ဒိုင်လူကြီးကို မှတ်ချက်ပေးခဲ့သည့် မန်ယူနည်းပြ မော်ရင်ဟို အရေးယူခံရတော့မည်

A d v e r t i s e m e n t With Us

October 29, 2016

ဒိုင်လူကြီးကို မှတ်ချက်ပေးခဲ့သည့် မန်ယူနည်းပြ မော်ရင်ဟို အရေးယူခံရတော့မည်

ဒိုင်လူကြီးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့ မန်ယူနည်းပြမော်ရင်ဟိုဟာ အင်္ဂလန်အက်ဖ်အေရဲ့ အရေးယူ ခံရတော့မှာဖြစ်ပါတယ်။ မန်ယူနဲ့လီဗာပူးအသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ အဲဒီပွဲကို ကိုင်တွယ်မယ့် ဒိုင်လူကြီး အန်ထော်နီတေလာဟာ ဆုံးဖြတ်ချက်ချမှတ်ရမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ခက်ခဲနိုင်တယ်လို့ မော်ရင်ဟိုကပြောဆိုလိုက်တာပါ။ မန်ယူနဲ့လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ကိုင်တွယ်မယ့် ဒိုင်လူကြီးအန်ထော်နီတေလာဟာ မန်ချက်စတာမြို့နဲ့ မိုင် အနည်းငယ်အကွာမှာ နေထိုင်တဲ့သူဖြစ်လို့ မန်ယူအသင်းအပေါ် ဘက်လိုက်မှုရှိနိုင်တယ်လို့ လီဗာပူး ပရိသတ်တွေက ဝေဖန်ခဲ့တာကြောင့် ဒိုင်လူကြီးတေလာအနေနဲ့ ဖိအားတွေနဲ့ရင်ဆိုင်ရနိုင်ပြီး ဆုံးဖြတ် ချက်မှန်ကန်ဖို့ ခက်ခဲနိုင်တယ်လို့ မော်ရင်ဟိုက ပြောကြား လိုက်တာဖြစ်ပါ တယ်။ မော်ရင်ဟိုအနေနဲ့ အောက်တိုဘာ ၃၁ ရက်နေ့နောက်ဆုံးထားပြီး အင်္ဂလန်အက်ဖ်အေကို ဖြေရှင်းချက်ပေးရမှာဖြစ်ပြီး ဒဏ်ငွေချမှတ်ခံရဖို့ရှိနေပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ်က ချဲလ်ဆီးအသင်မှာရှိစဉ်ကလည်း ဒိုင် လူကြီးနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့လို့ တစ်ပွဲပယ်ပြစ်ဒဏ်အပါအ၀င် ပြစ်ဒဏ်နှစ်ခုအတွက် ပေါင် ကိုးသောင်းဒဏ်ငွေချမှတ်ခံခဲ့ရဖူးပါတယ်။
4 years Ago
Up