တိုက်ပွဲတွေမှာ ကျဆုံးသွားခဲ့ကြတဲ့ အညတြ စစ်သည်တွေကို ဂုဏ်ပြုတဲ့ အခမ်းနားတခုကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် သူရဲကောင်းစစ်သည်ဗိမာန်မှာ ဒီဇင်ဘာ ၆ ရက် မနက်က ကျင်းပပါတယ်။
တပ်မတော်အငြိမ်းစား အရာရှိတချို့က ဦးဆောင်ကျင်းပတဲ့ ဒီအခမ်းအနားမှာ တက်ရောက်လာသူတွေက ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခဲ့ကြပါတယ်။
အခုလို ဂုဏ်ပြုပွဲ ကျင်းပတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး နောင်နှစ်တွေမှာလည်း ဒီဇင်ဘာလရဲ့ ပထမပတ် တနင်္ဂနွေနေ့တွေမှာ ကျင်းပဖို့ အစီအစဉ် ရှိပါတယ်။
အပြည့်အစုံကို ရုပ်သံမှာ ကြည့်နိုင်ပါတယ်။
သတင်းရုပ်သံ - အောင်ကျော်
7 years Ago