နိုဝင်ဘာ ၄ ရက်က ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု ဂျီ ပွဲစဉ်တွေမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းက ယူကရိန်းကလပ် ဒိုင်နမိုကိယက်ဗ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
စတန်းဖို့ဒ်ဘရစ်မှာ ကစားတဲ့ ဒီပွဲ ပထမပိုင်း ၃၄ မိနစ်မှာ အလက်ဇန္ဒား ဒရာကိုဗစ်က ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အတွက် ချဲလ်ဆီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ပါတယ်။
ဒါပေမယ့်လည်း ဒုတိယပိုင်း ၇၇ မိနစ်မှာ ဒရာကိုဗစ်က ဒိုင်နမိုကိယက်ဗ်အတွက် ချေပဂိုး ပြန်လည်သွင်းယူသွားတဲ့အတွက် ၁ ဂိုးစီ သရေကျသွားပါတယ်။
ဒီနောက် ဒုတိယပိုင်း ၈၃ မိနစ်မှာတော့ ၀ီလီယံက ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုး သွင်းယူသွားခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
ဒီအနိုင်ကြောင့် နည်းပြမော်ရင်ဟို ရင်ဆိုင်နေရတဲ့ ဖိအားတချို့ သက်သာရာ ရသွားခဲ့ပါတယ်။
ချဲလ်ဆီးပရိသတ်တွေ အပါအ၀င် မိသားစုဝင်တွေကလည်း ဖိအားတွေ ရင်ဆိုင်နေရတဲ့ မော်ရင်ဟိုကို ထောက်ခံခဲ့ပါတယ်။
အောက်တိုဘာ ၄ ရက်ညကပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စု ဂျီ အခြားပွဲစဉ်မှာတော့ ပေါ်တူဂီကလပ် ပေါ်တိုက အစ္စရေးကလပ် မက္ကာဘီ တဲလ်အဗစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အုပ်စု ဂျီမှာ ၄ ပွဲစီ ကစားပြီးချိန် ပေါ်တိုအသင်းက ၁၀ မှတ်နဲ့ ပထမ၊ ချဲလ်ဆီးအသင်းက ၇ မှတ်နဲ့ ဒုတိယ၊ ဒိုင်နမိုကိယက်ဗ်က ၅ မှတ်နဲ့ တတိယ၊ မက္ကာဘီ တဲလ်အဗစ်က အမှတ်မရသေးဘဲ အုပ်စုနောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
5 years Ago