ဒုံးကျည်များဖြင့် ပစ်ခတ်

January 8, 2020

အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းအချို့ကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်

အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီ လုပ်ကြံခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဇန်နဝါရီ ၇ ရက်က အီရန်စစ်တပ်ဟာ အီရတ်နိုင်ငံအတွင်းရှိ အမေရိကန် စစ်အခြေစိုက်နှစ်ခုထက် မနည်းကို ဒုံးကျည်ဒါဇင်နဲ့ချီပြီး  ပစ်ခတ်ခဲ့ပါတယ်။ အဲဒီအခြေစိုက်စခန်းတွေမှာ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင်တွေ  တာဝန်ထမ်းဆောင်နေတာပါ။  ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီကို မြေမြှုပ်သင်္ဂြိုဟ်ပြီး နာရီပိုင်းအကြာမှာပဲ အီရန်က တိုက်ခိုက်ခဲ့တာဖြစ်ပြီ  ဒုံးကျည်ပစ်လွှတ်နေပုံကို အီရန် နိုင်ငံပိုင်သတင်းမှာ ဖော်ပြခဲ့ပါတယ်။ အီရတ်လေတပ်စခန်းကို ပထမဆုံး ဒုံးကျည်တွေနဲ့ ပစ်ပြီးနောက် ဒုတိယအကြိမ်မှာ အမြောက်တွေနဲ့ ပစ်ခဲ့တယ်လို့  အယ်မာယာဒင်း သတင်းဌာနက ကြေညာပါတယ်။   အခုလို အီရန်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာကြောင့် ဖြစ်ပေါ်ခဲ့တဲ့  အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုကို မသိရသေးပါဘူး။ အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေ တိုက်ခိုက်ခံရတဲ့သတင်းကို အမေရိကန်သမ္မတ ထရမ့်ထံ အကြောင်းကြားပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့  အိမ်ဖြူတေ်ာပြောခွင့်ရပုဂ္ဂိုလ် စတက်ဖန်နီဂရစ်ရှမ်က ပြောခဲ့ပါတယ်။  
2 years Ago
Up