြောင့် သီတင်း ၆ ပတ်ကနေ ၈  ပတ်လောက်အထိ ဘောလုံးကစားနိုင်တော့မှာမဟုတ်ဘူးလို့ နည်းပြ ဂျာဂန်ကလော့ပ်က ပြောပါတယ်။

တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ် အာဆင်နယ်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တာပါ။ ဒီဒဏ်ရာကြောင့် အသက် ၂၅ နှစ်အရွယ် ကိုလံဘီယာလက်ရွေးစင် တိုက်စစ်မှူးဟာ လာမယ့် ဒီဇင်ဘာလ မတိုင်ခင်အထိ ဘောလုံးပြန်ကစားနိုင်ဖွယ် မရှိသေးပါဘူး။

လီဗာပူးဟာအသင်းရဲ့ နောက်တန်းကစားသမားတွေဖြစ်တဲ့ အာနိုးနဲ့ မာတစ်တို့လည်း ဒဏ်ရာကိုယ်စီ ထပ်ရသွားတဲ့အတွက် ဒဏ်ရာရတဲ့ အဓိက ကစားသမားတွေ ပိုများလာပြီး ခက်ခဲတဲ့ရာသီကို ဖြတ်သန်းနေရပါတယ်။

ဒါ့အပြင် လီဗာပူးဟာ ဒီနှစ်ရာသီအစမှာ ရလဒ်တွေမကောင်းဘဲ ရုန်းကန်နေရပါတယ်။

4 months Ago

December 13, 2020

ဒူးဒဏ်ရာရခဲ့သည့် လီဗာပူး တိုက်စစ်မှူး ဒီယေဂိုဂျိုတာ ၂ လခန့် အနားယူရနိုင်

လီဗာပူး တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာဟာ ဒဏ်ရာကြောင့် ၂ လလောက် အနားယူရတော့မယ်လို့ သိရပါတယ်။ ဂျိုတာဟာ ဒိန်းမတ်ကလပ် မစ်ဂျယ်လန်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၈၇ မိနစ်အထိ ကစားခဲ့ပြီး ဒူးဒဏ်ရာရခဲ့တာပါ။  ပြန်လည်သက်သာလာခြင်း မရှိတာကြောင့် ဒီကနေ့ည ကစားမယ့် ဖူဟမ်နဲ့ ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။  ဒါ့အပြင် ၂ လလောက် အနားယူရနိုင်တာကြောင့် ဖေဖော်ဝါရီလအထိ အနားယူရမှာဖြစ်ပြီး မန်ယူ၊ စပါးနဲ့ မန်စီးတီးအသင်းတွေနဲ့ ပွဲစဉ်တွေ အပါအဝင် ၁၀ ပွဲလောက် လွဲချော်နိုင်တယ်လို့ သိရပါတယ်။  အခုနှစ် နွေရာသီအပြောင်းအရွှေ့ကမှ ဝုဗ်အသင်းကနေ ပြောင်းရွှေ့လာတဲ့ ဒီယေဂိုဂျိုတာဟာ အသင်းမှာ ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၉ ဂိုးအထိ သွင်းယူထားပါတယ်။  လီဗာပူးအသင်းမှာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ သီယာဂို၊ ဂျိမ်းစ်မီနာနဲ့ ရှာကီရီတို့လည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
2 years Ago
More News
Up