ဒုံးကျည်လက်နက်

August 18, 2019

ဒုံးကျည်လက်နက်အသစ် စမ်းသပ်ပစ်လွှတ်မှု ကင်ဂျုံအန်း ကြီးကြပ်နေသည့် ဓာတ်ပုံများ ဖြန့်ချိ

မြောက်ကိုရီးယားက ဒုံးကျည်လက်နက်အသစ်တမျိုး စမ်းသပ်ပစ်လွှတ်တာကို ခေါင်းဆောင် ကင်ဂျုံအန်းက ကြီးကြပ်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က သြဂုတ် ၁၇ ရက်မှာ ထုတ်လွှင့် ဖြန့်ချိလိုက်ပါတယ်။  မြောက်ကိုရီးယားဟာ သောကြာနေ့က တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်းထက်မနည်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။  ဒီတာတိုပစ် ဒုံးကျည်တွေဟာ သြဂုတ်လ ၁၀ ရက် မြောက်ကိုရီးယားက ပစ်လွှတ်ရာမှာ သုံးခဲ့တဲ့ ဒုံးကျည်တွေနဲ့ ပုံစံအတူတူ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒါဟာ ဇူလိုင် နှောင်းပိုင်းကနေ ခုထိ ၆ ကြိမ်မြောက် ပစ်လွှတ် စမ်းသပ်ခဲ့တာပါ။ ဒါကြောင့် မြောက်ကိုရီးယားအစိုးရရဲ့ လက်နက်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ဆွေးနွေးပွဲတွေပြန်စရေး အားထုတ်မှုတွေ ရှုပ်ထွေးကုန်ပါတယ်။ အရင်အပတ်က စတင်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စစ်ပွဲအတွက် အကြိုဇာတ်တိုက်တာလို့ မြောက်ကိုရီးယားက ပြောရင်း ဆန့်ကျင်နေတာပါ။ ဇွန်လ ၃၀ ရက်က အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်တို့အကြား ဆွေးနွေးပွဲပျက်အပြီးမှာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ဖြုတ်သိမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်နေပါတယ်။
Zawgyi Version ဒုံးက်ည္လက္နက္အသစ္ စမ္းသပ္ပစ္လႊတ္မႈ ကင္ဂ်ဳံအန္း ႀကီးၾကပ္ေနသည့္ ဓာတ္ပုံမ်ား ျဖန႔္ခ်ိ DVB ေျမာက္ကိုရီးယားက ဒုံးက်ည္လက္နက္အသစ္တမ်ိဳး စမ္းသပ္ပစ္လႊတ္တာကို ေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ႀကီးၾကပ္ကြပ္ကဲေနတဲ့ ဓာတ္ပုံေတြကို ေျမာက္ကိုရီးယား အစိုးရမီဒီယာ KCNA က ၾသဂုတ္ ၁၇ ရက္မွာ ထုတ္လႊင့္ ျဖန႔္ခ်ိလိုက္ပါတယ္။ ေျမာက္ကိုရီးယားဟာ ေသာၾကာေန႔က တာတိုပစ္ ပဲ့ထိန္းဒုံးက်ည္ ၂ စင္းထက္မနည္း ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က ေျပာပါတယ္။ ဒီတာတိုပစ္ ဒုံးက်ည္ေတြဟာ ၾသဂုတ္လ ၁၀ ရက္ ေျမာက္ကိုရီးယားက ပစ္လႊတ္ရာမွာ သုံးခဲ့တဲ့ ဒုံးက်ည္ေတြနဲ႔ ပုံစံအတူတူ ျဖစ္ႏိုင္တယ္လို႔ ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာန အရာရွိတေယာက္ကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနမွာ ေဖာ္ျပထားပါတယ္။ ဒါဟာ ဇူလိုင္ ေႏွာင္းပိုင္းကေန ခုထိ ၆ ႀကိမ္ေျမာက္ ပစ္လႊတ္ စမ္းသပ္ခဲ့တာပါ။ ဒါေၾကာင့္ ေျမာက္ကိုရီးယားအစိုးရရဲ႕ လက္နက္အစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီး ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ၾကား ေဆြးေႏြးပြဲေတြျပန္စေရး အားထုတ္မႈေတြ ရႈပ္ေထြးကုန္ပါတယ္။ အရင္အပတ္က စတင္ခဲ့တဲ့ အေမရိကန္နဲ႔ ေတာင္ကိုရီးယား ပူးတြဲစစ္ေရးေလ့က်င့္မႈကို စစ္ပြဲအတြက္ အႀကိဳဇာတ္တိုက္တာလို႔ ေျမာက္ကိုရီးယားက ေျပာရင္း ဆန႔္က်င္ေနတာပါ။ ဇြန္လ ၃၀ ရက္က အေမရိကန္ သမၼတေဒၚနယ္ထရမ့္နဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္တို႔အၾကား ေဆြးေႏြးပြဲပ်က္အၿပီးမွာ ကိုရီးယားကြၽန္းဆြယ္ န်ဴကလီးယား ျဖဳတ္သိမ္းေရး ေဆြးေႏြးပြဲေတြ ရပ္တန႔္ေနပါတယ္။
2 years Ago
Up