ဒူဘိုင်းချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲတွင် နာမည်ကြီး ဂျိုကိုဗစ် အနိုင်ရ

A d v e r t i s e m e n t With Us

February 23, 2016

ဒူဘိုင်းချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲတွင် နာမည်ကြီး ဂျိုကိုဗစ် အနိုင်ရ

ဖေဖော်ဝါရီ ၂၂ ရက်နေ့က ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ ယှဉ်ပြိုင်သွားတဲ့ ဒူဘိုင်း ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲ ပထမအဆင့်မှာ နာမည်ကြီး နိုဗက် ဂျိုကိုဗစ်က တွမ်မီ ရိုဘရီဒိုကို အနိုင်ရသွားပါတယ်။ ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ ဂျိုကိုဗစ်ဟာ စပိန်တင်းနစ်သမားကို အလွယ်တကူပဲ ၂ ပွဲပြတ်နဲ့ အနိုင်ရသွားတာပါ။ ဂျိုကိုဗစ်အတွက်တော့ ပြီးခဲ့တဲ့လက သြစတြေးလျအိုးပန်း ချန်ပီယံဆုကို ရယူအပြီးမှာ ပထမဆုံး ယှဉ်ပြိုင်တဲ့ပွဲလည်း ဖြစ်ပါတယ်။ ပထမပွဲကို ၆ - ၁၊ ဒုတိယပွဲကို ၆ - ၂ နဲ့ အနိုင်ယူပြီး ဒူဘိုင်းပြိုင်ပွဲမှာ ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးကနေ ရေပန်းစားသူလည်း ဖြစ်ပါတယ်။
5 years Ago
Up