အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က ဆောက်လုပ်ဆဲ အဆောက်အဦတခုမှာ သြဂုတ် ၂၀ ရက်က မီးလောင်ခဲ့ပါတယ်။
ဒူဘိုင်းက ဂျူမယ်ရာလမ်း အနီးအနားမှာရှိတဲ့ အဆောက်အဦကို မီးလောင်ခဲ့တာဖြစ်ပြီး မီသတ်သမားတွေ အလျင်အမြန် ရောက်လာခဲ့ကာ အဲဒီနေရာမှာရှိတဲ့ လူတွေကို ကယ်ဆယ်ခဲ့ရရပါတယ်။
၆ နာရီကြာ မီးစွဲလောင်ခဲ့ပေမယ့် လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဒူဘိုင်းမှာ အခုလို နွေရာသီကာလမျိုးဟာ အပူချိန်မြင့်တက်လေ့ ရှိတာကြောင့် မကြာခဏ မီးလောင်ကျွမ်းလေ့ ရှိပါတယ်။ အခုလ အစောပိုင်းကလည်း လူနေအဆောက်အဦတလုံးကို မီးလောင်ခဲ့ပါသေးတယ်။
5 years Ago