ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ သြဂုတ် ၁၃ ရက်နေ့က ဘာစီလိုနာကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်တဲ့ စပိန်စူပါဖလား ပထမအကျော့ပွဲစဉ်မှာ အထုတ်ခံရပြီးနောက် ဒိုင်လူကြီးကို တွန်းခဲ့တာကြောင့် ၅ ပွဲ ပယ်ခံထားရပါတယ်။
ဒီပွဲစဉ်မှာ ရော်နယ်ဒိုဟာ ၂ ဝါ ၁ နီနဲ့ အထုတ်ခံရလို့ တပွဲပယ်ခံရာကနေ ဒိုင်လူကြီးကို တွန်းခဲ့မှုအတွက် နောက် ၄ ပွဲထပ်ပြီး ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။
"အနီကတ်ပြလိုက်ချိန်မှာ ကစားသမား ရော်နယ်ဒိုက စိတ်ပျက်တဲ့အနေနဲ့ ကျနော့်ကို ဖြည်းဖြည်းတွန်းလိုက်တာဖြစ်တယ်" လို့ ဒိုင်လူကြီး ရီကာဒိုက ပြောပါတယ်။
ဒါကြောင့် လာမယ့် သြဂုတ် ၁၆ ရက်နေ့ ဘာစီလိုနာနဲ့ကန်မယ့် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်ခွင့်မရတော့သလို ဒီပို့တီဗို၊ ဗလန်စီယာ၊ လီဗန်တေးနဲ့ ရီးရဲလ်ဆိုစီဒက် အသင်းတွေနဲ့ ကန်မယ့် လာလီဂါပွဲစဉ်တွေကိုလည်း လွဲချော်မှာဖြစ်ပါတယ်။
စီရော်နယ်ဒိုအတွက်တော့ ဒါဟာ ကစားသမားသက်တမ်းမှာ ၁၀ ကြိမ်မြောက် အနီကတ် ပြခံခဲ့ရတာ ဖြစ်ပါတယ်။
5 years Ago