ဒုံးကျည်သစ် ၂ စင်း

August 23, 2021

တရုတ်စစ်တပ် ဒုံးကျည်သစ် ၂ စင်း စမ်းသပ်ပစ်လွှတ်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ဒုံးကျည်တပ်ဖွဲ့က တရုတ်အ နောက်မြောက်ပိုင်း ကန္တာရထဲမှာ ဒုံးကျည်အမျိုးအစားသစ်တွေကို စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ တရုတ်အစိုးရရုပ်သံ စီစီတီဗီက သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။

စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည်အမျိုးအစားအသစ် ၂ စင်းဟာ ရန်သူရဲ့ ကာကွယ်ရေး စနစ်ဆိုင်ရာ အဓိကသတင်းအချက်အလက်တွေကို မသုံးနိုင်အောင် ဟန့်တားပြီး ကီလိုမီတာ ရာချီ အကွာအဝေးက ပစ်မှတ်တွေကို ထိအောင် ပစ်နိုင်တယ်လို့ဆိုပါါတယ်။

ပထမဒုံးကျည်က ရှုပ်ထွေးတဲ့ လျှပ်စစ်သံလိုက်လှိုင်း အဟန့်အတားတွေကို ထိုးဖောက်ပြီး ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့တယ်။ အဲဒီနောက်မှာ ဒုံးကျည် တိုက်ခိုက်မှု ဒုတိယလှိုင်းကို ဆက်ပစ်လွှတ်နိုင်တယ်လို့ စီစီတီဗီရုပ်သံက ထုတ်လွှင့်ပါတယ်။

ဒုတိယ ဒုံးကျည်ကလည်း ပစ်မှတ်ကို တိတိကျကျ အောင်အောင်မြင်မြင် ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးကျည်အမျိုးအစားအသစ် ၂ စင်းကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့လို့ တရုတ်စစ်တပ် PLA ရဲ့ လက်နက်တိုက်ဟာ စစ်လက်နက်ပစ္စည်းအသစ်တွေ တိုးလာပြီး မတူတဲ့ အခြေအနေ တွေမှာ တိတိကျကျ ပစ်ခတ်နိုင်တဲ့ သမားရိုးကျ ဒုံးကျည်တွေရဲ့ အစွမ်းတွေ ပိုတိုးလာပြီလို့ စီစီတီဗီ သတင်းဌာနက ပြောပါတယ်။

3 months Ago
Up