ဒုသမ္မတလောင်း ၂ ဦး

October 8, 2020

အမေရိကန်ဒုသမ္မတလောင်း ၂ ဦး၏ စကားစစ်ထိုးပွဲ ချီးကျူးခံရ

အမေရိကန်ဒုသမ္မတလောင်း နှစ်ယောက်ရဲ့ စကားစစ်ထိုးပွဲကို  အောက်တိုဘာ ၇ ရက် ညက ဆော့လိတ်စီးတီးမြို့ရှိ ယူတားတက္ကသိုလ်မှာ  ပြုလုပ်ခဲ့ပါတယ်။  ဒုသမ္မတ မိုက်ပန့်စ်နဲ့ ဒီမိုကရက်ဒုသမ္မတလောင်း ကမ်မရာဟဲရစ်တို့ဟာ ကပ်ရောဂါ၊ အခွန်၊  ရာသီဥတု ပြောင်းလဲမှုနဲ့ လူမျိုးရေးပြသနာအပါအဝင် ကဏ္ဍတချို့မှာ ဆွေးနွေးငြင်းခုံခဲ့ပါတယ်။ ပေါ်လစီပိုင်းအများအပြားပါတဲ့ ဒီစကားစစ်ထိုးပွဲဟာ ပြီးခဲ့တဲ့ သမ္မတလောင်း နှစ်ဦးတို့ရဲ့  ကသောင်းကနင်း စကားစစ်ထိုးပွဲနဲ့ တခြားစီဖြစ်သလို ကြည့်ရှုသူပရိသတ်တွေရဲ့ ချီးကျူးမှုကို လည်း ရခဲ့ပါတယ်။  စကားစစ်ထိုးပွဲမှာ ဒီမိုကရက်ဒုသမ္မတလောင်း ဟဲရစ်က ထရမ့်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်မှုဟာ သမိုင်းမှာ အကြီးမားဆုံး ရှုံးနိမ့်မှုကြီးဖြစ်တယ်လို့ ထိုးနှက်ခဲ့ပါတယ်။ မိုက်ပန့်စ်ကတော့ ရဲတပ်ဖွဲ့အကြား စနစ်တကျလူမျိုးရေးခွဲခြားမှု ရှိတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေကို ပယ်ချလိုက်ပြီး သမ္မတ ထရမ့်ဟာ အမေရိကန်နိုင်ငံသားအားလုံးကို လေးစားတန်ဖိုး ထားပါတယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒုသမ္မတ မိုက်ပန့်စ်နဲ့ ဒီမိုကရက်ဒုသမ္မတလောင်း ဟဲရစ်တို့ရဲ့ စကားစစ်ထိုးပွဲဟာ အစောပိုင်းမှာ တိုက်ခိုက်ထိုးနှက်တာတွေ ရှိပေမယ့် အဆုံးမှာတော့ ပါတီနှစ်ခုပါဝင်တာကို အသိမှတ်ပြုမှု၊ ယဉ်ကျေးသိမ်မွေ့မှုတို့နဲ့ ပြီးဆုံးခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  
7 months Ago
Up