ဒုံးပျံ

April 18, 2019

Antares ဒုံးပျံ အာကာသစခန်းသို့ လွှတ်တင်

အမေရိကန်အခြေစိုက် အာကာသနဲ့ ကာကွယ်ရေး နည်းပညာကုမ္ပဏီ နော့သ်ရုဂရမ်မန် (Northrop Grumman) က ဆစ်ဂနက်စ် (Cygnus) ကုန်တင်အာကာသယာဉ် တင်ဆောင်ထားတဲ့ အန်ထဲရီးစ် (Antares) ဒုံးပျံကို ဧပြီ ၁၇ ရက်နေ့က နိုင်ငံတကာ အာကာသစခန်းဆီ လွှတ်တင်ခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ အမေရိကန် အမျိုးသားလေကြောင်းနဲ့ အာကာသအဖွဲ့ (နာဆာ) ရဲ့ မိတ်ဖက်ကုမ္ပဏီတခုပါ။ သုတေသနဆိုင်ရာ ပစ္စည်းတွေ၊ အာကာသ ဝန်ထမ်းတွေအတွက် အထောက်အပံ့ ပစ္စည်းတွေ အလေးချိန် ပေါင်ခုနှစ်ထောင့်ခြောက်ရာကျော် တင်ဆောင်ထားတဲ့ အန်ထဲရီးစ် ဒုံးပျံကို နာဆာရဲ့ ဝေါလ်လာ့ပ်စ် Flight Facility ဒုံးပျံစခန်းကနေ လွှတ်တင်ခဲ့တာပါ။ ဆစ်ဂနက်စ် ကုန်တင်အာကာသယာဉ်ဟာ ဧပြီ ၁၉ ရက်နေ့မှာ နိုင်ငံတကာ အာကာသ စခန်းဆီကို ရောက်မယ်လို့ နာဆာက ပြောပါတယ်။
3 years Ago

June 27, 2016

တရုတ်နိုင်ငံက မျိုးဆက်သစ်ဒုံးပျံတစင်း လွှတ်တင်မှု အောင်မြင်

တရုတ်နိုင်ငံရဲ့ ဂြိုဟ်တုလွှတ်တင်ရေး စီမံကိန်းတွေမှာ လက်ရှိအသုံးပြုနေတဲ့ ဒုံးပျံတွေကို တဆင့်မြှင့်တင်ထားတဲ့ မျိုးဆက်သစ်ဒုံးပျံတစင်းကို ဇွန် ၂၅ ရက်က အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်းက ဟိုင်နန်ပြည်နယ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းက မျိုးဆက်သစ် Long March 7 ဒုံးပျံသစ်ကို ဇွန် ၂၅ ရက်နေ့က ဒေသစံတော်ချိန် ည ၈ နာရီမှာ လွှတ်တင်ခဲ့တာလို့ နိုင်ငံပိုင် စီစီတီဗွီ သတင်းဌာနက ကြေညာပါတယ်။ ဒီ Long March 7 မျိုးဆက်သစ်ဒုံးပျံဟာ အလေးချိန် ၁၃ တန်ခွဲ သယ်ဆောင်နိုင်ပြီး တရုတ်နိုင်ငံရဲ့ အနာဂတ်ဂြိုဟ်တုလွှတ်တင်ရေး စီမံကိန်းတွေမှာ အဓိကသုံးစွဲသွားမယ့် ဒုံးပျံလို့ အစိုးရပိုင် ဆင်ဟွာသတင်းဌာနကလည်း ဆိုပါတယ်။ ဒုံးပျံနဲ့အတူ လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုငယ်ကတော့ ဇွန် ၂၆ ရက်နေ့မှာ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်လာမယ်လို့ သတင်းက ဆိုပါတယ်။
5 years Ago
More News
Up