ဒုံးပျံပစ်လွှတ်မှုကို

December 24, 2017

ဒုံးပျံပစ်လွှတ်မှုကို ပန်းကန်ပြားပြန်အဖြစ် အထင်မှားပြီး အံ့သြထိတ်လန့် (ရုပ်သံ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တောင်ပိုင်းနဲ့ အရီဇိုးနားက ဒေသခံတွေက အာကာသ အိတ်စ်ဒုံးပျံ ပစ်လွှတ်လိုက်လို့ ဒီဇင်ဘာ ၂၂ ရက်နေ့ နေဝင်ချိန် ကောင်းကင်ပေါ်မှာ ထူးဆန်းတဲ့ အဖြူရောင် အလင်းတန်း ပေါ်လာတာကို ပန်းကန်ပြားပျံထင်ပြီး ရုတ်တရက် ထိတ်လန့်သွားကြတယ်လို့ သိရပါတယ်။ ငါးတကောင်ပုံစံလို ထွက်လာတဲ့ အဖြူရောင်အလင်းတန်းက ဒေသခံတွေအတွက် ဘာဖြစ်မလဲ တွေးစရာဖြစ်နေပြီး လူမှုကွန်ရက်ပေါ်မှာ ဒီအလင်းတန်းက ဘာလဲဆိုပြီး မေးခွန်းထုတ်နေကြတာပါ။ ဒေသခံ တီဗွီသတင်းဌာနတွေ၊ ဥပဒေနဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေလည်း မျက်မြင်သက်သေတွေစီက တယ်လီဖုန်း ခေါ်ဆိုမှုတွေ လက်ခံရရှိပြီး နောက်ပိုင်းမှာတော့ မျက်မြင်တွေကို သူတို့တွေ မြင်တာက ကယ်လီဖိုးနီးယားအလယ်ပိုင်းမှာ အခြေစိုက်တဲ့ ဗန်ဒန်ဘာ့ဂ် လေတပ်စခန်းက ဒုံးပျံပစ်လွှတ်လိုက်တာလို့ ရှင်းပြလိုက်ကြောင်း သိရပါတယ်။ လော့စ်အိန်ဂျလိ့စ်ကောင်တီထဲမှာရှိတဲ့ နေရာတနေရာတည်းကပဲ အနည်းဆုံး လူ ၁၃၀ က ဒီဖြစ်ရပ်အကြောင်း ၉၁၁ ကို ဖုန်းခေါ်ဆို အကြောင်းကြားခဲ့တယ်လို့ သတင်းဌာနတခုက ထုတ်ပြန်ခဲ့ပါတယ်။ အစောပိုင်းမှာ လူတွေက ဒီအလင်းတန်းကို ပန်းကန်ပြားပျံလား ဒါမှမဟုတ် ဂြိုဟ်သားတွေ နယ်မြေချဲ့ထွင်လာကြတာလားဆိုပြီး တွေးထင်ခဲ့ကြတာပါ။ အချို့ကလည်း ဒါက မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှု ဖြစ်နိုင်တယ်လို့ ပြောခဲ့ကြပါတယ်။ ထူးဆန်းတဲ့ အလင်းတန်းပုံကို ရုပ်သံထဲမှာ မြင်ရပြီး ဒီရုပ်သံကို ကေတီအယ်လ်အေ-တီဗွီက ရုက်ကူးခဲ့တာပါ။ ကယ်လီဖိုးနီးယားမှ အာကသထဲ နောက်ဆုံးပေါ် ဂြိုဟ်တု ၁၀ လုံးကို သယ်ဆောင်ခဲ့တဲ့ အာကာသ အိတ်စ် ဒုံးပျံကို ဒီဇင်ဘာ ၂၂ ရက်နေ့က ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဗန်ဒါဘာ့ဂ် လေတပ်အခြေစိုက်စခန်းကနေ ညနေ ၅ နာရီ ၃၀ မတိုင်ခင်လေးမှာပဲ ဖယ်လ်ကွန်-၉ လို့ အမည်ပေးထားတဲ့ ဒီဒုံးပျံ လွှတ်တင်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up