ဒုဝန်ကြီး

October 16, 2018

ဒုဝန်ကြီး ၃ ဦးနှင့် နေပြည်တော်ကောင်စီဝင် ၁ ဦး ခန့်အပ်

ပြည်ထောင်စု ဒုတိယဝန်ကြီး ၃ ဦးနဲ့ နေပြည်တော်ကောင်စီဝင် ၁ ဦးတို့ကို နိုင်ငံတော်သမ္မတက အောက်တိုဘာ ၁၅ ရက်နေ့မှာ အသစ်ခန့်အပ် တာဝန်ပေးအပ်လိုက်ပါတယ်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဒုတိယဝန်ကြီးအဖြစ် ဦးကြည်မင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာရဲမြင့်ဆွေနဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးလှမော်ဦးတို့ကို အသီးသီး ခန့်အပ်တာဝန်ပေးအပ်လိုက်တာပါ။ ဒါ့အပြင် နေပြည်တော်ကောင်စီဝင်အဖြစ် ဦးညီထွန်းကို ခန့်အပ်တာဝန်ပေးတဲ့ အကြောင်းလည်း နိုင်ငံတော်တော်သမ္မတရုံးက အောက်တိုဘာ ၁၅ ရက်နေ့စွဲနဲ့ အမိန့်စာ ထုတ်ပြန်ထားပါတယ်။
3 years Ago

May 29, 2018

ပြည်ထဲရေး ဒုဝန်ကြီး ပြောင်းလဲခန့်အပ်

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးရဲ့ နေရာမှာ ဗိုလ်ချုပ်အောင်သူကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကို စစ်ဘက်မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်စေဖို့ သမ္မတ ဦးဝင်းမြင့်က အမိန့်စာထုတ်ပြန်လိုက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်အောင်သူကို ဒုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်းလည်း သမ္မတက သီးခြားအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အသစ်ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်အောင်သူဟာ စစ်ဦးစီးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဗိုလ်ချုပ်အောင်စိုးကတော့ ဒုဝန်ကြီးမဖြစ်ခင်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်စိုးကို ဒုဗိုလ်ချုပ်ကြီး ရာထူးနဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် တပ်မတော်က ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
3 years Ago
Up