ဒိုင်နိုဆော

May 30, 2018

ဒိုင်နိုဆောအရုပ်စီးပြီး ယာဉ်ကြောရှင်းလင်းသည့် ထိုင်းယာဉ်ထိန်းရဲ

ထိုင်းနိုင်ငံက မူလတန်းကျောင်းတကျောင်းအနီးမှာ ဒိုင်နိုဆောအရုပ်ကိုစီးပြီး ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းတွေ လုပ်နေတဲ့ ယာဉ်ထိန်းရဲတဦးဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ ဒီအဖြစ်အပျက်ဟာ မောင်ခရိုင်၊ အနူဘန် နခွန်နာဟွတ်ခ် မူလတန်းကျောင်းပြင်ပ လမ်းမပေါ်မှာ ဖြစ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ရဲတပ်ကြပ်ကြီးတဦးဖြစ်တဲ့ တနစ်ဘူဆဘောင်ဟာ အဲဒီနေရာမှာ တာဝန်ကျနေခဲ့တာ တနှစ်လောက်ရှိနေခဲ့ပြီဖြစ်ပြီး ခုလိုပုံတွေ တက်လာခဲ့ပြီးနောက်မှာတော့ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။ ပုံတွေထဲမှာတော့ အစိမ်းရောင် ဒိုင်နိုဆောတကောင်ပေါ်မှာ ယာဉ်ထိန်းရဲအရာရှိဖြစ်တဲ့ သူက စီးလျက်သား အခြေအနေနဲ့ ယာဉ်ကြောရှင်းလင်းရေး လုပ်ငန်းတွေကို လုပ်နေခဲ့တာ တွေ့ရပါတယ်။ သူ့ပုံကိုတွေ့ရတဲ့ ကလေးတွေရော၊ မိဘတွေသာမက လမ်းသွားလမ်းလာတွေကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်။ “ကျနော်က ကလေးတွေကို ကျောင်းကိုသွားဖို့ တွန်းအားဖြစ်နိုင်ပါတယ်။ ကျနော့် အထက်အရာရှိကို ခုလိုလုပ်လို့ရမလားလို့ အရင်မေးခဲ့တာပါ။ သူက ကျနော့်စိတ်ကူးကို လက်ခံတဲ့အတွက် ခုလိုလုပ်ဖြစ်တာပါ။” တင်နီနခွန်နယော့ခ် အမည်နဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်ကတဆင့် သူ့ရဲ့ပုံတွေကို မျှဝေခဲ့ပြီးနောက်မှာ ရေပန်းစားလာခဲ့ပါတယ်။ “ကျနော် ထပ်လုပ်ပါဦးမယ်။ လာမယ့် ကြာသပတေးနေ့မှာ ထပ်ဆုံပါမယ်။ ဗုဒ္ဓဟူးနေ့ကတော့ ကျနော့်နားရက်ပါ။ ကျနော်နဲ့ ဆယ်လ်ဖီလာရိုက်ကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့်အလုပ်ကို ကျနော် မြတ်နိုးပါတယ်” လို့ သူက ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် ရေးသားထားပါတယ်။
3 years Ago

April 13, 2018

နှစ်သန်း ၁၄၀ သက်တမ်းရှိ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း ယူရိုသန်းချီ လေလံအောင်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှ ဘစ်နိုခ်ျ-ရီကေလိုလေလံရုံမှာ နှစ်ပေါင်းသန်း ၁၄၀ သက်တမ်းရှိတဲ့ ဒိုင်နိုင်ဆောကျောက်ဖြစ်ရုပ်ကြွင်းနှစ်ခုကို လေလံတင်ရောင်းချခဲ့ရာမှာ တခုကို ယူရို ၁ သန်းကျော်နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ အယ်လိုဆောရက် ဒိုင်နိုဆောပေါက်တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကတော့ အရှည် ၃.၈  မီတာရှိပြီး သူ့ရဲ့သက်တမ်းက နှစ်သန်းပေါင်း ၁၄၀ ရှိပါတယ်။ နောက်ထပ်တခုဖြစ်တဲ့ ဒစ်ပလိုဒိုကတ် ဒိုနိုဆောရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကတော့ အရှည် ၁၂ မီတာရှိကာ ယူရို ၁.၁၈ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ “အခုပြထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းနှစ်ခုမှာ အယ်လိုဆောရက် ဒိုင်နိုဆောပေါက်ဟာ ယူရို ၁.၁၅ သန်းအထိ ဈေးပေါက်ခဲ့ပြီး ဒစ်ပလိုဒိုကတ် ဒိုင်နိုဆောအကြီးကတော့ ယူရို ၁.၁၈ သန်းနဲ့ ရောင်းချသွားမှာပါ” လို့ လေလံရောင်းချသူ အလက်ဇန္ဒရီ ရိကေလိုက ပြောပါတယ်။ “သိပ်ကို ရှားပါးတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေပါ။ ဒီလိုမျိုးစိတ်သစ်တွေအတွက် စိတ်အားတက်ကြွစရာပါပဲ။ ကျောက်ဖြစ်ရုပ်ကြွင်းတွေက သိပ်ပြီး ရှားပါးတာတော့ မဟုတ်ပါဘူး။ ရှားတာကတော့ ပုံစံပါ။ ပြန်လည်ပုံဖော်တဲ့ အလုပ်ကတော့ လေးစားလောက်စရာပါ။ ဥပမာ ဒီပုံစံဖြစ်လာဖို့ လူသုံးယောက်ဟာ ၆ လလောက် အချိန်ပြည့်အလုပ်လုပ်ပြီး ပုံဖော်ရပါတယ်။ လိုနေတဲ့ အစိတ်အပိုင်းတွေကို ပြန်ရှာတပ်ရပါတယ်။ စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ စိတ်ကျေနပ်လောက်စရာပါ။”
3 years Ago
Up