ဒုသမ္မတ ကာမလာဟဲရစ်

A d v e r t i s e m e n t With Us

January 4, 2021

သမ္မတထရမ့် အာဏာအလွဲသုံးစားလုပ်နေဟု ရွေးကောက်ခံဒုသမ္မတ ဝေဖန်

အမေရိကန် ရွေးကောက်ခံ ဒုသမ္မတ ကာမလာဟဲရစ်က သမ္မတဒေါ်နယ်ထရမ့်ဟာ အာဏာအလွဲသုံးစားလုပ်နေတယ်လို့ ဇန်နဝါရီ ၃ ရက်မှာ ပြောဆိုသုံးနှုန်းလိုက်ပါတယ်။ ဇန်နဝါရီ ၅ ရက်မှာ ဂျော်ဂျီယာပြည်နယ် လွှတ်တော်မခေါ်ခင် ရက်ပိုင်းအလို ထောက်ခံသူတွေနဲ့ ချီတက်ပွဲအတွင်း ခုလို ပြောလိုက်တာပါ။ ဒီမိုကရက် ရွေးကောက်ခံ သမ္မတဂျိုးဘိုင်ဒန် အနိုင်ရတဲ့ ဂျော်ဂျီယာပြည်နယ်မှာ မဲရလဒ်ကို ပြန်ပြောင်းနိုင်ရေး လိုအပ်တဲ့ မဲတွေကိုရှာဖို့ ထရမ့်က ဂျော်ဂျီယာပြည်နယ်ရဲ့ ရီပတ်ဗလစ်ကင် ပါတီဝင် ပြည်နယ်အတွင်းရေးမှူး ဘရဒ်ရာဖန်စပါဂျာကို နားပူနားဆာလုပ် ပြောဆိုနေတဲ့ ဖုန်းသံကို ဝါရှင်တန်ပို့စ်သတင်းဌာနက ဖြန့်ချိခဲ့တာပါ။ အဲဒီလို ဖြန့်ချိပြီးတဲ့နောက် ဟဲရစ်က ဂျော်ဂျီယာ ခရီးစဉ်ကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟဲရစ်က “ထရမ့်ရဲ့ စကားတွေဟာ ကြံရာမရဖြစ်နေတဲ့ အသံပဲ၊ မျက်နှာပြောင်တိုက်တယ်။ အာဏာအလွဲသုံးစား လုပ်ရပ်ပဲ” လို့  ပြောပါတယ်။ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲပြီးကတည်းက ရာဖန်စပါဂျာဟာ ဘိုင်ဒန် အနိုင်ရတာ သေချာစေရေး၊ တရားမဝင်မဲ ထောင်သောင်းချီကို ဝှက်ထားပေးခဲ့တယ်ဆိုတဲ့ စွဲချက်အပါအဝင် ထရမ့်ဟာ တရစပ် တိုက်ခိုက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ ဂျော်ဂျီယာပြည်နယ် အထက်လွှတ်တော်အမတ် ၂ ယောက်ကလည်း ရာဖန်စပါဂျာ ရာထူးက နုတ်ထွက်ဖို့ ဆော်သြကြပါတယ်။
2 months Ago
Up