ဒုံးကျည်

July 26, 2019

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု တောင်ကိုရီးယားကို သတိပေးခြင်းဖြစ်

မြောက်ကိုရီးယားရဲ့ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် ပုံစံသစ်တွေ စမ်းသပ်တာဟာ တောင်ကိုရီးယားကို သတိပေးလိုက်တာပဲလို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ ကေစီအန်အေ သတင်းဌာနက ဇူလိုင် ၂၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ တောင်ကိုရီးယားအနေနဲ့ နည်းပညာမြင့်လက်နက်တွေ တင်သွင်းတာနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်တာတွေကို ရပ်ဖို့ သတိပေးလိုက်တာပါ။ ဇူလိုင် ၂၅ ရက်နေ့က မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်အသစ် နှစ်စင်းကို ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ နျူကလီးယား ဆွေးနွေးပွဲတွေ ပြန်စဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ပြီးခဲ့တဲ့လက သဘောတူပြီးနောက် ဒါဟာ  မြောက်ကိုရီးယားရဲ့ ပထမဆုံး ဒုံးကျည်စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်တာတွေ ပြုလုပ်တဲ့ တောင်ကိုရီးယား အာဏာပိုင်တွေကို ခေါင်းဆောင် ကင်ဂျုံအန်းက ဝေဖန်ခဲ့တယ်လို့လည်း ကေစီအန်အေ သတင်းဌာနက ပြောပါတယ်။ သမ္မတ ထရမ့် ဒါမှမဟုတ် အမေရိကန်နိုင်ငံကို တိုက်ရိုက် မရည်ညွှန်းခဲ့ပေမယ့် တောင်ကိုရီးယားဟာ အမေရိကန်စစ်တပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်လေ့ ရှိပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကတော့ ကုလသမဂ္ဂရဲ့ ကန့်သတ်ချက်တွေဟာ နိုင်ငံ့ကာကွယ်ရေး အခွင့်အရေးကို ထိပါးတာပဲလို့ တုံ့ပြန်ခဲ့ပါတယ်။
2 years Ago

July 16, 2019

အီတလီတွင် ရဲတပ်ဖွဲ့ စီးနင်းမှုအတွင်း ဒုံးကျည်အပါအဝင် လက်နက်အများအပြား သိမ်းဆည်းမိ

အီတလီနိုင်ငံမြောက်ပိုင်း တူရင်မြို့မှာ ဇူလိုင် ၁၅ ရက် ရဲတပ်ဖွဲ့ စီးနင်းရှာဖွေမှုအတွင်း ဝေဟင်ပစ်ဒုံးကျည် အပါအဝင် လက်နက်အများအပြား သိမ်းဆည်းရမိပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှား ကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အီတလီနိုင်ငံသားတွေကို စုံစမ်းစစ်ဆေးပြီးနောက်မှာ ရဲတပ်ဖွဲ့က အခုလို စီးနင်းခဲ့တာပါ။ စီးနင်းမှုမှာ လူ ၃ ယောက်ကို ဖမ်းဆီးပြီး တယောက်ဟာ အရင်က ပါလီမန်မှာ လက်ယာစွန်းပါတီကို ထောက်ခံဖူးသူ အကောက်ခွန်အရာရှိ ဖြစ်ပါတယ်။ အဲဒီစီးနင်းမှုမှာ ပြင်သစ်လုပ် မက်ထာ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ကို တွေ့ရှိခဲ့ပါတယ်။ တခြားလက်နက်တွေကတော့ အသံတိတ်သေနတ်နဲ့ စနိုက်ပါမှန်ပြောင်းတွေ အပါအဝင် သေနတ် ၂၆ လက်၊ လှံစွပ် အခု ၂၀ နဲ့ သေနတ်အစိတ်အပိုင်း ၃၀၆ ခုတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကျည်ဆန်မျိုးစုံ ၈၀၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
More News
Up