ဒူဘိုင်းရှိ ဟိုတယ်တခုတွင် မီးလောင်မှုဖြစ်ပွား

August 8, 2017

ဒူဘိုင်းရှိ ဟိုတယ်တခုတွင် မီးလောင်မှုဖြစ်ပွား

အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသက ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ ဟိုတယ်တခုမှာ သြဂုတ် ၇ ရက်နေ့က မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ အခုလောင်တဲ့မီးဟာ ဒူဘိုင်းမြို့မှာ ရက်ပိုင်းအတွင်း တတိယမြောက် လောင်ကျွမ်းတဲ့ မီးဖြစ်ပါတယ်။ မီးသတ်ကားတွေနဲ့ လူနာတင်ယာဉ်တွေလည်း ရောက်လာခဲ့ကြပြီး အသင့်စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ဟိုတယ်က သူတို့ရဲ့ တွစ်တာအကောင့်မှာ "ခဏလေးနဲ့ မီးငြှိမ်းသတ်နိုင်ခဲ့သလို ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ အားလုံးကို ဘေးကင်းလုံခြုံရာ အချိန်မီ ပို့ဆောင်ရွှေ့ပြောင်းပေးခဲ့ပါတယ်" လို့ ရေးသားခဲ့ပါတယ်။ အခုရက်ပိုင်းတွေအတွင်း ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုတွေမှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။ အခုလောင်ကျွမ်းတဲ့ မီးတွေကြောင့် အထပ်မြင့်အဆောက်အဦတွေမှာ သုံးတဲ့ အကာပြားတွေဟာ ဘေးကင်းလုံခြုံမှု ရှိရဲ့လားဆိုတာ ပြန်စဉ်းစားစရာ ဖြစ်လာကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up