ဒိုင်လူကြီးဆုံးဖြတ်ချက်များကို မော်ရင်ဟို ဝေဖန်

A d v e r t i s e m e n t With Us

September 19, 2016

ဒိုင်လူကြီးဆုံးဖြတ်ချက်များကို မော်ရင်ဟို ဝေဖန်

ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး မန်ယူနည်းပြ မော်ရင်ဟိုက ဝေဖန်ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ ပြိုင်ပွဲအရပ်ရပ် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး မန်ယူအသင်းရဲ့ ရှုံးပွဲတွေမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်မှုမရှိဘူးလို့ မော်ရင်ဟိုက ဆိုပါတယ်။ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ရွန်နီကို မန်စီးတီးဂိုးသမား ဘရာဗို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့ပေမယ့် ပင်နယ်တီအဖြစ် သတ်မှတ်ပေးခြင်း မရှိခဲ့သလို ဖီယင်နုနဲ့ပွဲမှာလည်း လူကျွံဘောကနေ အနိုင်ဂိုးပေးလိုက်ရတာ ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ဒါ့အပြင် ၀တ်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း မာရှယ်ကို ပြစ်ဒဏ်ဘောကျူးလွန်ပြီး ဂိုးသွင်းယူခဲ့တာဖြစ်ပေမယ့် ဒိုင်လူကြီးက ဂိုးအဖြစ် သတ်မှတ်ပေးခဲ့တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ ဒီလို ဒိုင်လူကြီးရဲ့ အမှားတွေကို မိမိအနေနဲ့ ဘာမှလုပ်လို့မရတဲ့အကြောင်းနဲ့ မန်ယူအသင်းဟာ ဒိုင်လူကြီးတွေရဲ့ အမှားတွေကနေ အပြစ်ပေးခံနေရတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက် ရှုံးခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ၆ မှတ်အထိ ကွာဟသွားပြီး အမှတ်ပေးဇယားအဆင့် ၇ အထိ ကျဆင်းခဲ့ပါတယ်။
4 years Ago
Up