ဒိုင်လူကြီးကို ဝေဖန်ခဲ့သည့် အာစင်ဝင်းဂါးကို အက်ဖ်အေ အရေးယူမည်

January 3, 2018

ဒိုင်လူကြီးကို ဝေဖန်ခဲ့သည့် အာစင်ဝင်းဂါးကို အက်ဖ်အေ အရေးယူမည်

ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပယ်နယ်တီပေးတာနဲ့ပတ်သက်ပြီး ဒိုင်လူကြီးကို ဝေဖန်ခဲ့တဲ့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို အက်ဖ်အေက အရေးယူမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ ဝက်စ်ဘရွန်းတို့ တဂိုးစီသရေကျတဲ့ပွဲမှာ အာဆင်နယ်က ပွဲပြီးခါနီးအထိ အနိုင်ရနေပေမယ့် ဒိုင်လူကြီးက ပယ်နယ်တီပေးခဲ့တာကြောင့် အာစင်ဝင်းဂါးဟာ ပွဲအပြီးမှာ ဒိုင်လူကြီးနားနေခန်းအထိ သွားရောက်ဝေဖန် ပြစ်တင်ခဲ့တာပါ။ ဒိုင်လူကြီးမိုက်ဒိန်းအနေနဲ့ သူလိုချင်တဲ့ရလဒ်အတိုင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အာစင်ဝင်းဂါးက ဝေဖန်ခဲ့ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်နောက်ခံလူ ချန်ဘာဟာ ဝက်စ်ဘရွန်းနောက်ခံလူ ကီရန်ဂစ်ဘ်နဲ့ ဘောလုံးယှဉ်အလု လက်ထိဘောဖြစ်ခဲ့တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီပေးခဲ့တာပါ။ နည်းပြ အာစင်ဝင်းဂါးအနေနဲ့ သူ့ရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၄ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းချက်ပေးရမှာဖြစ်ပြီး ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံရဖို့ ရှိပါတယ်။ အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက ဘန်လေကိုအနိုင်ရတဲ့ ပွဲမှာလည်း ဒိုင်လူကြီးတေလာကို ဝေဖန်ခဲ့လို့ ၄ ပွဲပယ်နဲ့ ပေါင်နှစ်သောင်းငါးထောင် ဒဏ်ရိုက်ခံခဲ့ရဖူးပါတယ်။
3 years Ago
Up