ဒိုင်လူကြီး

May 15, 2019

VAR အဆုံးအဖြတ်ပေးရန် ဒိုင်လူကြီးကို စောဒကတက်ပါက အဝါကတ် ပြသခံရမည်

ပရီးမီးယားလိဂ် မန်နေဂျာတွေနဲ့ ကစားသမားတွေဟာ VAR အဆုံးအဖြတ်ပေးဖို့ လက်ဟန်အမူအယာနဲ့ ဒိုင်လူကြီးကို စောဒကတက်ခဲ့မယ်ဆိုရင် အဝါကတ် ပြသခံရတော့မယ်လို့ သိရပါတယ်။ VAR စနစ်ဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ စတင်ကျင့်သုံးမှာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ မကြာခဏဆိုသလို ဒိုင်လူကြီးအပေါ် ဖိအားပေးမှုတွေကို မြင်တွေ့ရတာကြောင့် အခုလို စည်းကမ်းထပ်တိုးလိုက်တာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ VAR စနစ်ကို တွင်တွင်ကျယ်ကျယ် စတင်အသုံးပြုနိုင်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာကတည်းက အငြင်းပွားဖွယ် ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စည်းကမ်းတွေ ထပ်ဖြည့်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ VAR စနစ်အရ အဆင့် ၆ ဆင့်နဲ့ ကွင်းလယ်ဒိုင်က အရေးယူ ဆုံးဖြတ်ချက်ချသွားမှာ ဖြစ်ပြီး ကွင်းအတွင်း အငြင်းပွားဖွယ် ဖြစ်ရပ်တွေ၊ ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို လျှော့ချနိုင်ဖို့ ကျင့်သုံးမှာလည်း ဖြစ်ပါတယ်။
2 years Ago

June 13, 2018

ရုရှား-ဆော်ဒီ ကမ္ဘာ့ဖလားအဖွင့်ပွဲကို အာဂျင်တီးနားဒိုင် ကိုင်တွယ်မည်

အိမ်ရှင် ရုရှားနဲ့ ဆော်ဒီအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် အာဂျင်တီးနားနိုင်ငံသား နက်စ်တာ ပီတာနာက တာဝန်ယူမယ်လို့ ဖီဖာက ပြောဆိုထားပါတယ်။ အဖွင့်ပွဲစဉ်ကို ဇွန် ၁၄ ရက်နေ့ မော်စကိုမှာရှိတဲ့ လုဇ်နီကီ ဘောလုံးကွင်းမှာ ယှဉ်ပြိုင်သွားမှာပါ။ အဖွင့်ပွဲကို တာဝန်ယူမယ့် ကွင်းလယ်ဒိုင် နက်စ်တာ ပီတာနာဟာ ဒိုင်လုပ်သက် ၈ နှစ် အတွေ့အကြုံရှိပြီး ၂၀၁၄ ကမ္ဘာ့ဖလားမှာလည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ အကူဒိုင်တွေအဖြစ် ဘရာဇီးက ဒိုင် ၃ ယောက် တာဝန်ယူမှာပါ။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ VAR လို့ခေါ်တဲ့ ဗွီဒီယိုနည်းပညာ အထောက်အကူ ဒိုင်အဖွဲ့ကို ပထမဆုံး အသုံးပြုသွားမှာပါ။ အဲဒီအဖွဲ့မှာ အာဂျင်တီးနား၊ ချီလီနဲ့ အီတလီနိုင်ငံတို့က ဒိုင် ၄ ယောက် ပါဝင်မှာ ဖြစ်ပါတယ်။
3 years Ago
Up