ရုရှားရေတပ်က ပင်လယ်နက်ထဲမှာ သင်္ဘောတွေနဲ့ ဒုံးကျည်ပစ်ခတ်လေ့ကျင့်နေတဲ့ ရုပ်သံကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၅ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။
သင်္ဘောဖျက်ဒုံးကျည်တွေဖြစ်တဲ့ ခရုဇ်ဒုံးကျည် အမျိုးအစား P-270 မိုစကစ် ဒုံးကျည်တွေကို အိုင်ဗန်နိုဗက်စ်နဲ့ R-60 သင်္ဘောတွေဆီကနေ ပစ်ခတ်လေ့ကျင့်ခဲ့တာပါ။
ဒုံးကျည်တွေဟာ ရေမိုင် ၃၀ ကျော်အကွာက ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ဝန်ကြီးဌာနက ကြေညာပါတယ်။
မိုစကစ်ဒုံးကျည်တွေဟာ အသံထက်မြန်တဲ့နှုန်းနဲ့ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေပါ။
ယူကရိန်းကို ထောက်ခံတဲ့အနေနဲ့ ပင်လယ်နက်ထဲမှာ ကင်းထောက်မှုတိုးချဲ့ဖို့ စီစဉ်နေတယ်လို့ မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့ကြီး နေတိုးက ဒီသီတင်းပတ် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
ကြာသပတေးနေ့ကလည်း ဘောလ်တစ်ပင်လယ် တပ်မဟာက ရေတပ်ဟာ ကာလီနင်ဂရက်ဒေသတွင်း ဘောလ်တစ်ပင်လယ် ကမ်းရိုးတန်းမှာ ကြည်း၊ ရေ ပူးပေါင်း သင်တန်းပေးတဲ့ စစ်ရေးလေ့ကျင့်မှုတရပ် လေ့ကျင့်ခဲ့ကြပါတယ်။
4 years Ago