ဒိုင်လူကြီးဆု ရရှိ

September 24, 2017

ဒေါ်သိန်းသိန်းအေး အာဆီယံ တနှစ်တာ အကောင်းဆုံးဒိုင်လူကြီးဆု ရရှိ

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ပြုလုပ်သွားတဲ့ ၂၀၁၆ ခုနှစ် အာဆီယံ တစ်နှစ်တာ အကောင်းဆုံးဆုတွေ ပေးအပ်ပွဲမှာ အကောင်းဆုံး အမျိုးသမီး ဒိုင်လူကြီးဆုကို မြန်မာနိုင်ငံက  ဒေါ်သိန်းသိန်းအေးက ရရှိသွားပါတယ်။ ဒေါ်သိန်းသိန်းအေးဟာ ၂၀၁၆ ခုနှစ် ယူ-၂၀ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီး ဒိုင်လူကြီးလည်း ဖြစ်ပါတယ်။
4 years Ago
Up