ဒုသမ္မတ

November 13, 2020

ရွေးကောက်ခံ အမေရိကန်သမ္မတနှင့် ဒုသမ္မတတို့ကို  တရုတ်အစိုးရ ဂုဏ်ပြု

ရွေးကောက်ခံ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဒုသမ္မတ  ကမ်မလာဟဲရစ်တို့ကို ဂုဏ်ပြုပါတယ်လို့ တရုတ်အစိုးရက နိုဝင်ဘာလ ၁၃ ရက်မှာ ပြောပါတယ်။  "တရုတ်အစိုးရအနေနဲ့ အမေရိကန် ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။ မစ္စတာ ဘိုင်ဒင်နဲ့ မစ္စဟဲရစ်ကို ဂုဏ်ပြုပါတယ်" လို့  တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဝမ်ဝင်ဘင်က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန် ရွေးကောက်ပွဲ ရလဒ်ကို အမေရိကန်ဥပဒေ ၊ လုပ်ထုံးလုပ်နည်းအတိုင်း ဆုံးဖြတ်သွားမယ်ဆိုတာ နားလည်တယ်လို့လည်း  မစ္စတာ ဝမ်ဝင်ဘင်က ထပ်လောင်း ပြောပါတယ်။  
1 year Ago

November 9, 2020

အမေရိကန် ဒုသမ္မတ၏ ဘိုးဘေးများနေသည့် အိန္ဒိယ ရွာလေးတွင် ရွေးကောက်ပွဲ အောင်ပွဲခံ

အမေရိကန် ရွေးကောက်ပွဲ အောင်ပွဲကို အမေရိကမှာပဲ အောင်ပွဲခံတာ မဟုတ်ဘဲ ရွေးကောက်ခံ ဒုသမ္မတ ကမ်မလာဟဲရစ်ရဲ့ ဘိုးဘေးတွေနေထိုင်ရာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက ရွာလေးမှာလည်း ကျင်းပခဲ့ပါတယ်။  အာရှနွယ် အမေရိကန်သူ ဟဲရစ်ဟာ ပထမဆုံး အမေရိကန် ဒုသမ္မတရာထူးကို ရရှိခဲ့တဲ့အတွက် ဥတာပရာဒေ့ရှ်ပြည်နယ် တူလာဆန်ဒရာပူရမ်ရွာလေးမှာ ဂုဏ်ပြု အခမ်းအနား လုပ်ကြတာပါ။  ဟဲရစ် အခုလို အောင်ပွဲခံတာကို အလွန်ဂုဏ်ယူတယ်လို့ အဲဒီရွာသား ရက်ချ်ရှီဗန်က ပြောပါတယ်။  အဲဒီရွာလေးဟာ ချင်းနိုင်မြို့တောင်ပိုင်း မိုင် ၂၀၀ အကွာမှာ ရှိပြီး ဟဲရစ်ရဲ့ မိခင်ဘက်က အဘိုးဟာ အဲဒီရွာမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။  ရွေးကောက်ခံ အမေရိကန် ဒုသမ္မတ ဟဲရစ်ဟာ အမေရိကန်ကို ရွှေ့ပြောင်းလာတဲ့ ဖခင် ဂျမေကာနိုင်ငံသားနဲ့ မိခင် အိန္ဒိယနိုင်ငံသူတို့က မွေးဖွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
More News
Up