ဒိုင်ယာနာ၏ ဖက်ရှင်ပြခန်း ဖွင့်လှစ်ရန် ပြင်ဆင်

February 24, 2017

ဒိုင်ယာနာ၏ ဖက်ရှင်ပြခန်း ဖွင့်လှစ်ရန် ပြင်ဆင် (ရုပ်သံ)

ကွယ်လွန်သွားပြီဖြစ်တဲ့ ဝေလမင်းသမီး ဒိုင်ယာနာရဲ့ ဖက်ရှင်ပြခန်းကို ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်ရှိ ကန်စီတန်နန်းတော်မှာ ဖွင့်လှစ်ဖို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြင်ဆင်နေပါတယ်။ အဲဒီပြခန်းမှာ မင်းသမီး ဒိုင်ယာနာ သက်ရှိထင်ရှားရှိစဉ်က ဝတ်ဆင်ခဲ့တဲ့ အထူးခြားဆုံး ဖက်ရှင်ဝတ်စုံ ၂၅ စုံကို ပြသမယ်လို့ သိရပါတယ်။ ငယ်ရွယ်နုပျိုတဲ့ ဒိုင်ယာနာဟာ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့လက်ထပ်ပြီး ဝေလမင်းသမီးအဖြစ် လူထုရှေ့ ထွက်ပေါ်လာကတည်းက သူ့ရဲ့ ထူးခြားတဲ့အရပ်၊ ခန္ဓာကိုယ်အချိုးအဆစ်နဲ့ ဖက်ရှင်အဝတ်အစားကြောင့် တကမ္ဘာလုံးက ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိခဲ့ပါတယ်။ အဲဒီဝတ်စုံတွေထဲမှာ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား ဂျွန်ထရာဗိုလ်တာနဲ့ တွဲကစဉ်က ဝတ်ခဲ့တဲ့ အနက်ရောင်ဂါဝန်ရှည်ကြီးနဲ့အတူ ကမ္ဘာတလွှားရှိ တော်ဝင်မိသားစုတွေနဲ့ လူသိများ ထင်ရှားသူတွေရဲ့ စေ့စပ်ပွဲတွေမှာ ဒိုင်ယာနာဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဝတ်စုံတွေကနေ ဂုဏ်သိက္ခာရှိတဲ့ သံခင်းတမန်ခင်း ဧည့်ခံပွဲတွေမှာ ဘယ်လို ဝတ်စားဆင်ယင်ရမလဲဆိုတာကို နားလည်တဲ့ မင်းသမီး ဒိုင်ယာနာရဲ့ သိနားလည်မှုကို  ပြသနေတယ်လို့ ပြခန်းပူးတွဲစီစဉ်သူ လစ်ဘီသွမ်ဆင်က ရိုက်တာသတင်းထောက်ကို ပြောပြသွားပါတယ်။
4 years Ago
Up